ဘဝမှာ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။ ကောင်းတဲ့သူက ကိုယ့်ကို ပျော်ရွှင်စေမယ်။ 
မကောင်းတဲ့သူက ကိုယ့်ကို အတွေ့အကြုံရစေမယ်။

 အကောင်းဆုံးလူက ကိုယ့်ကို အမှတ်တရလေးတွေ ဖန်တီးပေးနိုင်သလို အဆိုးဆုံးလူကတော့ ဘဝသင်ခန်းစာတွေ ပေးမှာပေါ့။ 
တစ်ခါတလေမှာ အယုံကြည်ဆုံးလူက နောက်ကျောကို ဓားနဲ့ထိုးတာမျိုးကို ခံရတတ်သလို ကိုယ့်ကို သဘောကျလိမ့်မယ်လို့ တွေးကို မတွေးထားမိတဲ့သူဆီက ချစ်ခြင်းမေတ္တာကို လက်ခံရတာမျိုးလည်း ရှိတတ်ပါတယ်။ 
ကိုယ် ပြုံးပျော်ရွှင်စေဖို့အတွက် တချို့က ကိုယ်လုပ်မိတဲ့အမှားကိုတောင် လျစ်လျူရှုပေးချိန်မှာ တချို့ကတော့ ကိုယ်လုပ်တောင် မလုပ်ခဲ့တဲ့အရာတွေအတွက် ကိုယ့်ကို ငိုကြွေးစေတတ်ပါတယ်။ 

တချို့က ကိုယ်အလိုအပ်ဆုံးအချိန်မှာ ထားပစ်ခဲ့ကြတတ်ပေမယ့် တချို့ကတော့ ထွက်သွားဖို့ အတင်းနှင်ထုတ်နေရင်တောင် ကိုယ့်အနားမှာပဲ ဆက်နေဖို့ ရွေးချယ်တတ်ကြပါတယ်။ 

ကမ္ဘာကြီးမှာ လူပေါင်းစုံရှိတာမို့ ဘယ်လက်ကိုတော့ လက်ဆွဲနှုတ်ဆက်လိုက်ရမယ်။ 

ဘယ်လက်ကိုတော့ ဆက်လက်တွဲထားရမယ်ဆိုတာ ခွဲခြားတတ်ဖို့လိုပါတယ်။ 

ဒါဟာ ဘဝပါပဲ။ စွန့်လွှတ်တတ်ဖို့လည်း သင်ယူနိုင်ရမယ်။ 

ဆွဲထားတတ်ဖို့လည်း သင်ယူတတ်ရမယ်လေ။ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေကသာ ကိုယ် တိတ်ဆိတ်ပြီး ဘာအသံမှ မထွက်ရင်တောင် စိတ်ထဲကအော်ဟစ်နေမိတဲ့ အကူအညီတောင်းသံကို ကြားနိုင်တာမလား…။

ဘယ်သူက ကိုယ့်ကို တကယ်ဂရုစိုက်တဲ့သူလဲဆိုတာ ခွဲခြားတတ်ပြီလား…။

#crd - #KKM