ဘဝမှာ တစ်ယောက်ယောက်ကြောင့်   
နာကျင်မှုတွေ ကြုံခဲ့ရင်
ကိုယ်ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲလို့  
သဘောထားလိုက်ပါ။

ကိုယ် ပါသွားလို့
ပြန်ယူမယ်ဆိုတဲ့ စိတ်မျိုးမမွေးပါနဲ့
သံသရာတွေ ထပ်ရှည်တတ်လို့ပါ။

ကိုယ်ခံလိုက်ရပြီလို့ သိလိုက်တဲ့ အချိန်မှာ 
အကြွေး တစ်ခု ဆပ်ခွင့်ရလိုက်တာပဲလို့
ဖြေကြည့်လိုက်ပါ။
ကိုယ် ခံစားရသလို ပြန် ခံစားစေရမယ် ဆိုတဲ့ 
စိတ်မျိုးတော့ မဖြစ်ပါစေနဲ့ 
အတုံ့အလှည့်တွေက ထပ်လာနေအုံးမှာပဲလေ။

ကိုယ့်မှာခံစားရတဲ့ ဒုက္ခတွေက 
ကြီးလွန်းတဲ့ အခါ 
ဝဋ်ကြွေးတွေ ဆပ်နေရတာပဲ လို့ သဘာထားပါ
အတိုး မများခင်ဆပ်ရတာ 
ကောင်းတယ်လို့ ကျေနပ်လိုက်ပါ။

ကိုယ်ဒုက္ခကြီးသလို  
သူတို့တွေလည်း ကြီးပါစေ ဆိုတာမျိုးနဲ့တော့ 
မတုန့်ပြန်ပါနဲ့ဒုက္ခကြီးတွေ ထပ်တိုးနေဦးမယ်။

တကယ်တမ်းတော့ သတ္တဝါတွေမှာ
❝ ကံသာ ❞ အားကိုးရှိတာပါ။
ကိုယ့် သံသရာ ကောင်းဖို့

ကိုယ်ပဲလုပ်ရ မှာလေ။
ကိုယ့်သံသရာ ပြတ်ဖို့လဲ ကိုယ်ပဲ ဖြတ်ရ မှာ 
ကိုယ့် ဝဋ်ကြွေးတွေ ကျေဖို့ကိုယ်ပဲ ဆပ်ရမှာလေ ။

အကြွေးဆပ်ရင်း 
အကြွေးတွေ ထပ်မတင်အောင်ပဲ 
သတိနဲ့ ရှောင်ဖို့ပါပဲလေ ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)