စစ်ကိုင်းတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၃၆,၅၃၄ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းဒေသကြီး ၇ ခုတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃၀မိနစ် မှ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ မှ ၉၇ ဒီဂရီ မိနစ် အတွင်း တည်ရှိသည်။ မြို့တော်မှာ စစ်ကိုင်းမြို့ ဖြစ်သည်။

 ရာသီဥတု 

တောင်တန်းဒေသများရှိရာ အနောက်မြောက်ဖက်ဒေသများနှင့် ကျန်မြေပြန့်လွင်ပြင်ဒေသများမှာ ကွဲပြားခြားနားသည့် ရာသီဥတုများရှိကြသည်။

ပတ်ကွိုင် နှင့် နာဂတောင်တန်းများ၏ အပူချိန်မှာ ရေခဲမှတ်ထိ ရှိတတ်သည်။ ပျှမ်းမျှအပူချိန်မှာ အနိမ့်ဆုံး ၄၀ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်ပြီး အပူပိုင်းဒေသဖြစ်သည့် မုံရွာမြို့၏ အပူဆုံးအချိန်များတွင် ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိ ရှိတတ်သည်။ အအေးပိုင်းဒေသများ၏ အမြင့်ဆုံးအပူချိန်မှာ ၅၀ ဒီဂရီဖာရင်ဟိုက်သာဖြစ်သည်။

မြောက်ဖက်ပိုင်းဒေသများတွင် မိုးရေချိန်မှာ ၈၀ လက်မမှ ၁၀ဝ လက်မထိ ရရှိလေ့ရှိသည်။ သို့သော် တောင်ပိုင်းဒေသများတွင်မူ ၄၀ လက်မဝန်းကျင်သာရရှိပါသည်။ မြို့ကြီးအချို့၏ နှစ်စဉ်ပျှမ်းမျှမိုးရေချိန်များမှာ မုံရွာမြို့တွင် ၃၁ လက်မ၊ စစ်ကိုင်းမြို့တွင် ၃၄ လက်မ နှင့် ရွှေဘိုမြို့တွင် ၃၆ လက်မ တို့ဖြစ်ကြသည်။ တခါတရံတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများကြောင့်လည်း မိုးများတတ်သည်။

မြို့တော်

စစ်ကိုင်းတိုင်းမြို့တော်သည် စစ်ကိုင်းမြို့ဖြစ်သည်။ သို့သော် (န.ဝ.တ)ခေတ်တွင် တိုင်းအဆင့်ရုံးများအား စစ်ဌာနချုပ်ရှိရာ မုံရွာမြို့သို့ ပြောင်းရွေ့ခဲ့ပြီး (၂၀၁၀)ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော ​ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရပြီး ယခင် စစ်ကိုင်းတိုင်း စစ်တိုင်းမှူးဖြစ်သော ဗိုလ်ချုပ်မှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ယူခဲ့ပြီး "တိုင်းဒေသကြီး အစိုးရရုံးကို (၂၀၁၁)ခုနှစ်အစောပိုင်း အစိုးရတစ်ရပ်အာဏာအလွှဲခင်တွင် တိုင်းအဆင့်ရုံးများ ပြန်လည်ပြောင်းရွေ့ကြသော ကျန်တိုင်းများကို လစ်လျူရှု၍ ​မုံရွာမြို့၌ အပြီး ဆောက်လုပ်ခဲ့သည်။ မှတ်ချက်= မည်သည့်နိုင်ငံတော် ပြဌာန်းချက် (သို့) ပြန်တမ်းစာမျှ မထွက်ရှိပဲ.. (၂၀၁၅)ခုနှစ် စတုတ္ထတန်း ပထဝီတွင် စစ်ကိုင်းတိုင်း၏ မြို့တော်မှာ စစ်ကိုင်းမြို့ မဟုတ်ပဲ မုံရွာမြို့ ဟု သင်ရိုးပြောင်းလိုက်အပြီးတွင် ပြည်သူ့လွှတ်တော်၌ ပညာရေးဝန်ကြီးအား မေးခွန်းမေးမြန်းခံရပါသည်။ ပညာရေးဝန်ကြီးက "အများလက်ခံထားသောကြောင့် ထည့်သွင်းရပါသည်"ဟု ဖြေဆိုခဲ့ပါသည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ 
စစ်ကိုင်းတိုင်းဒေသကြီးကတွင် ခရိုင် (၁၀) ခုဖြင့် ဖွဲ့စည်းထားသည်။

ခန္တီးခရိုင်
ခန္တီးမြို့နယ်
ဟုမ္မလင်းမြို့နယ်
ကလေးခရိုင်
ကလေးမြို့နယ်
ကလေးဝမြို့နယ်
မင်းကင်းမြို့နယ်
ကသာခရိုင်
ကသာမြို့နယ်
အင်းတော်မြို့နယ်
ပင်လယ်ဘူးမြို့နယ်
ဗန်းမောက်မြို့နယ်
ဝန်းသိုမြို့နယ်
ကောလင်းမြို့နယ်
ထီးချိုင့်မြို့နယ်
ကန့်ဘလူခရိုင်
ကန့်ဘလူမြို့နယ်
ကျွန်းလှမြို့နယ်
မော်လိုက်ခရိုင်
​မော်လိုက်မြို့နယ်
​ ဖောင်းပြင်မြို့နယ်
မုံရွာခရိုင်
မုံရွာမြို့နယ်
အရာတော်မြို့နယ်
ချောင်းဦးမြို့နယ်
ဘုတလင်မြို့နယ်
စစ်ကိုင်းခရိုင်
စစ်ကိုင်းမြို့နယ်
မြင်းမူမြို့နယ်
မြောင်မြို့နယ်
ရွှေဘိုခရိုင်
ရွှေဘိုမြို့နယ်
ရေဦးမြို့နယ်
ခင်ဦးမြို့နယ်
ဝက်လက်မြို့နယ်
တန့်ဆည်မြို့နယ်
ဒီပဲယင်းမြို့နယ်
တမူးခရိုင်
တမူးမြို့နယ်
ယင်းမာပင်ခရိုင်
ယင်းမာပင်မြို့နယ်
ဆားလင်းကြီးမြို့နယ်
ပုလဲမြို့နယ်
ကနီမြို့နယ်
မြို့နယ် (၃၇) မြို့နယ်၊ မြို့ပေါင်း (၅၀)မြို့၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၅) အုပ်စုနှင့် ရွာပေါင်း (၅၉၉၁) ရွာ တည်ရှိသည်။[၃]

အခြား မြို့ရွာများ

အလုံ
အန့်ပေါ်
အရာတော်
ဗန်းမောက်
ဘော်
ဘုတ်ကန်
ဘုတလင်
ချပ်သင်း
ချောင်းဦး
ချင်ပစ်
ခန်တီး
လှတော
ဟုမ္မလင်း
အင်းတော်
အင်းရွာ
ကဒူး
ကံထူးမ
ကလေးမြို့
ကလေးဝ
ကန့်ဘလူ
ကနီ
ကသာ
ကောင်းဟိန်း
ကောလင်း
ကင်း
ကင်းတပ်
ခင်ဦး
ကုက္ကိုကုန်း
ကူတော်
ကွမ်းတောင်
ကျားတတ်
ကျောက်ကာ
ကျောက်မြောင်း
ကွန်းလှ
လဟယ်
လောသာ
လေရှီး
မလည်
မံစီ
မစိန်
မောင်းထောင်
မောင်းခမ်း
မော်လိုက်
မော်လူး
မဲဇာ
မင်းကင်း
မင်းကွန်း
မင်းတိုင်ပင်
ချောင်းဦးရွာ
မိုးဒါး
မုဆိုးချုံ
မုံရွေး
မြောင်
မြေမွန်
မြင်းမူ
မြင်သာဆိပ်
မြို့သစ်
နဘား
နမ့်တိန်ခွန်(ဂျိတ်ဆော)
နန်းယွန်း
နတ်ချောင်း
ညောင်ကန်
အုန်းတော
အုန်းသာ
ပဒူ
ပုလဲ
ပုလွေရွှေ
ပန်ဆောင်
ပန်းသာ
ဖလံဂုဏ်ရွာ
ဖောင်းပြင်
ပင်လည်ဘူး
ပြောင်ဘုတ်
ရိတုဂါး
ဆားတောင်
ဆားတွင်းကြီး
ဆားလင်းကြီး
စာရေး
ဆွပ်ခွန်
ရှိန်းမကား
ရွှေတွင်း
ဆင်ကုန်း
ဆင်လမောင်း
စစ်တောင်း
ဆွမ္မရာ
ဒီပဲယင်း
ထမံသီ
တတ်လွင်
တန့်ဆည်
တယ်ပင်
သန
သောင်ဝွဋ်
သာစည်
သက္ကယ်ကျင်း
ထီးချိုင့်
တုန်ဟဲ
ဝက်လက်
ဝန်ကြီး
ဝန်းသို
ရေဦး
ယင်းမာပင်
ရွာရှည်
ရွာသစ်ကြီး
စေတီ
ဇီးကုန်း

စိတ်ဝင်စားဖွယ်နေရာများ 

ဖလံဂုဏ်ရွာရှိ နန်းမတော်မယ်နု ကောင်းမှုတော်
မင်းကွန်းခေါင်းလောင်းတော်ကြီး (ကမ္ဘာ့အကြီးဆုံး အသံမြည်ခေါင်းလောင်းကြီး)
ကျောက္ကာရွှေဂူနီဘုရားကြီး
မိုးညှင်းသမ္ဗုဒေဘုရား
လေးကျွန်းစကြာ ရပ်တော်မူဘုရားကြီး
တွင်းတောင်
အလောင်းတော် ကဿဖ
နာဂနှစ်သစ်ကူးပွဲ
ဖလံဂုဏ်ရွာ (နန်းမတော်မယ်နု ၏ဇာတိ)
(လင်းနို့ဂူ)(ကန့်ဘလူမြို့ ဇင်းရွာ)

ဒေသထွက်ကုန်များ 
ပဲပြောင်း နှမ်းဝါ ကွမ်းနှင့်ကွမ်းယာပစ္စည်းများလည်း ထွက်ရှိသည်။ စပါး မြေပဲ နေကြာ စသည်တို့ကို စစ်ကိုင်တိုင်းအထက်ပိုင်း၌ အစိုက်များကြသည်။

တွင်းထွက်များ 
ရွှေ(ကျောက်ပုထိုးဒေသ၊ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေထွက်ရာဒေသ)၊ ကျောက်စိမ်း(ခန္တီးမြို့) ရေနံ(ပန်းသာ၊ အင်းတော်ဒေသ) ကျောက်မီးသွေး(ကလေး၊ ကလေးဝ၊ မော်လိုက်တစ်ကြော) မြန်မာနိုင်ငံ၌ ကျောက်မီးသွေးအရည်အသွေး အကောင်းဆုံးနှင့် အများဆုံးထွက်ရှိသည့် တိုင်းဒေသကြီး ဖြစ်ပါသည်။

#General_Knowledge
ကိုးကား : ဝီကီပီးဒီးယား