သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် 
ဝင်မပြောနဲ့ ဝင်မလုပ်နဲ့ ဝင်မပါနဲ့ ဆိုတာ ကိုယ့်ကို အမှုပတ်မှာ စိုးလို့ ခေါင်းရှောင်ပြီး ပြောတဲ့ စကားပဲ ဖြစ်ပါလိမ့်မယ် ။

မြတ်စွာဘုရားသာ အဲဒီစိတ်မျိုးနဲ့
သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် 

ဝင်မပြောနဲ့ 
ဝင်မလုပ်နဲ့ ၊ ဝင်မပါနဲ့ ဆိုတဲ့ စိတ်ရှိရင်

ဗောဓိပင် နှင့် ရွှေပုလ္လင် ကို အောင်တော်မူပြီးထဲက ပရိနိဗ္ဗာန် တန်းဝင်လို့ ရပါပြီ ။

သူများကိစ္စ စိတ်မဝင်စားရင် 
ဘယ်သူ့ကိုမှ သံသရာက ကျွတ်အောင် အပင်ပန်းခံ လိုက်ပြီး မကယ်ချွတ်သလို သာသနာဆိုတာကိုလည်း တည်ထောင်ခဲ့စရာ 
အကြောင်းကို မရှိပါ ။

တကယ်တော့ ကိုယ့်ရှေ့မှာ 
မတရားမှု လုပ်နေတာကို မြင်လျှက်နဲ့
သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် ဆိုတာဟာ မကောင်းမှု့ကို အားပေးခြင်းသာ ဖြစ်ပါတယ် ။

မတရားမှုမှာ ကိုယ်မပတ်သက်တိုင်း 
ကိုယ်ဟာ တရားသောသူ မဟုတ်ပါ ။

မတရားမှုကို ရှုံ့ချနိုင်မှ ၊ တားမြစ်နိုင်မှ 
ကိုယ်ဟာ တရားသောသူ 

တရားမှုကို ချစ်မြတ်နိုးသူ 
ဗုဒ္ဓအလိုကျ ကျင့်ကြံနိုင်သောသူ ဖြစ်မှာပါ။

ပါချုပ်ဆရာတော်ဘုရားကြီး