တစ်ခါက နာမည်ကြီး တက္ကသိုလ် မှ ဆရာ တစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား……
“ ခင်ဗျား သချာင်္ဗေဒတတ်သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး…ဒါလဲ ကျွန်တော်မတတ်ပါဘူး”
ဆရာမှာ ခေါင်းခါပြီး “သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်”
“ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”
“ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀ ၆ပုံ၄ပုံဟာ ဆုံးရှုံးသွားပြီပဲ”
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား “ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး “ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..“ ဒါဆိုရင် ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် “ရှင်သန်” ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။
တပါးသူကို အထင်မသေးပါနဲ့။
“ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာအပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့“အရည်အချင်း” သူ့မှာ မရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

Credit: