🚶
🌾အသက်【၅၀】ကျော်လျှင် 
လမ်းလျှောက်ပေးကြပါ...
🌀သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။
အဖော် ပါလာပါတယ်။
🌀အဲဒါဟာ ခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။
🌀နှလုံးခုန်ခြင်းဟာ သူဟာသူခုန်နေတာဖြစ်ပေမဲ့
ခြေသလုံးက နှလုံးတွေကတော့ လူကလုပ်ပေးမှအလုပ်လုပ်တာပါ။
🌀လူတစ်ယောက်ဟာ တစ်နေ့ကိုနှလုံးခုန်တဲ့
အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။
🌀အဲဒါဟာ သွေးတွေကို သွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွတ်ဖို့နှလုံး က pump လုပ်နေခြင်း ဖြစ်ပါတယ်။ 
🌀အဲဒီသွေးတွေဟာ သွေးပြန်ကြောကနေ တစ်ဆင့်
နှလုံးကို ပြန်ရောက်လာပါတယ်။
သွေးလည်ပတ်တယ်ဆိုတာဟာဒါပါပဲ။
🌀နှလုံးက သွေးတွေကိုညှစ်ထုတ်ပြီး တစ်ကိုယ်လုံးကိုကောင်းစွာရောက်ဖို့ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာသွေးတွေပြည့်နေဖို့လိုပါတယ်။
🌀နှလုံးအိမ်ထဲမှာ သွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မှု နည်းပါးသွားပါ‌လေရော။
🌀အဲဒီအခါကျတော့ သွေးလှည့်ပတ်မှုမကောင်းတော့ဘူး။
🌀သွေးလည်ပတ်မှုမကောင်းတော့ သွေးထဲကကော်လက်စထရောတွေ၊ ကယ်စီယမ်တွေနဲ့အဆိပ်တွေကအနည်ထိုင်ပြီး သွေးကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။
🌀 နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက်ဆုံး လုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုကကြွက်သားတွေပဲဖြစ်ပါတယ်။
🌀ခြေသလုံး၂ခုက ကြွက်သားတွေညှစ်ပေးမှသွေးပြန်ကြောထဲက သွေးတွေကနှလုံးကို ကောင်းစွာ ရောက်ပါတယ်။
🌀နှလုံးအိမ်မှာ သွေးတွေပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင် သွေးတွေဟာ အားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို တစ်ရှိန်ထိုးဝင်ရောက်သွားပါတယ်။
🌀 ရေပိုက်တစ်ခုထဲမှာ ရေအားနည်းရင်ရေကကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။
ကြာတော့ ရေပိုက်ပိတ်ဆို့မှု ဖြစ်လာရော။
🌀ရေအားကောင်းကောင်းနဲ့ ထိုးလွှတ်လိုက်တော့
ရေပိုက်ထဲက အနည်တွေပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။
သွေးကြောကလည်း အဲဒီသဘောအတိုင်းပါပဲ။
🌀နှလုံးမှာ သွေးအားကောင်းဖို့အတွက်ခြေသလုံးကြွက်သားတွေညှစ်မှ ရတာပါ။
🌀ခြေသလုံးကြွက်သားတွေ ညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှရတာပါ။
အပြေးလေ့ကျင့်မှရတာပါ။
🌀ခြေသလုံးကြွက်သားတွေ အကြိမ်ကြိမ်ညှစ်မှ
နှလုံးသွေးအားကောင်းပြီး သွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။
🌀ယခုအခါမှာ လူတွေဟာလမ်းတောင် မလျှောက်ကြဘဲဇိမ်ခံပစ္စည်းအမျိုးမျိုးနဲ့သာ အချိန်ကုန်နေကြပါတယ်။
🌀ဒါကြောင့် နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့သေနေကြတာ အများကြီးပါပဲ။
🌀ခြေသလုံး၂ခုကို လှုပ်ရှားပြီးကြွက်သားတွေကို ညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီး ကျန်းမာကြပါလိမ့်မယ်။
🌀လမ်းလျှောက်တဲ့လူတွေ အသက်ရှည်တယ် ဆိုတာ ဒါကြောင့်ပါ။

Credit to original writer