လိမ်ပြောသူဟာ ပြောသည်နှင့်အမျှ ၊ နှာခေါင်းရှည်ရှည်ထွက်လာပြီး ၊ အမှန်အတိုင်း ပြန်ပြောပြောလာသည်နှင့်အမျှ ၊ နှာခေါင်ပုံမှန်အဖြစ်ပြန်ပြန်ရောက်လာကြောင်း၊"ပန်နိုခီယို "အမည်ရှိ သစ်သားရုပ်သေးရုပ်ကလေးကို ၊သမ္မာဒေဝနတ်သမီးတစ်ပါးက ၊ အသက်သွင်းပြီးနောက် ပြောပြလွှတ်လိုက်တယ်။
ကြိုးမပါဘဲလောကအလယ်မှာ ၊ ကျင်လည်သွားလာခဲ့တဲ့ပန်နိုခီယိုလေးဟာ ၊ လောကဓံအမျိုးမျိုးနဲ့ ၊လောဘစသည်တို့ကြောင့် ၊အလိမ်အညာတွေ ပြောပြောနေရတာမို့၊သူနှာတံသစ်သားချောင်းက ၊အလွန်အမင်းရှည်ရှည်လာခဲ့ကြောင်း (အီတလီ ?)ပုံပြင်ဝတ္ထုလေးကို ကြားဖူးထားလျင်တော့ ၊အခုမြင်ရတဲ့ တစ်ကွက်ကာတွန်းကို ၊ အရသာခံလို့ရပါလိမ့်မယ်။