၁။ မြန်မာနိုင်ငံမှာ ပထမဆုံး ဒေါက်တာဘွဲ့ ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးမှာ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရား ဖြစ်ပါတယ် ။
၂။ ရန်ကုန်တက္ကသိုလ်အား ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ် ။
၃။ သင်္ကြန်အခါတွင် မဏ္ဍပ်များဆောက်၍ ရေကစားခြင်းသည် ပုဂံခေတ် နရသီဟကတေ့မင်း လက်ထက်က စတင်ခဲ့တာပါ ။
၄။ရန်ကုန်ကောလိပ်မှ ပထမဆုံး သိပ္ပံဘွဲ့ရရှိခဲ့သူမှာ ဒဗလျူမာတင်ဖြစ်ပါတယ် ။
၅။ ကြေးမုံသတင်းစာကို ၁၉၅၇ ဧပြီလ ၁ ရက်နေမှာ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ် ။
၆။ ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက ၁၇၅၅ ခုနှစ် မေလ ၂ ရက်နေ့မှာ စတင် တည်ထောင်ခဲ့ပါတယ် ။
၇။ မြန်မာအက္ခရာနှင့် ကြေးနန်းရိုက်နည်းကို ယောမင်းကြီးဦးဘိုးလှိုင်က စတင် တီထွင်ခဲ့ပါတယ် ။
၈။ မြန်မာနိုင်ငံတွင် ဆည်ရေသောက်စပါးကို အနော်ရထာမင်းလက်ထက်က ကျေက်ဆည်ခရိုင် တွင် စတင် စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ် ။
၉။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သော အနောက်နိုင်ငံမှ နယ်ချဲ့များကို ပထမဆုံး ချေမူန်းခဲ့သူမှာ အနောက်ဘက်လွန်မင်း
ဖြစ်ပါတယ် ။
၁၀။ ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့တာပါ။
၁၁။ မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံး ရောက်ရှိလာခဲ့သော ဥရောပတိုက်သားမှာ
အီတလီလူမျိုး ဗင်းနစ်မြို့သား နီကိုဒီကွန်တီ ဖြစ်ပါတယ် ။
၁၂။ မြန်မာ့ ပထမဆုံး လွှတ်တော်သည်
သက္ကရဇ် ၅၇၃ ခုနှစ် ဇေယျာသင်္ခမင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့တာပါ ။
၁၃။ ဆူးလေစေတီကို သာသနာတော်နှစ်
၂၃၅ ခုနှစ်က တည်ခဲ့တာပါ ။
၁၄။ မြန်မာနိုင်ငံမှာ ပါဠိပထမပြန်စာမေးပွဲကို ၁၈၇၅ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ စတင် ကျင်းပခဲ့တာဖြစ်ပါတယ် ။
၁၅။ မြန်မာ့ ပထမဆုံး သူနာပြုသင်တန်းကျောင်းကို ရန်ကုန်ဆေးရုံကြီးတွင် ၁၈၇၇ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာပါ ။
၁၆။ မြန်မာနိုင်ငံတွင် ရုပ်ရှင်အကယ်ဒမီ
ရွှေစင်ဆုကို ၁၉၅၂ ခုနှစ်မှာ စတင် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
၁၇။ လေယာဉ်ပြန်စီးပြီး ရိုက်ကူးသည့်
မြန်မာ့ပထမဆုံးရုပ်ရှင်မှာ" လူစွမ်းကောင်း"ဖြစ်ပါတယ်။
၁၈။ မြန်မာ့ပထမဆုံးကသံလွှင့်ဇတ်(Radio Player )မှာ ဆရာဇော်ဂျီ၏
" စိန်တစ်လုံး ဇတ်လမ်းဖြစ်ပါတယ် ။
၁၉။ မြန်မာ့ပထမဆုံး မီးခြစ်စက်ရုံကို
ဒုတိယကမ္ဘာစစ်မဖြစ်မီက တွံတေးမြို့နယ် ခနောင်တိုကျေးရွာမှာ တည်ထောင်ခဲ့တာပါ ။
၂၀။ မြန်မာ့ပထမဆုံးမြို့တော်မှာ အနော်ရထာမင်း ( ၁၀၄၄ အေဒီ) က တည်ထောင်ခဲ့သော ပုဂံမြို့ဖြစ်ပါတယ် ။
၂၁။ မြန်မာ့ပထမဆုံးယက်ကန်းကျောင်းမှာ အမရပူရမှ " ဆောင်းဒါးစ် " ယက်ကန်းကျောင်းဖြစ်ပါတယ် ။
၂၂။ Mary Chapman နားမကြားခလေးများကျောင်း၏ ပထမဆုံး ကျောင်းသားမှာ ဟင်္သာတမြို့မှ ၇ နှစ်သားလေး "မောင်ဘိုဘို " ဖြစ်ပါတယ် ။
၂၃ ။ စန္ဒယားကို မြန်မာသံစဉ်ဖြင့် ပထမဆုံးတီခတ်သူမှာ ဆရာညွှန့် ဖြစ်ပြီး
၁၉၁၀ ပြည့်နှစ်တွင် စတင် တီးခတ်ခဲ့သည် ။
၂၄။ ဆရာကြီးပီမိုးနင်း၏ ပထမဆုံး ဝတ္ထုမှာ ဘီအေမောင်မောင်တင့် နှင့် ကချေသည် မယ်မြင့်ဖြစ်ပြီး ၁၉၁၅ ခုနှစ် ဧပြီလက ထုတ်ဝေခဲ့တာပါ ။
၂၅။ အမည်တစ်လုံးတည်းပါဝင်သော ပထမဆုံးမြန်မာ့ရုပ်ရှင်မှာ ၁၉၄၇ ခုနှစ်က ဆွေဗမာဖလင်မှ ရိုက်ကူးသည်း " အား " ဖြစ်ပါတယ်။
၂၆။ မြန်မာနိုင်ငံတွင် လက်ဗွေပုံစံယူခြင်းစနစ်ကို ၁၉၀၀ ပြည့်နှစ်မှ စတင်အသုံးပြုခဲ့သည် ။
၂၇။ ပထမဆုံးမြန်မာ့ ရုပ်ရှင်မင်းသားမှာ ဦးညီပုဖြစ်ပြီး ပထမဆုံးရုပ်ရှင် မင်းသမီးမှာ မအေးကြည်ပါတဲ့။
၂၈။ ပထမဆုံးမြန်မာဇတ်ညွှန်းမှာ philip မိုးနင်း ( ပီမိုးနင်း ) ဖြစ်ပြီး ပထမဆုံးမြန်မာဒါရိုက်တာမှာ ဦးတုတ်ကြီး ဖြစ်ပါတယ် ။
၂၉။ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၅၇ ဇန်နဝါရီ ၈ ရက်နေ့က သမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ခဲ့တာပါ ။
၃၀။ ပထမဆုံး ကာတွန်းရုပ်ရှင်မှာ " ကြက်တောင်ကွ " 1934 ဖြစ်တယ်တဲ့။
၃၁။ပထမဆုံးနိုင်ငံခြားတွင်ရိုက်ကူးသော မြန်မာ့ရုပ်ရှင်မှာ " ဂျပန်ရင်သွေး "
1936 ဂျပန်နိုင်ငံမှာ ရိုက်ကူးတာပါ
၃၂။ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်မှာ ကိုဘတင့် " ခင်ခင့်မှာပုံတော် 1920
ဖြစ်ပါတယ် ။
၃၃။ မြန်မာ့ပထမဆုံးရုပ်ရှင်ရုံ တည်ထောင်သူမှာ ဆရာဦးသွင်ပါ ။
၃၄ ။ မြန်မာ့ပထမဆုံး အကယ်ဒမီရမင်းသားမှာ ဦးကျော်ဝင်း ချစ်သက်ဝေဇတ်ကား ၁၉၄၅ ဖြစ်ပြီး အကယ်ဒမီရမင်းသမီးမှာ ဒေါ်ကြည်ကြည်ဌေး ချစ်သက်ဝေဖြစ်ပါတယ် ။
၃၅။ ပထမဆုံးမြန်မာ တာဇံကားမှာ
ရဂုံမြိုင် " ဒါရိုက်တာ ဆရာမြင့်ဖြစ်ပါတယ် ။
၃၆။ မြန်မာနိုင်ငံမှာ ပထမဆုံး Camera woman မှာ
ဒေါ်ခင်ခင်ပါ ။
၃၇။ ပထမဆုံးရုပ်ရှင်ဟာသသရုပ်ဆောင်မှာ " ပေါစံကြီးဖြစ်ပါတယ် ။
၃၈။ ပထမဆုံး မြန်မာ့ DVD ဇတ်ကားမှာ
ဒါရိုက်တာမီးပွားရိုက်တဲ့ " အချစ်၏ တန်ခိုးများ " ဖြစ်ပါတယ် ။
၃၉။ မင်း ၃ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ "မိဖုရားဖွားစော" ဖြစ်ပါတယ်
၄၀။ မင်း ၅ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ " ရှင်ဘို့မယ် " ဖြစ်ပါတယ် ။
၄၁။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသတင်းစာမှာ " မြန်မာ့အဆွေ" သတင်းစာဖြစ်ပါတယ် ။
၄၂။ တောင်ငူမင်းနောက်ဆုံးမင်းမှာ " နတ်သျှင်နောင် " ဖြစ်ပါတယ် ။
၄၃။ မြစေတီကျောက်စာ ရေးထိုးသောခုနှစ်မှာ "ခရစ်နှစ် ၁၀၇၇ ဖြစ်ပါတယ်။
၄၄ ။ ပြည်သူ့အရေးတော်ပုံ ပါတီခေါင်းဆောင်များမှာ " သခင်မြ ၊ သခင်အောင်ဆန်း တို့ဖြစ်ပါတယ် ။
၄၅။ ပထမဆုံးသွားတိုက်တံကို ၁၄၉၈ ခုနှစ်မှာ တီထွင်ခဲ့တာပါ ။
၄၆ ။ ပထမဆုံး အင်္ဂလိပ် ဒေရှင်နရီ ကို
၁၇၅၅ ခုနှစ်တွင် ရေးသားခဲ့တာတဲ့ ။
၄၇။ ဗိုလ်ချုပ်အောင်ဆန်းအား အင်္ဂလိပ်တွေပေးသော သင်္ဘောအမည်မှာ "စစ်ရေယာဉ်မေယု " ဖြစ်ပါတယ် ။
၄၈ ။ ဂျပန်ကမြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသောနေ့မှာ "1-8-1943 ဖြစ်ပါတယ် ။
၄၉။ ရဲဘော်သုံးကျိပ်တွင် စစ်ပညာမသင်ပဲ
အုပ်ချုရေးပညာသာသင်သူမှာ " သခင်ထွန်းအုပ် " ဖြစ်ပါတယ် ။
၅၀။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင်နှင့်တိုက်ခဲ့သော မွန်ဘုရင် အမည်မှာ " သုရှင်တကာရွတ်ပိ" ဖြစ်ပါတယ် ။
သုတအဖြာဖြာ ( ၂)
❆ ❆ ❆ ❆ ❆ ❆ ❆ ❆
၁။ နာမည်ကျော်သီချင်နှစ်ပုဒ်ဖြစ်သော
" နဂါးနီ နှင့် လွတ်လပ်ရေး ဟူသောသီချင်းနှစ်ပုစ်၏စာသားကိုရေးခဲ့သူမှာ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု " ဖြစ်ပါတယ်။
၂။ စာပေလောကထဲမှ ပထမဆုံး မြန်မာ စတန့်မင်းသားဟာ စာရေးဆရာကြီး
" ဦးပဂျီငို "ဖြစ်ပြီး " နဖူးစာရွာလည် "စတန့်ဇတ်ကြမ်းကို ၁၉၂၃ ခုနှစ် မေလအတွင်း( ယခုဗိုလ်ချုပ်အောင်ဆန်းစျေး နေရာ)
"စီနီမာဒီပဲရစ်"ရုပ်ရှင်ရုံတွင်ပြသခဲ့တာတဲ့ ။
၃။ အောင်ဆန်းအက်တလီစာချုပ် ၂၇-၁-၁၉၄၇ ခုနှစ်မှာ လက်မှတ်ရေးထိုးစဉ်က မြန်မာကိုယ်စားလှယ် နှစ်ဦးက
လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တယ်တဲ့
အဲ့ဒီနှစ်ဦးဟာ "ဂဠုန်ဦးစော နဲ့ သခင်ဘစိန်" တို့ဖြစ်ပါတယ်။
၄။ မြန်မာနိုင်ငံ၏ ဗဟိုချက်ဟာ မြစ်သားမြို့နယ်၊ကူမဲမြို့ အရှေ့တောင်ဘက် ပြက္ခရွှေတောင်ပေါ်မှာဖြစ်ပါတယ် " မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်ကျောက်တိုင်" ကို မြန်မာနိုင် ငံမြေတိုင်းအဖွဲ့မှ စိုက်ထူထားပါတယ်တဲ့ ။
၅။ ထိုင်းဘုရင် ဗြနရဇ်(ခရစ်နှစ် ၁၅၅၅-၁၆၀၅) ဟာ ဘုရင့်နောင်နဲ့ယောက်ဖတော်စပ်တယ်တဲ့ ဗြနရဇ်၏ အစ်မတော်"အမျိုးရုံမင်းသမီး"သည် ဘုရင့်နောင်၏ မိဖုရားဖြစ်တယ်တဲ့ ။
၆။ နာမည်ကျော်ကဗျာဆရာကြီး ရာဘင်ဒြာ နာ့သ်တဂိုး ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့တယ်တဲ့ (၁၉၁၆ခုနှစ်၊ မေလ ၊၇ ရက်မှ ၉ ရက်ထိ တစ်ကြိမ် ) (၁၉၂၃ ခုနှစ်၊ မတ်လ ၂၄ရက်မှ ၂၇ ရက်နေထိ ) တစ်ကြိမ်
၇။ အင်္ဂလိပ်အမည်နဲ့ ပုဂံဘုရားတစ်ဆူရှိပါတယ် ပုဂံဓမ္မာရုံကြီး လမ်းခွဲအနီးမှာ "စကိုဗယ် ပေါ်တော်မူ" ဘုရားဖြစ်ပါတယ် ။
၈။ သိပ္ပံမောင်ဝ ( အမည်ရင်း -ဦးစိန်တင်)၏ ကလောင်ခွဲဟာ ၅၁ ခုရှိတယ်တဲ့ ။
၉။ အမရပူရနန်းတည် ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလန်မှ ဒင်္ဂါးသွန်းစက်ကြီးကို မှာယူပြီး မြန်မာသက္ကရဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့မှာ ပြည်တွင်းသုံး ငွေဒင်္ဂါးအဖြစ် ထုတ်ပြန်ကြေငြာသုံးစွဲခဲ့ပါတယ်တဲ့ ။
၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတမှာ ရှမ်းလူမျိုး စဝ်ရွှေသိုက် (၁၈၈၆- ၁၉၆၂ ) ဖြစ်သည်။
၁၁။ မြန်မာ့ထိုးကွင်းမင်ကြောင်ကို ဘိုးတော်ဘုရားလက်ထက် ထောင်းမင်းကြီးသား မောင်ကံ ဆိုသူက စထွင်ခဲ့တာပါတဲ့ ။
၁၂။ မြန်မာနိုင်ငံအား " ဗားမား" ဟူသောအင်္ဂလိပ်အမည်မှ"မြန်မာ" ဟူသော အင်္ဂလိပ်အမည်သစ်သို့၁၉၈၉ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ စတင်ပြောင်းလဲ ခေါ်ဝေါ် ခဲ့ပါတယ်တဲ့။
၁၃။ မြန်မာနိုင်ငံတော် သီချင်းကို
ဝိုင်-အမ်-ဘီ ဆရာတင်ကရေးစပ်ပြီး
၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရွှေတိဂုံဘုရားရင်ပြင်၏ ရာဟုထောင့်
တွင် ပထမဆုံးသီဆိုခဲ့တယ်တဲ့ ။
သုတအဖြာဖြာ... (၃)
ဘာကြောင့်ကြယ်တံခွန်မှာအမြီးတန်းရှိနေတာလဲ ?
ကြယ်တံခွန်ဆိုတာကီလိုမီတာအနည်းငယ်ပဲထူထဲတဲ့ကျောက်သားအကြေအမွတွေ၊ရေခဲအကြေအမွ
တွေဖွဲ့စည်းထားတဲ့ကိုယ်ထည်ကြီးဖြစ်တယ်။သူကနေနဲ့အနီးကိုရောက်လာတဲ့အခါမှာပူလာတယ်။ရေ
ခဲတွေကဓာတ်ငွေ့တွေ
အဖြစ်ပြောင်းလဲသွားတယ်။ဖုန့်မှုန့်အပိုင်းအစတွေကိုအာကာသထဲဆွဲထုတ်ပစ်
ထယ်။နေမှပျံထွက်လာတဲ့အမှုန်လေးတွေစုထားတဲ့တိမ်တိုက်တွေဟာ(အာကာသထဲရှိလေကြောင့်)
သူ့ဓာတ်ငွေ့တွေကိုနောက်
ဘက်တွန်းထုတ်ပြီးဖုန်မှုန့်တွေနဲ့အမြီးတန်းအဖြစ်ဖွဲ့စည်းထားလိုက်ပါတယ်။
နေရဲ့အနားကဖြတ်ပျံနေစဉ်မှာအဲဒီဥက္ကာခဲရဲ့အမြီးတန်းကသိပ်လှတယ်။အလှဆုံးပဲ၊အမြီးတန်းက်ီလို
မီတာသန်းနဲ့ချီပြီးရှည်လျားနိုင်တယ်။တစ်ချို့အမြီးတန်းတွေကသ်ိပ်ကိုပါးလွှာတယ်။ဥပမာအားဖြင့်ကမ္ဘာ့
အနီးမှဘေးဒုက္ခမပေးဘဲဖြတ်ပျံသွားတဲ့ဟေလီကြယ်တံခွန်ရဲ့အမြီးဟာသိပ်ကိုပါးလှပ်ပါတယ်
_____________________________________________________________________
ပင်လယ်ဟာဘယ်လောက်နက်သလဲ ?
ပစိဖိတ်သမုဒ္ဒရာဟာ အန်ိမ့်ဆုံးအနက် (၄၀၅၀)မီတာနဲ့ အမြင့်ဆုံးအနက်
(၁၁၀၃၀)မီတာရှိပြီး အနက်ဆုံး
ဖြစ်တယ်။ နောက်တစ်ခုဖြစ်တဲ့အိန္ဒိယသမုဒ္ဒရာဟာအနိမ့်ဆုံး
(၃၉၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ
တာရှိတယ်။အတ္တလန်တိတ်သမုဒ္ဒရာကတော့အနိမ့်ဆုံးအနက်(၃၃၀၀)မီတာနဲ့အမြင့်ဆုံးအနက်
(၉၂၀၀)မီ
တာ၊ အာတိတ်သမုဒ္ဒရာကတော့ အနိမ့်ဆုံးအမြင့်ဆုံးအနက် (၅၅၀၀)မီတာရှိပြီး
မြေထဲပင်လယ်ကအများ
ဆုံးအနက် (၅၁၂၀)မီတာနဲ့ အနည်းဆုံးက (၁၀၀၀)မီတာရှိတယ်။
ပင်လယ်နက်အစုအဝေးရဲ့အောက်ခြေ
ကဘောလ်တစ်ဖြစ်ပြီးအနည်းဆုံးအနက်က
(၄၆၀)မီတာရှိပြီးမြောက်ဘက်ပင်လယ်ကတော့(၉၁-၁၀၀)မီ
တာနက်တယ်။
_____________________________________________________________________
သက်တန့်ဘာကြောင့်ဖြစ်ရတာလဲ ?
သက်တန့်တွေကိုညမှာမမြင်ရဘူးဆိုတာသင်သတိထားမိလိမ့်မယ်။တိမ်ထူတဲ့နေ့တွေနဲ့မိုးရွာနေတဲ့
အခါမှာလည်းသူတို့ကိုသင်
မမြင်ရဘူး။မိုးရွာပြီးကြည်လင်သွားသည့်အခါတွေနဲ့နေပူတုန်းမိုးရွာနေတဲ့
အချိန်အတွင်းမှာသက်တန့်တွေပေါ်ပေါက် လာတယ်။ရေထဲမှာရှိတဲ့ရေစက်ကလေးတွေကိုနေရောင်
ခြည်အလင်းပြန်တဲ့အခါတွေမှာသက်တန့်ကိုတွေ့နိုင်သည်။
_____________________________________________________________________
လျှို့ဝှက်စာရေးနည်းပညာ ဆိုတာဘာလဲ ?
လျှို့ဝှက်စာရေး နည်းပညာဆိုတာ စာလုံးတွေ စီရမယ့်နေရာမှာ
ကိန်းဂဏန်းတွေကိုအသုံးပြုပြီး လျှို့
၀ှက်စာတမ်းတစ်စောင်ရေးဖွဲ့တဲ့ အနုပညာတရပ်ဖြစ်တယ်။ အက္ခရာစာလုံး အသီးသီး အတွက်
သီးခွားအ
ထူးပြုစီမံထားတဲ့ ကိန်းဂဏန်းတွေပေးထားပြီး စကားဝှက်စာတစ်စောင်ရေးဖွဲ့ရပါတယ်။
ဒီလျှို့ဝှက်သင်္ကေ
တကို ဆိုက်ဘာစကားဝှက်လို့ခေါ်ပါတယ်။ စကားဝှက်ပုံစံနှစ်မျိုးရှိတယ်။
သတင်းပေးပို့လွှာမှာပါတဲ့ စာလုံး
အသီးသီးအတွက် ကိန်းဂဏန်း၊ စာလုံးသင်္ကေတ တစ်မျိုးမျိုးနဲ့
အစားထိုးရေးသားခြင်းမျိုးလည်း ရှိတယ်။
ဒုတိယအမျိုးအစားကတော့ သတင်းလွှာမှာပါတဲ့ စာလုံး လေးတွေကို နေရာအထား အသို
အစီအစဉ်များ
ပြောင်းလဲပစ်ခြင်းများဖြစ်ပါသည်။ဒီင်္လိုနည်းလမ်းနှစ်သွယ်ကိုအသုံးပြုတဲ့အခါနည်းမျိုးစုံအသုံးပြုကြတယ်။
ပေးပို့သူနဲ့ လက်ခံသူနှစ်ဦးစလုံးမှာ သင်္ကေတနဲ့လျှို့ဝှက်ချက်ကို
ဖော်ထုတ်နိုင်မယ့် သင်္ကေတ အညွှန်းစာ
အုပ် ကိုယ်စီရှိကြတယ်။
_____________________________________________________________________
ကမ္ဘာ့ပထမဆုံး လေကြောင်းလိုင်းကဘာလဲ
KLM (Kiss Me, Leave Me, Miss Me) သည် ကမ္ဘာ့ပထမဆုံး
စီးပွားဖြစ်လုပ်ကိုင်လေကြောင်းလိုင်း
ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၈၀ကျော်ကတည်းကပြေးဆွဲခဲ့ခြင်းဖြစ်သည်။
၎င်းကိုနယ်သာလန်နိုင်ငံမှ ဒက်ခ်ျ
လူမျိုး လေယာဉ်မှူး အဲလဘတ်ပလီစ်မန်းက
စတင်ခဲ့ခြင်းဖြစ်သည်။အဲလဘတ်သည်KLMလေကြောင်းလိုင်း
ကို တည်ထောင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တိုင်အောင်
KLM၏ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။ယနေ့ခေတ်တွင်တိုက်
ကြီးငါးတိုက်မှ မြို့တော်ပေါင်း ၁၄၀၀ကျော်တွင်
KLMလေကြောင်းလိုင်း၏ကွန်ယက်များဖြန့်ကျုက်ထားပြီဖြစ်
သည် ဟု 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
_____________________________________________________________________
အင်းတော်ကြီးဘာကြောင့်ကမ္ဘာကျော်တာလဲ ?
ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်မိုးကောင်းနယ်အတွင်းတည်ရှိသည်။မြန်မာနိုင်ငံ၏အကြီးဆုံးသောသဘာ၀
အင်းကြီးဖြစ်သည်။တောင်နှင့်မြောက်အလျား(၁၆)မိုင်ရှိသည်။
မိုးရာသီအချိန်တွင်အနောက်ဘက်ကမ်းရှိလုံးတုံနှင်အရှေ့ဘက်ကမ်းရှိဟဲမုရွာအကြားရေပြင်အကျယ်ဆုံးဖြစ်
သည်။အနံခုနှစ်မိုင်ကျယ်၀န်းသည်။ရေပြင်ကြီးသက်သက်အကျယ်အ၀န်းသည်(၄၄.၉)စတုရန်းမိုင်ရှိသည်။
အင်းတော်ကြီးအိုင်အတွင်းအမှိုက်ဒိုက်သရိုက်ကင်းစင်သည်။ရေကြည်လင်သည်။ရေပြင်ကျယ်ကြီးသည်
ပင်လယ်ပြင်တမျှရှုမဆုံးအောင်လှပသည်။အင်းတော်ကြီး၏အလယ်အင်းစွယ်တစ်ခုပေါ်တွင်ရွှေမဉ္ဖူစေတီ
တော်တည်ထားသည်။
အင်းတော်ကြီးသည်ပတ်ပတ်လည်၌တောင်ရိုးတောင်စွယ်များဝိုင်းရံထားသည့်
ချိုင့်ဝှမ်းကြီးဖြစ်သည်။ရွှေမဉ္ဖူစေတီသည်ကချင်ပြည်နယ်၏အဓိကရစေတီတော်ကြီးဖြစ်သည်။ပေါင်းလဆန်း
ုရားပွဲတော်ကျင်းပချိန်နီးကပ်လာလျှင်ဘုရားစေတီအရောက်လူလျှောက်သွားနိုင်ရန်သဲလမ်းမကြီးနှစ်လမ်းပေါ်
လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါသဲလမ်းများရေထဲပြန်မြုပ်သွားတတ်သည်။
_____________________________________________________________________
အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ ?
ခရစ်တော်မပေါ်မီ(၇၇၆)ခုနှစ်မှစ၍ဂရိလူမျိုးများသည်အိုလံပစ်ပွဲတော်များကိုလေးနှစ်တစ်ကြိမ်
ကျင်းပခဲ့သည်။ထိုအချိန်တွင် zeus
နတ်ဘုရားကိုပူဇော်ရန်ပန်းချီပညာရှင်များစာရေးဆရာများ၊
အားကစားသမားများစုဝေးရောက်ရှိတတ်သည်။အိုလံပစ်ပွဲဟုကျော်ကြားလာခဲ့သည်။ပထမဦးဆုံး
အိုလံပစ်ပြိုင်ပွဲများသည်အားကစားသက်သက်မဟုတ်ချေ၊ပြဇာတ်များကကြသည်၊ကဗျာများရွတ်
ကြသည်။
ပြေးပွဲများကျင်းပကြသည်။ဂရိလူမျိုးများအတွက်အိုလံပစ်ပြိုင်ပွဲများသည်စိတ်နှင့်ရုပ်
ပေါင်းစပ်မှုကိုဖော်ပြပြီး zeus
နတ်ဘုရားထံအောင်ပွဲဆုတောင်းခံနိုင်သည်ဟုယူဆသည်။အိုလံ
ပစ်ပွဲတော်များကို(၃)ရက်ကြာမျှကျင်းပခဲ့သည်။အားကစားသမားများသည်အပြေးပြိုင်ကြ၊လှည်း
မောင်းပြိုင်ကြသည်။ပွဲတော်မစမီကျမ်းသစ္စာကျိန်ရသည်။ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲများစား
သောက်ပွဲများကျင်းပတတ်ကြသည်။
_____________________________________________________________________
အင်းလေးကန်ကြီးဘာကြောင့်ကမ္ဘာကျော်ရသလဲ ?
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေနယ်တွင်တည်ရှိသည်။မြစ်ကြီးနားခရိုင်ရှိအင်းတောင်ကြီးမှလွဲလျှင်
မြန်မာနိုင်ငံမှဒုတိယအကြီးဆုံးသောသဘာ၀အင်းအိုင်ကြီးဖြစ်သည်။တောင်နှင့်မြောက်တန်းလျက်ရှိသော
တောင်တန်းကြီး(၂)ခုကြားတွင်ခွက်၀င်နေသောညောင်ရွှေချိုင့်ဝှမ်းကြီး၏အလယ်အနက်ရှိုင်းဆုံးအပိုင်း၌
တည်ရှိသည်။
အင်းလေးတည်ရာအရပ် သည်ပင်လယ်ရေမျက်နှာပြင်အထက်ပေ(၂၉၀၀)ကျော်မြင့်သည်။
အင်းလေးသည်တောင်ပေါ်အင်းအိုင်ကြီးတစ်ခုဖြစ်သည်။တောင်ရိုးတောင်တန်းများ၀န်းရံလျက်ကြည်လင်
ပြာလဲ့သောရေပြင်ကျယ်ကြီးဖြစ်သောကြောင့်မြန်မာနိုင်ငံတွင်သာမကကမ္ဘာတွင်ပါကျော်ကြားသည်။အင်း
လေးသည်တောင်နှင့်မြောက်အလျားကိုးမိုင်ခန့်ရှည်သည်။အကျယ်ဆုံးနေရာ၌အရှေ့နှင့်အနောက်သုံးမိုင်ခွဲ
ခန့်ရှိသည်။ရှေးအခါကအင်းလေးကန်ကြီး၏အကျယ်အ၀န်းသည်စတုရန်းမိင်(၁၉၀)ခန့်ရှိမည်ဟုခန့်မှန်းရ
သည်။အင်းလေးရေပြင်ပေါ်တွင်ရွာကြီး၊ရွာငယ်များတည်ဆောက်ထားသည်။တစ်နေရာမှတစ်နေရာသို့လှေ
များ၊စက်လှေများဖြင့်သွားလာကြသည်။လှေကိုခြေဖြင့်လှော်ခတ်သည်။အင်းလေးဒေသနန်ဟူးရွာရှိဖောင်
တော်ဦးဘုရားသည်ထင်းရှားသည်။
_____________________________________________________________________
ငပလီလို့ဘာကြောင့်ခေါ်တာလဲ ?
အပန်းဖြေစခန်းအဖြစ်ထင်ရှားသည်။ရခိုင်ပြည်နယ်၊သံတွဲမြို့နှင့်လေးမိုင်လောက်သာဝေးကွာသည်။
မဇင်းလေဆိပ်သည်သံတွဲမြို့နှင့်ခုနှစ်မိုင်ခန့်ဝေးသည်။ငပလီကမ်းခြေစခန်းသည်ရွာကလေးဖြစ်သည်။
မဇင်းလေဆိပ်မှ(၂)မိုင်မျှသာဝေးသည်။ငပလီသည်မြန်မာစကားမဟုတ်ပေ။အီတလီလူမျိုးတို့သည်
သံတွဲမြို့အနီးယခုငပလီစခန်းသို့ရောက်လာကြသည်။ငပလီစခန်းနေရာသည်အီတလီနိုင်ငံရှိနေပလီ
(နေပယ်)ကမ်းခြေစခန်းကဲ့သို့အလွန်သာယာသည်။ရှုခင်းလှသည်။ထို့ကြောင့်နေပလီဟုခေါ်တွင်ခဲ့သည်း
နောင်တွင်နေပလီ မှ ငပလီ ဖြစ်လာသည်ဟုဆိုသည်။
_____________________________________________________________________
ပင်းတယမြို့ဘာကြောင့်ကမ္ဘာကျော်နေတာလဲ ?
ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်းတယမြို့သည် ဧရာ၀တီမြစ်၏မြစ်လက်တက်ဖြစ်သော
ဇော်ဂျီမြစ်တောင်
မှမြောက်သို့ဖြတ်သန်းစီးဆင်းသောမြစ်ဝှမ်း၌တည်ရှိသည်။
ပင်းတယမြို့၏အရှေ့ဘက်ပိုင်းတွင်ကုန်းမြင့်
လွင်ပြင်ကြီးဖြစ်လျက်ရှိသည်။ ပေ(၃၀၀၀)ကျော်မြင့်သည်။ အနောက်ပိုင်းတွင်လည်းပေ
(၅၀၀၀)ကျော်
မြင့်သောတောင်တန်းကြီးရှိသည်။ပင်းတယမြို့သည်တောင်တန်းကြီး၏ခြေရင်းတွင်တည်ရှိသည်။အလွန်
ရှုခင်းလှသည်။ မြို့အ၀င်တွင်နာဂပတ္တန်၊ပုတ္တလုတ်ကန်ဟုခေါ်သော ပင်းတယကန်ကြီးရှိသည်။
ညောင်
ကြတ်ပင်တန်း၏အရိပ်အောက်၌တင့်တယ်စွာရှိသည်။
ပင်းတယမြို့အနောက်တောင်ဘက်ယွန်းယွန်း(၁)
မိုင်ခန့်အကွာတောင်စောင်းပေါ်တွင်စောင်းတန်းအသွယ်သွယ်ရွှေရောင်တ၀င်း၀င်းဖြင့်ရွှေဥမင်ဘုရားရှိ
သည်။ရွှေဥမင်ဘုရား၏ ကျောက်သားဥမင်ကြီးအတွင်း၌ဘုရားဆင်းတုတော်များလက်ညှိုးထိုးမ
လွဲအောင်
များပြားသည်။
_____________________________________________________________________
ဘားအံဆိုတဲ့နာမည် ဘယ်ကရတာလဲ ?
ဘားအံမြို့သည်ကရင်ပြည်နယ်၏မြို့တော်ဖြစ်သည်။လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်ကသံလွင်မြစ်
ကမ်းနဖူးတွင်စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိရွာလေးတစ်ရွာသာဖြစ်ခဲ့သည်။
ရွာကလေးတည်ရာသံလွင် မြစ်၏ကမ်းစွယ်တွင်အဓိကရ ကျောက်စွန်းကြီးတစ်ခုရှိသည်။
ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား
အမ်း(ကျောက်+အစွယ်)ဟုခေါ်ခဲ့သည်။ဖားအမ်းမှတစ်ဆင့်အသံအနည်းငယ်ပြောင်း၍ဘားအံဟုအမည်
တွင်လာသည်။ ၁၉၀၇ခုနှစ်တွင်မြို့ကွက်ရိုက်ခဲ့သည်။
ဘားအံမြို့နယ်တွင်ထင်ရှားသောတောင်သည်ဇွဲ
ကပင်တောင်ဖြစ်သည်။ဇွဲကပင်ဆုတောင်းပြည့်စေတီတော်တည်ထားသည်။ဘားအံမြို့မှသံလွင်မြစ်ညာ
ရှစ်မိုင်ခန့် အကွာကော့ဂွန်းတောင်၏အရှေ့ဘက်၌ကော့ဂွန်းဂူရှိသည်။
ဘားအံ၏အနောက်ဘက်(၁၂) မိုင်ကွာအရပ်၌ဘုရင်ဂျီဂူ(ဘုရင့်ညီဂူ)ရှိသည်။
ဂူ၏အောက်ခြေတွင်ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ရေ အေး
စမ်းနှစ်ခုယှဉ်လျက်စီးဆင်းလျက်ရှိသော်လည်းရေပူနှင့်ရေအေးပေါင်းစပ်ခြင်းမရှိကြောင်းတွေ့ရ
သည်။
_____________________________________________________________________
ရွှေစက်တော်ဘေးမဲ့တော ဘယ်မှာရှိသလဲ ?
ခရစ်မပေါ်မီ (၆၀၀)ခုနှစ်တွင်မြတ်စွာဘုရားခြေတော်ရာနှစ်ဆူကိန်း၀ပ်စံပယ်ခဲ့၍
အထက်စက်တော်ရာ၊
အောက်စက်တော်ရာဟူ၍ထင်ရှားသည်။ ရွှေစက်တော်ဘေးမဲ့တောကို ၁၉၄၀ပြည့်နှစ်ဇွန်လ
(၂၉)ရက်
တွင်စတင်တည်ထောင်ခဲ့သည်။ မင်းဘူး(စကု)မြို့နယ်၊ ငဖဲမြို့နယ်နှင့်
စေတုတ္တရာမြို့နယ်များပါ၀င်
တည်ရှိသည်။ ရွှေစက်တော်ဘေးမဲ့တောသည် (၃၁၄)စတုရန်းမိုင်ကျယ်၀န်းသည်။
မြန်မာ့ရွှေသမင်ကို
အဓိကထိန်းသိမ်းထားသည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်းအခြားတိရစ္ဆာန်များနှင့်
အတူက်က္စား
နေထိုင်သည်။ မြန်မာနိုင်ငံတွင်ရွှေစက်တော်ဘေးမဲ့တောအဖြစ်
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်း
တော်ကြီးဘေးမဲ့တော၊အင်းလေးဒေသ၊လန်ပိဘေးမဲ့တော၊မိန်းမလှကျွန်းဘေးမဲ့တော၊အလောင်းတော်
ကဿပအမျိုးသားဥယျာဉ်တို့လည်းအထူးထင်ရှားသည်။
မြန်မာနိုင်ငံတွင်အမျိုးသားဥယျာဉ်ခြောက်ခု၊
တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၃၅)ခုရှိသည်။ တောင်ဥယျာဉ်အဖြစ်
ပုပ္ပါးတောင်ဥယျာဉ်တစ်ခုသာရှိ
သည်။
_____________________________________________________________________
မီးသေတောင်ကြီးဘယ်မှာရှိသလဲ ?
ပုပ္ပါးတောင်သည်နတ်တောင်ဟူ၍လည်းကောင်း၊မီသေတောင်ဟူ၍လည်းကောင်းထင်းရှား
သည်။မန ္တလေးတိုင်း၊မြင်းခြံခရိုင်အရှေ့ဘက်စွန်းတွင်ထီးထီးကြီးတည်ရှိနေသည်။
ပဲခူးရိုးမ
တောင်တန်း၏မြောက်ဘက်အစွန်းတွင်သီးခြားထိုးထွက်နေသောမီးတောင်ဟောင်းကြီးတစ်
ခုဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်(၄၉၈၁) ပေမြင့်သည်။ ပတ်၀န်းကျင်၌တောင်
များမရှိပေ။ တစ်တောင်တည်း မီတောင်၏ထိပ်ခွက်ခွက်နှင့်ထိုးထွက်နေသည်။
မိုင်(၄၀)ခန့်
ဝေးသောဧရာ၀တီမြစ်ပေါ်မှပင်မြင်နိုင်သည်။ အနောက်ဘက်သို့အနည်းငယ်ထွန်းလျက်နိမ့်
သည်။ တောင်ဘက်၊ အနောက်ဘက်နှင့်အရှေ့ဘက်တို့တွင်မြင့်မားသည်။ ပုပ္ပါးတောင်ကြီး
ကို အရပ်လေးမျက်နှာမှကြည့်လျှင် ပုံသဏ္ဍာန်လေးမျိုးဖြင့်မြင်နိုင်သည်။
မီးတောင်ထိပ်၀
(၃၀၀၀) ခန့်နက်ရှိုင်းသော ချောက်ကြီဖြစ်ပေါ်လျက်ရှိသည်။
ပုပ္ပါးမီးတောင်သည်တစ်ကြိမ်
သာ ပေါက်ကွဲခဲ့ပုံရသည်။ ပုပ္ပါးမြို့ကလေးသည်
ချော်ကုန်းပြင်မြင့်ပေါ်၌တည်ထားခြင်းဖြစ်
သည်။_____________________________________________________________________
ရှေးဟောင်းပျူမြို့တော်ကြီး ဘယ်မှာရှိသလဲ ?
သရေခေတ္တရာမြို့ဟောင်းသည်ပြည်မြို့အရှေ့တောင်ဘက်ငါးမိုင်အကွာတွင်ရှိသည်။
အုတ်မြို့ရိုးကိုကျုံးပတ်လည်
၀ိုင်းထားသည်။စက်ဝုိင်းပုံမကျတကျဖြစ်ပြီးတောင်
မြောက်နှစ်မိုင်ခွဲ၊အရှေ့အနောက်နှစ်မိုင်ခန့်ကျယ်၀န်းသည်။ပြည်
ပေါက်ခေါင်းသွားကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှဖြတ်လျက်တည်ဆောက်ထားသည်။
မှောဇာဘူတာသည်မြို့
ဟောင်း၏ဗဟိုနေရာအရှေ့မြောက်ဘက်ယွန်းယွန်းတွင်တည်ရှိသည်။
ပျူခေတ်ရှေးဟောင်းအဆောက်အအုံများနေ
ရာအနှံတွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။
စတုဂံအုတ်ရိုး ကာရံထားသည်။
တောင်ဘက်မြို့ရိုးအပြင်ဘက်၌အရှေ့ပျူတိုက်၊အနောက်ပျူတိုက်နှင့်ဗိဿ နိုး
သင်္ချိုင်းကျန်ရှိသေးသည်။
အွန်လိုင်းပေါ်မှ ရှာဖွေစုဆောင်းပြီး post တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းပေးလိုက်ပါတယ်။
ဗဟုသုတအဖြာဖြာ
မူရင်း📃 Credit
🔲🔲🔲🔲🔲🔲🔲🔲🔲
✏ ✏ ✏ ✏ ✏ ✏ ✏✏
