တော်ရုံတန်ရုံတော့ ဘယ်သူမှ အုန်းရည်ကို တစ်ပတ်လုံးမသောက်တတ်ပါဘူး။ ဒါပေမယ့် အုန်းရည်ကို အချိန်ကြာကြာသောက်မယ်ဆိုရင်တော့ ဒီလိုအပြောင်းအလဲလေးတွေကို ခံစားမိမှာပါ။

🔹(၁) ကိုယ်ခံအားကောင်းလာမယ်။အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကိုသိသိသာသာ ကောင်းမွန်လာစေမှာပါ။
🔹(၂) အားပြည့်လာမယ်။
တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည်ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။
🔹(၃) ကိုယ်တွင်းအင်္ဂါတွေကောင်းလာမယ်။သင့်ခန္ဓာကိုယ်အတွင်းကတန်ဆာပလာတွေ သိသိသာသာကို ကောင်းလာပါလိမ့်မယ်။
🔹(၄) အစာခြေစနစ်ကောင်းလာမယ်။
သင့်အစာခြေစနစ်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။
🔹(၅) ဝိတ်ကျလာမယ်။
အစာခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်း ကျလာတော့မှာ ဖြစ်ပါတယ်။
🔹(၆) ခေါင်းကိုက်သက်သာစေတယ်။
လေ့လာချက်တွေအရတော့ အုန်းရည်ဟာ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
🔹(၇) ငယ်ရွယ်နုပျိုစေတယ်။
အချိန်ကြာကြာ သောက်လာတာနဲ့အမျှ အသားအရေ ပြောင်းလဲမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ငယ်ရွယ်နုပျိုခြင်းကိုလည်း ဖြစ်စေပါတယ်။🇨🇭

Credit to Original Uploader