တစ်ခါက လင်မယားနှစ်ယောက် 
တိရစ္ဆာန်ရုံ သွားကြတယ်။ 
မျောက်လှောင်အိမ်ရောက်တော့
မျောက်ထီးနဲ့ မျောက်မ ဆော့ကစားနေတာမြင်ပြီး 

မိန်းမဖြစ်သူက romantic ဆန်တာပဲနော်၊
 မျောက်ထီးက အရမ်းချစ်တတ်တာပဲ ။
 ယောက်ျားဖြစ်သူက ဘာမှပြန်မပြောဘူး။ 

ပြီးတော့ သူတို့ခြင်္သေ့လှောင်အိမ်ဖက် သွားကြတယ်။
 အထဲမွာ ခြင်္သေ့အထီး အမ ၂ ကောင်ရှိပေမယ့်
ခြင်္သေ့ထီးက ဒေါင့်တစ်နေရာမှာ ခြင်္သေ့မ 
ရှိမှန်းမသိသလိုကို တစ်ကောင်ထဲ အေးဆေးထိုင်နေတယ်။ 

ဒါမြင်တော့ မိန်းမက စိတ်ပျက်စရာကောင်းလိုက်တာ ပြောတော့ ...
ယောက်ျားက မင်းခြင်္သေ့မ ကို 
ခဲလေးနဲ့ပေါက်ကြည့်လိုက်ပါလား ပြောတော့ 
မိန်းမဖြစ်သူ ပေါက်လိုက်တာ ခြင်္သေ့ထီးက
 ဒေါသတကြီး ဟိန်းပြီး သူ့ခြင်္သေ့မ ကို
ကာကွယ်ဖို့ရောက်လာတယ်။ 

အဲ့လိုပဲ ခုနက မျောက်မကိုလည်း 
ခဲလေးနဲ့ပေါက်ကြည့်ပါလာ ဆိုတော့ 
မိန်းမဖြစ်သူပေါက်လိုက်တာ မျောက်ထီးက 
သူရောအပေါက်ခံရမှာစိုးလို့ မျောက်မကိုထားပြီး 
လွှတ်ရာကျွတ်ရာ ပြေးပုန်းပါလေရော။

 အဲ့နောက် ယောက်ျားက ပြောတယ် 
တချို့တွေရဲ့ romantic ဆိုတာတွေကိုမြင်ပြီး 
မင်းတို့ အရူးမဖြစ်ကြစမ်းပါနဲ့၊
 တော်တော်များများက ရင်ထဲဘာမှမရှိပေမယ့် 
အရမ်းချစ်တတ်သလို ထင်နေရတာ။ 
တချို့သူတွေကတော့ ဘာမှမပြတတ်ပေမယ့် 
သူတို့ရင်ထဲမှာအချစ်တွေအပြည့်နဲ့ပါ။ 

ဆိုးတာတစ်ခုက လောကမှာ
 မျောက်ထီးတွေက ပေါနေပြီး 
ခြင်္သေ့ထီးတွေက ရှားတယ် 

အနားမှာ ရှိတဲ့ ယောက်ျား ကောင်းတွေကို 
တန်ဖိုးထားပေးပါ

#Crd
#YeHtwe#Credit#