လူတွေက ပြောကြတယ်။
ကျွန်မ ပြုံးမိတယ်။
သူများပိုက်ဆံကို အချောင်လိုချင်တဲ့သူတွေ၊
လိမ်လည်လှည့်ဖြားပြီး ပိုက်ဆံရှာတဲ့သူတွေ၊
ခန္ဓာကိုယ်ကိုရင်းပြီး ဂုဏ်သိက္ခာကိုချနင်းပြီး
ပိုက်ဆံရှာနေကြတဲ့သူတွေထက်~
ကိုယ်ရှာထားတဲ့ပိုက်ဆံကို
ကိုယ်ကပ်စီးနည်းတာ
ကျွန်မ အပြစ်လား??
တချို့ပစ္စည်းတွေဆို~
ကျွန်မ မကိုင်ဖူးဘူးတဲ့။
ကျွန်မက out of date ဖြစ်တယ်တဲ့။
ကမ္ဘာကျော် branded ပစ္စည်းတွေ
ကျွန်မ မဝယ်ဘူးရှင့်၊
မသုံးရလည်း ဘာမှမဖြစ်တဲ့~
ကျွန်မ မဝယ်လို့လည်း ဘာမှမဖြစ်တဲ့~
ကျွန်မက သူများတွေကိုင်တဲ့ ပစ္စည်းတိုင်း၊
သူများဝယ်တဲ့ ပစ္စည်းတိုင်း ၊
လိုက်ကိုင် , လိုက်ဝယ်ဖို့
ကျွန်မ မကြိုးစားဘူး။
လောကမှာ-
ကိုယ့်အတိုင်းအတာနဲ့ ကိုယ်၊
ကိုယ့်အထွာနဲ့ ကိုယ်~ ရှင်သန်မှ၊
ကိုယ့်ဘဝနဲ့ ကိုယ် ~အဆင်ပြေမယ်
ဆိုတာ သိနေတဲ့ ကျွန်မက-
ကိုယ့်ခံယူချက်နဲ့ကိုယ် ရှင်သန်နေထိုင်ပါတယ်။
တချို့ပွဲတွေ ~ ကျွန်မ မသွားဘူးတဲ့။
တချို့နေရာတွေ ~ကျွန်မ မလာဘူးတဲ့။
ဟုတ်ကဲ့ရှင့်။
လူမှုရေးကောင်းဖို့ -
ကျွန်မ အမြဲ ကြိုးစားပါတယ်။
အားလုံးနဲ့လိုက်လျောညီထွေနေဖို့လည်း
အမြဲ ကြိုးစားပါတယ်။
ဒါပေမယ့်-
မသွားလည်း ရတဲ့ ပွဲတွေ၊
မလာလည်း ဘာမှ မဖြစ်တဲ့ နေရာတွေ၊
မကောင်းတတ်လို့ ဖိတ်တဲ့ သာရေး,နာရေးတွေ၊
အားနာပြီး သွားရတဲ့ နေရာတွေကို...
အချိန်ကုန်, ငွေကုန်ခံပြီး သွားမယ့်အစား
သွားသင့်သွားထိုက်တဲ့ နေရာတွေကိုပဲ
စိတ်အားထက်သန်စွာ သွားပါတယ်။
ကျွန်မက -
ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုသတဲ့။
လူတွေက ဟားကြတယ်...။
သူများအထင်ကြီးအောင်
သုံးပြ,ဖြုန်းပြမှ~ လူရာဝင် အဖက်လုပ်တဲ့
လူ့အသိုင်းအဝိုင်းထဲက
ကျွန်မကို ဖယ်ထုတ်လိုက်ပါ။
ကျွန်မရဲ့ အရည်အချင်း၊
ကျွန်မရဲ့ ဖြစ်တည်မှုသက်သက်ကိုပဲ
လက်ခံပေးတဲ့.....အသိုင်းအဝိုင်းလေးထဲမှာပဲ
ကျွန်မ နေပါရစေရှင့်။
ပိုက်ဆံ စုတာဟာ~
ပိုက်ဆံ မစုဘဲ
သူများငွေကို လိုက်လံ လိမ်ခိုးနေတဲ့
လူလိမ်တွေထက်တော့-
အများကြီးသာပါတယ်။
ကျွန်မက ပိုက်ဆံဆို တွက်ချက်သတဲ့။
ဟုတ်ကဲ့-
ဘယ်လောက်ငွေကို~
ဘယ်အတွက် ကုန်ကျရမလဲ ?
ကျွန်မ သိချင်တယ်။
ကျွန်မ အခြေအနေနဲ့ ...
ဒီငွေ ကုန်သင့်သလား?
မကုန်သင့်ဘူးလား?-
ကျွန်မ သိမှ ဖြစ်မယ်။
ဒါ့ကြောင့်-
မေးတယ်၊ စဉ်းစားတယ်၊
ကျွန်မ စိတ်ကျေနပ်မှ~
သုံးသင့်တယ်လို့ ထင်မှ~ သုံးတယ်ရှင့် ။
ဘယ်သူတွေ...
ဘယ်လောက်တောင် သုံးတယ်။
ဘယ်သူတွေဆို...
ဘယ်လောက်ဖိုး ဝယ်တယ် ။
ဘယ်သူကတော့...
ဘယ်လောက် လှူတယ်ဆိုတဲ့-
နှိုင်းယှဉ်မှုတွေ လာလာ မပြောကြပါနဲ့။
သူတို့က ~သူတို့
ကျွန်မက ~ကျွန်မပါပဲ...။
သူများငွေတွေနဲ့~
အကောင်းစားတွေ ဝယ်။
သူများငွေတွေနဲ့~
အကောင်းဆုံးနေရာတွေ သွားပြီး
မရှက်စတမ်း
မျက်နှာပြောင် တိုက်ရဲတဲ့ခေတ်မှာ-
ကိုယ့်ငွေကို ကိုယ်သုံးပြီး~
လိပ်ပြာသန့်သန့်နဲ့ နေရတာ
ကျောအေးပါတယ်။
ကျွန်မ ဘဝမှာ-
ကျွန်မ မိသားစု ရှိတယ်။
ကျွန်မ ရည်မှန်းချက် ရှိတယ်။
ကျွန်မတို့ ရှေ့ရေး ရှိတယ်။
ကျွန်မ အနာဂတ်အတွက်~
ကျွန်မ ဘဝကို ကျွန်မ စိတ်တိုင်းကျ
တည်ဆောက်နေတဲ့အချိန်မှာ-
ဘေးက သတ်မှတ်ချက်တွေ, ဝေဖန်မှုတွေ,
သူတို့ လိုရာပုံကို လာလာ ပုံသွင်းမှုတွေကို
ဂရုမစိုက်ခဲ့ရင် စိတ်မဆိုးကြပါနဲ့။
ကျွန်မရဲ့အကြောင်း-
သေချာ နားလည်ပေးတဲ့
ကျွန်မ မိတ်ဆွေရင်းတွေနဲ့သာ
ကျွန်မ နေပါရစေ။
ပိုက်ဆံ ကပ်စီးနည်းလို့
ငွေမသုံးလို့ , branded တွေ မကိုင်လို့,
လူရာ မဝင်ဘူးဆို-
လာ မပေါင်းကြပါနဲ့။
အရာရာ ငွေရှိမှ~
အဆင်ပြေမယ့်ခေတ်ကြီးမှာ-
ကျွန်မအနာဂတ်အတွက်
ကျွန်မမိသားစုရှေ့ရေးအတွက်
ကျွန်မ ငွေစုရပါမယ်။
သုံးသင့်,သုံးထိုက်တာကို~ သုံးပြီး၊
ချွေတာသင့်တာ~ချွေတာရပါမယ်။
ဘာတွေပဲ ဝေဖန်,ဝေဖန်
ကိုယ့်ဘဝမှာ ကိုယ်သာ အဓိကသာမို့~
ပါးစပ်ညောင်းရင်
အလိုလိုပိတ်သွားကြမယ့်...
လူတွေရဲ့ပါးစပ်ပုပ်တွေကို
အခုနောက်ပိုင်း -
နားထဲမှာ ထည့်ပြီး
နားမထောင်ဖြစ်တာ ကြာပါပြီ ။
ဟုတ်ကဲ့-
ကျွန်မ ကပ်စီးနည်းပါတယ်။
ကျေးဇူးပါရှင့်...။
Photo>>credit