သားလေးမွေးပြီး ကတည်းက သားအတွက်ဆိုပြီးဝယ်ထားပေး တဲ့
ကားကို တကြိမ်တခါ မှမသုံးပဲ ကား ဂိုဒေါင်ထဲမှာ၂၃နှစ်တိုင်တိုင် သိမ်းထားပေး ခဲ့တယ်
ကျောင်းပြီးသွားတဲ့ချိန် ဂုဏ်ပြုလက်ဆောင်အဖြစ် ဒီကား နဲ့
Surprise လုပ်ပေး မယ်ပေါ့....
ဖခင်က သားကို ပြောတယ် ကားကိုအပိုင်မပေးခင် ဒီကားဘယ်လောက်တန်လဲ သိရအောင် တစ်ပတ်နွမ်းကားစျေးတန်းမှာ သွားပြကြည့်ပါလို့ပြောလိုက်တယ်...။
သူ့သား က တစ်ပတ်နွမ်းကားစျေးတန်းမှာ သွားပြပြီး အဖေရေ သူတို့က $ 1000 ပဲပေးမယ် လို့ပြောကြတယ်....ဘာလို့လဲဆိုတော့ ကားက နည်းနည်းဟောင်းနေလို့တဲ့။
ဒါနဲ့သူ့အဖေက သား ရေဒီတစ်ခါ
အပေါင်ဆိုင်ကို သွားပြကြည့်ပါအုံးလို့ ခိုင်းပြန်ပါတယ်။
သားက လည်း အပေါင်ဆိုင်ကိုသွားပြတယ်...ပြီးတော့ အဖေရေ
သူတို့က $ 100 ပဲ ပေးမယ်လို့ပြောကြတယ်။ ဘာလို့လဲဆိုတော့ ကားကအရမ်းအိုနေပြီတဲ့....
ဖခင်က သား ရေ ဒီတစ်ခါတော့
ကားပြပွဲ car show အသင်းဆီကို ယူသွားကြည့်ပါလို့ပြော ပါတယ်။
သားက ကားပြပွဲအသင်းဆီ ကားကိုပြလိုက်တဲ့အချိန်
ကြားလိုက်ရတဲ့ စကားကြောင့် အရမ်းကို စိတ်လှုပ်ရှားသွားစေတယ်....
အဖေ အဖေ သူတို့က ကားကို $100000 ပေးမယ်တဲ့ ။
ဘာလို့လဲဆိုတော့ ဒီကားက ရောင်းရအကောင်းဆုံးနဲ့ ခုဆိုရှားပါးကားဖြစ်တယ် လို့ ပြော ကြတယ်....
ဖခင်က ဒီမှာ ''သား ရေ #မှန်ကန်တဲ့နေရာမှာသာ
တန်ဖိုးထားမှုခံရကြ တာပါ...
သား ကို တန်ဖိုးမထားကြရင် အသိအမှတ် မပြုကြရင်
ဝမ်းမနည်းပါနဲ့။ စိတ်လည်း မဆိုးပါနဲ့။
အမြဲ မှတ်ထားပါ သား......
ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက #သားအတွက်နေရာမှန်မဟုတ်လို့ပဲ
သားရဲ့ ''တန်ဖိုး'' ကို နားလည်တဲ့ နေရာမှာသာ
သားကို အသိအမှတ်ပြုကြမှာ။
ပြောချင်တာက-သင့်တန်ဖိုးကိုနားမလည်တဲ့နေရာမျိုးမှာ_အချိန်အကြာကြီး_မဖြုန်းပါနဲ့......
#Credit