ပါချုပ်ဆရာတော်ဘုရားကြီးမိန့်တာပါ။

(၁)အလှုအတန်းတွေဘယ်လောက်လုပ်လုပ်

(၂)တရားစခန်းတွေဘယ်လောက်သွားသွား

(၃)ပဌာန်း ပရိတ်တွေဘယ်လောက်ရွတ်ရွတ်

(၃)ဓမ္မစင်္ကြာတွေဘယ်လောက်ရွတ်ရွတ်

(၄)မဟာသမယသုတ်ကိုဘယ်နှစ်ကြိမ်
     ရွတ်ပြီးသည်ဟုဆိုဆို

(၅)ပဌာန်း ၅ ကျမ်းလုံးကို
     ဘယ်နှစ်ကြိမ်မြောက်ပူဇော်ပြီးသည်
     ဖြစ်ဖြစ်

(က)တစ်ဖက်လူအကျိုးယုတ်အောင်
     မြှောက်ပင့်ပေးတတ်သူဆိုပါက

(ခ)မကောင်းသည့်ကိစ္စကိုလုပ်ဖို့ တိုက်တွန်း
      ပေးတတ်သူဆိုပါက

(ဂ)သင့်မြတ်နေသူတို့ကို
    မသိမသာ....ရန်တိုက်ပေးတတ်သူဆိုပါက
     ရန်ထောင်ပေးတတ်သူဆိုပါက
     စိတ်ဝမ်းကွဲအောင်လုပ်တတ်သူဆိုပါက
     အယုံအကြည်မဲ့အောင်လျှောက်ပြော
     တတ်သူဆိုပါက....
     သူယုတ်မာအဆင့်မျိုးသာရှိသေးကြောင်း
     သိထားပါ။

    ထို့ကြောင့် 
    စိတ်ကောင်းရှိဖို့ပထမဟု
    သူတော်ကောင်းတို့ဆုံးမခဲ့ပါသည်။

    စိတ်ပုပ်စိတ်ယုတ်ရှိနေသမျှ....
    လုပ်နေသမျှကုသိုလ်အလုပ်တွေ
    အကျိုးပေးမကြီးမားကြောင်း သိထားပါ။

ထို့ကြောင့် 
    စိတ်ကောင်းထားပါ။
    စိတ်ထားကောင်းပါ။
    မြင့်မြတ်သောစိတ် မွေးမြူကျင့်ကြံပါ။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 
 
Credit:

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကလဲ ထိုနည်းတူစွာ မိန့်ခဲ့ဖူးတာ
ပိဋကတ်၃ပုံ အနှစ်ချုပ်ရင်
#စိတ်ကောင်းရှိဖို့ကပထမ "ပါပဲတဲ့ဘုရား