သူကက ဟောလိဝုဒ်ရဲ့ နာမည်ကျော် Matrix မင်းသား Keanu Reeves ပေါ့
အသက်၃နှစ်မှာ ဖခင်ဖြစ်သူကစွန့်ပစ်သွားခဲ့လို့
ပထွေး သုံးယောက်နဲ့ ကြီးပျင်းလာခဲ့ရသူဖြစ်တယ်
သူ့မှာ ဦးနှောက်မမှန်ပဲ စာဖတ်ဖို့အခက်အခဲရှိတဲ့
dyslexic ရောဂါကလည်းရှိနေပါတယ်
သူငယ်စဥ်ကဟော်ကီအားကစားသမားဖြစ်ဖို့ ရည်မှန်းချက်ရှိခဲ့ပေမဲ့ မတော်တဆထိခိုက်မှုတစ်ခုက သူ့အိပ်မက်တွေကိုဖျက်ဆီးခဲ့ပါတယ်
သူ့သမီးလေးဟာ မီးတွင်းထဲမှာဆုံးပါးခဲ့တယ်
သူ့ဇနီးက ကားတိုက်မှုနဲ့ သေဆုံးခဲ့ရတယ်
သူ့အမဖြစ်သူဟာ သွေးကင်ဆာဝေဒနာကို ခံနေရပြီး
သူ့ရဲ့ best friend တစ်ယောက်ဖြစ်တဲ့ River Phoenix ကတော့ ဆေးလွန်ပြီး သူ့ကိုခွဲသွားခဲ့ပါတယ်
သက်တော်စောင့်မရှိ အိမ်ကြီးအိမ်ကောင်းနဲ့
လည်းမနေဘဲပုံမှန်လူတွေနေတဲ့
ရိုးရိုးအခန်းငယ်လေးမှာနေတဲ့ Keanu Reeves
ဟာ မြို့ထဲမှာတစ်ယောက်ထဲ
သွားလာနေလေ့ရှိပြီး နယူးယောက်မြို့ရဲ့
မြေအောက်ရထားတွေပေါ်မှာလည်း သူ့ကိုတွေ့ရတတ်ပါတယ်
"The Lake House"ဆိုတဲ့ရုပ်ရှင်ကိုရိုက်နေတုန်းက အဝတ်အစားပြင်ဆင်ရေးကအကူ နှစ်ယောက်စကားပြောသံကိုသူကြားခဲ့တယ်
အဲ့သည့်ထဲကတစ်ယောက်ဟာ ဒေါ်လာ၂၀၀၀၀ ကိုနေ့ချင်းပြီးမပေးဆပ်နိုင်ရင် အိမ်ကိုဆုံးရှုံးရတော့မယ်ဆိုတာကိုသူသိလိုက်တဲ့အခါ
သူ့ရဲ့ဘဏ်အကောင့်ထဲကနေ ချက်ခြင်းကူညီပေးခဲ့ပါသတဲ့
သူဟာသူ့ရဲ့ဘဝမှာ အောင်မြင်တဲ့ The Matrix ရုပ်ရှင် ကားတွေရိုက်ခရတဲ့ ဒေါ်လာ၇၅သန်းအပါအဝင်
ငွေကြေးအမြောက်အမြားကို ဆေးရုံတွေမှာ အကြိမ်ကြိမ်လှူဒါန်းခဲ့သူပါ
၂၀၁၀ တုန်းကသူ့ရဲ့မွေးနေ့မှာသူက ပေါင်မုန့်ဆိုင်တစ်ခုကိုသွားခဲ့ပြီး brioche ပေါင်မုန့်ကလေးတစ်လုံးနဲ့
ဖယောင်းတိုင်တစ်တိုင်ကိုဝယ်ခဲ့ပြီး
ဆိုင်ရှေ့မှာ တစ်ယောက်ထဲထိုင်စားခဲ့တယ်
ဆိုင်ရှေ့ကဖြတ်သွားကြသူတွေကို သူကသူ့မွေးနေ့အဖြစ် ကော်ဖီသောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်
လမ်းသွားလမ်းလာတွေဟာ သူနဲ့အတူ ကော်ဖီသောက်ရင်း မွေးနေ့ဆုတောင်းစကားတွေအပါအဝင်
စကားတွေစုဝေးပြောခဲ့ကြပါတယ်
၁၉၉၇ ခုနှစ်တုန်းကတော့ ပါပါရာဇီတွေဟာ
သူ့ကို လော့စ်အင်ဂျလိစ်က အိမ်ရာမဲ့တွေရဲ့ နေရာမှာ
သူ့ရဲ့ဘဝဇာတ်လမ်းအတွေ့အကြုံတွေဟောပြောနေတာကို မှတ်တမ်းရယူနိုင်ခဲ့တယ်
ဘဝမှာ ရင်ထဲက နာကျင်မှုဝေဒနာတွေဟာ
စာနာမှုတွေအဖြစ် ပြောင်းလဲသွားတတ်တာကို
သူက သက်သေပြခဲ့ပါတယ်
သူဟာ အရာအားလုံးနီးပါး ဝယ်နိုင်ပါလိမ့်မယ်
ဒါပေမဲ့ သူက ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေကိုဘဲ ရွေးချယ်ဖို့ မနက်ခင်းတိုင်းမှာ ဆုံးဖြတ်နေသူတစ်ယောက်ဖြစ်နေတာကတော့အမှန်ပါ
👉 To be a caring person. ❤
သဒ္ဓါအားဖြင့်
