မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်
_________________________
ဘဝမှာတစ်ယောက်ထဲ ရုန်းကန်နေရလို့ စိတ်ဓါတ် မကျနဲ့။
တစ်ယောက်ထဲဆိုလည်း တစ်ယောက်ထဲဖြစ်အောင်လုပ်၊
အားမငယ်နဲ့ ။
လူတိုင်းမှာ ပြီးပြည့်စုံတဲ့ မွေးရာပါ
ပါရမီဆိုတာ ဘယ်သူမှ ပါမလာကြဘူး ။
ဖန်ဆင်းရှင် ဆိုတာမိမိကိုယ်တိုင်ပဲ၊
ဘဝဆိုတာ လှေငယ်တစ်စင်းနဲ့ တူတယ် ။
ကိုယ်ဦးတည်ရာကိုရောက်ဖို့ ကိုယ်တိုင်ပဲ့ကိုင်နိုင်ရမယ် ။
ဘယ်သူမှအားမကိုးနဲ့ ။
ဘယ်သူမှ မယုံကြည်နဲ့ ။
ငွေမရှိရငိ လောကကြီးမှာနေရတာ
မျက်နှာငယ်တယ် ။
အချစ်ဆိုတာလည်းငွေရှိမှ
အချစ်ရှိတာ ။
အမျိုးဆိုတာ ရွှေရှိမှ အမျိုးတော်ချင်ကြတာ ။
ဒါက လောကလူ့သဘာဝရဲ့ နိယာမပဲ၊
ကိုယ့်သမိုင်းကိုယ်ရေးပါ ။
ကိုယ်လျှောက်မယ့် လမ်း ကိုယ်တိုင်းဖောက်ပါ ။
ကိုယ်အဆင်ပြေရင် သပြေပန်းနဲ့ လက်ကမ်းကြိုဆိုမယ့်သူတွေများပေမယ့်၊
ကိုယ်အဆင်မပြေရင် ဘယ်သူမှ တိုင်မှတ်လို့ နှပ်တောင်လာမသုတ်ဘူး ။
ယုံကြည်ရသူဆိုတာ မိဘကလွဲရင် အခြားဘယ်သူမှ မရှိဘူး။
ခုခေတ်က
မျက်နှာချင်းဆိုင်မိရင် ပြုံးပြုံးလေးနဲ့ ပိုက်ဆံချေးမယ်၊
ကျောခိုင်းလိုက်တာနဲ့ မဲ့ရွဲ့အတင်းပြော
နောက်ကျောဓါးနဲ့ထိုးဖို့ ချောင်းနေကြသူချည်းပဲ။
ဘဝဆိုတာ လက်တွေ့ခံဖူးမှ ကိုယ်ချင်းစာတတ်တာ ၊
လက်တွေ့မခံစားဖူးသူက ကိုယ်ချင်းမစာနာတတ်ဘူး။
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြတယ် ။
ကိုယ့်လက်မီးလောင်မှ ပူမှန်းသိကြတယ် ။
အပြောကောင်းတဲ့ လူတွေကို သတိထား ။
အပြုံးချိုချိုလေးနဲ့လုပ်စားသူတွေကို သတိထား ။
မယုံနဲ့ ဘယ်အရာ မှ အလကာ း မရဘူး ။
ယုံကြည်စိတ်ချရပါတယ်ဆိုတဲ့သူတွေကို ပိုသတိထား။
ကိုယ်လုပ်မှ ကိုယ်ရမှာ
(ဘိုးဘိုးအောင်"မ"တယ်၊
ကိုကြီးကျော်"မ"တယ်ဆိုတယ်
ယုံတမ်းစကားတွေ )
တကယ်တမ်း"မ"ရမှာ ကိုယ့်ကိုယ်တိုင်ပဲ။
ကိုယ့်ဘဝမြင့်အောင် ဘယ်ဖန်ဆင်းရှင်မှ လုပ်မပေးနိုင်ဘူး ။
ကိုယ်သာလျှင် ကိုယ့်ရဲ့ဖန်ဆင်းရှင် အစစ်ဖြစ်တယ် ။
ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက်ပဲ၊
ဗုံလုံ တစ်လှည့် ငါးပျံတစ်လှည့်ပဲ။
အမြဲတမ်း နိမ့်ကျမနေဘူး ၊
အပြောင်းအလဲဆိုတာ အမြဲရှိတယ် ။
အပြောင်းအလဲဆိုတာ သိပ်ကြောက်စရာကောင်းတယ်၊
ဒါပေမယ့် အဲဒါသင်ခန်းစာတွေပဲ
ယူတတ်ရင် ရမယ် ။
ကိုယ့်ကို နာကျင်အောင်လုပ်သူတွေက
တစ်ခြားသူတွေမဟုတ်ဘူး ။
လက်ညှိုးမထိုးနဲ့၊
နာကျင်အောင်လုပ်သွားသူတွေက
ကိုယ်ချစ်ရဆုံးသူတွေပဲ ။
ယုံစားထားရင် ပုံစားသွားမှာပဲ ။
ဘာပဲဖြစ်ဖြစ် လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာအလိုကျ ကရတဲ့အခါ
မင်းသား၊မင်းသမီးနေရာက သရုပ်ဆောင်ရတာရှိသလို
တခါတလေ လူကြမ်းနေရာကနေ သရုပ်ဆောင်ရတာလဲရှိတာပဲ ။
ဝမ်းနည်းမနေနဲ့ ။
စိတ်ဓာတ်ကျမနေနဲ့ ။
ငေးမှိုင် တွေးပူ နောင်တနဲ့လူ လုပ်မနေနဲ့ ။
ဖြစ်ပြီးခဲ့သမျှတွေကို အလောင်းပိုက်ဆွေးမနေနဲ့။
တောင့်ခံထား ,အားတင်းထား၊
ကံဆိုးခြင်းတွေပီးရင် ကံကောင်းခြင်းတွေရောက်လာလိမ့်မယ် ။
မုန်တိုင်းပြီးရင် လေပြေလာသလိုပေါ့ ။
အဓိက စိတ်ဓာတ်ခိုင်မာဖို့၊
စိတ်ဓါတ်မကျဖို့နဲ့ ဘဝကို လွယ်လွယ်နဲ့ အ ရှူံး မ ပေးကြဖို့ပဲ။
အောင်မြင်တာရှိသလို ရှုံးနိမ့်တာလည်းရှိမှာပဲ ။
ခဲတံကျိုးသွားရင် ခဲတံကို ပြန်ချွန်ရမှာပဲလေ။
အောင်နိုင်သည်ဖြစ်စေ၊
ရှုံးနိမ့်သည်ဖြစ်စေ၊
အဓိကခံနိုင်ရည်ရှိဖို့နဲ့ စိတ်ဓာတ်တွေ
ကျိုးပျက်ယိမ်းယိုင်မသွားဖို့ပဲ အရေးကြီးတယ် ။
ဖြစ်ချင်ရုံသက်သက်နဲ့ ဘာမှဖြစ်မလာဘူး၊
တဆင့်ချင်း ဖြစ်အောင် လုပ်နိုင်၊လုပ်တတ်ရမယ်။
ကျွဲတောင် မွေးကတည်းက ဂျိုပါရင် မွေးလို့မရဘူးဆိုတာ သိရမယ်။
လဲရင်ပြန်ထ လူ့ဘဝပဲ၊
လဲကျသွားမှာ မစိုးရိမ်ပါနဲ့၊ ပြန်မထနိုင်မှာကိုပဲ စိုးရိမ်လိုက်ပါ။
ဘဝမှာ ဘယ်နှစ်ခါလဲကျမလဲ၊
လဲကျတိုင်း အကြိမ်ကြိမ်ပြန်ထနိုင်အောင် ကြိုးစားပါ။
လဲကျရာက ပြန်မထဘူးဆိုရင် လူကနေ တွားသွားသတ္တဝါ ဖြစ်သွားမှာပေါ့။
Far away is far away only if you don't go there.
(မသွားပဲနေရင်သာ ဝေးတယ်လို့ ဖြစ်နေတာပါ။)
