မင့်တို့ လှတောသားတွေနှင့် စကားပြောကြည့်ချင်လို့တဲ့ ရန်ကုန်က စာရေးဆရာတွေက အဲလိုလဲ ပြောလိုက်ရော ကိုကျော်မြင့်ဆိုတဲ့ လှတောသားက ပြန်ပြောတယ် “ရပါတယ် ဆရာကြီးတို့….ကျွန်တော်တို့နှင့် တွေ့ရင်တော့ သွားဆရာဝန်နှင့် တွေ့သလိုပါပဲ” တဲ့။ ဘာဖြစ်လို့တုန်းလို့မေးတော့ “ဆရာကြီးစဉ်းစားကြည့်လေ သွားဆရာနှင့်တွေ့ရင ပါးစပ်ကို ဖြဲ မပြရဘူးလား?” ပြရတာပေါ့ ဒါမှ သွားမြင် ကုလို့ရမှာပေါ့ “အဲလိုပဲ ကျွန်တော်တို့နှင့်တွေ့ရင် ကျွန်တော်တို့က ရီစရာပြောမှာ ပြောရင် ဆရာကြီးက ရီအုံးမှာ ရီရင် ပါးစပ်ကိုဖြဲပြရအုံးမှာ သွားဆရာဝန်နှင့် တွေ့သလိုပါပဲတဲ့” လှတောသားစစ်တယ်ကွ
သူ့ကို မိတ်ဆက်ပေးတယ် ဟိုကားအရှေ့ခန်းက လူက စာရေးဆရာအီကြာကွေးပဲလို့ ပြော လိုက်တယ်။ အဲလိုပြောလိုက်ရော လှတောသားက ချင်းချင်းထွက်လာတယ်ဗျ “ဆရာကြီး နာမည်က ကောင်းလှချည်းလားတဲ့ မနက်လင်းလို့ လက်ဖက်ရည်ဆိုင်သွား မုန့်ဖိုးမကုန်တော့ ဘူး ကိုယ့်နာမည်နှင့်ကိုယ် တို့မြည်းလိုက်ရုံပဲ”တဲ့
ဒါနှင့် လှတောသားတွေ (၆)ယောက်နှင့် စာရေးဆရာ (၃)ယောက် လက်ဖက်ရည်ဆိုင်မှာ စကားပြောကြတော့ လှတောသားက-
စက်ဘီးတာယာ ပါးလိုက်ပုံများ ဆံပင်ညှပ်ဆိုင်ရှေ့တောင် ဖြတ်မစီးရဲဘူး။ ဘာဖြစ်လို့တုန်း ဆိုတော့ ဆံပင်ငုတ်တိုလေးနှင့် တွေ့ရင်ပေါက်သွားလိမ့်မယ်တဲ့။ (အတ္တိသယဝုတ္တိအလင်္ကာ)
အောက်ပြည်အောက်ရွာသွားတော့ အဲဒါ မြစ်ဆိပ်ကမ်းပဲလို့ ပြောတာနှင့် ငုတ်ကြည့်လိုက် တော့…ဆရာကြီးရေတဲ့ လှေသမ္ဗန်လေးတွေ တန်းစီ ဆိုက်ထားလိုက်တာ အလှူအိမ်မှာ ဖိနပ်တွေချွတ်ထားတာ ကျနေတာပဲတဲ့။ (ဥပမာအလင်္ကာ)
အလှူမှာ ကျွေးတဲ့ ငါးခြောက် ငံလိုက်ပုံများဖြင့် မူးမြစ်ကမ်းဘေး မေးတင်နေရတယ်။ အော် ဘာဖြစ်လို့တုန်းဆိုတော့ ငါးခြောက်ကငံလွန်းတော့ ရေခဏခဏ ငတ်တော့… ရေအိုစင်ကို မသွားနိုင်တော့ပါဘူးတဲ့။ မူးမြစ်ကမ်းဘေးမေးတင်ပြီး အော်တိုမတ်တက် သောက်နေရတယ်တဲ့။ (အတ္တိသယဝုတ္တိအလင်္ကာ၊ ဝင်္ကဝုတ္တိအလင်္ကာ)
မြို့ပေါ်က စစ်ကြောင်းကြီး(၄)ကြောင်း အုပ်ချုပ်ရေးမှူး၊ လုံခြုံရေးမှူး၊ ပညာရေးမှူး အရာရှိကြီးတွေပေါ့ဆရာကြီးရယ် ကျွန်တော်တို့ လှတောကို ရောက်လာတယ် နေ့လည်(၁)နာရီရောက်လာတော့  အတော်ဆာလာပုံရပါတယ်တဲ့ ဒါတော့ ကျွန်တော်တို့က ပြောင်းဖူးပြုတ်တွေချကျွေးလို့ စားလိုက်ကြတာ ဘာဂျာ ပြိုင်မှုတ်နေတာ ကျနေတာပဲတဲ့ (ဥပမာအလင်္ကာ)
လှတောသားက စပါးဒိုင်သွားပြီး စပါးရောင်းတယ်တဲ့ ဒိုင်မှူးက ငွေရပြေစာမှာ လက်မှတ်ထိုးတော့ သူများအတုထိုးလို့မရအောင် ပစ်စလက်ခတ်ရှုတ်ထွေးအောင်ထိုးလိုက်တာ လှတောသားကကြည့်ပြီး လုပ်မနေပါနှင့် ဆရာကြီးရေတဲ့ တံမျက်စည်း မင်စွတ်ရိုက်ပြီးတာပဲတဲ့။
ခင်ဗျားတို့ လှတောမှာ ယောက်ျားတွေပဲပြောတတ်သလား? မိန်းမတွေရော မပြောတတ်ဘူး လားလို့မေးတော့ လှတောသားက ပြန်ပြောတယ်။ “ပြောတပ်တာပေါ့ဆရာကြီးရေတဲ့” ကျွန်တော်က ကျွန်တော့်မိန်းမနှင့် ရန်ဖြစ်တော့ ကျိန်းမောင်းပြီး ပြောလိုက်တာ “မင့်ငါ့ကို ဘာကောင်မှတ်သလဲ? ငါတို့ ယောက်ျားဆိုတာ လှေကား သုံးထစ်ဆင် လူပျိုဖြစ်တယ်ကွ” လို့ ပြောလိုက်တာ ကျွန်တော့် မိန်းမက ချင်းချင်းပြန်ပြောတယ် “ရှင်ကမှ လှေခလါးသုံးထက် ဆင်းနေရအုံးမယ်တဲ့။ ကျွန်မက တစ်ထစ်မှ ဆင်းစရာမလိုဘူးတဲ့၊ အိမ်ပြတင်းပေါက်ဖွင့်ပြီး လက်ယမ်းခေါ်လိုက်ရင် အပျိုဖြစ်တယ်တဲ့”
ခင်ဗျားတို့ကလဲ သိပ်ရီရတာပဲနော်လို့ပြောတော့ “ဟုတ်တယ်ဆရာကြီးတဲ့ သူတို့ အချင်းချင်း တွေ့ရင်လဲ အဲဒီလိုပဲ ရီနေရတာပဲတဲ့၊ ရီနေတော့ ကျန်းမာတယ်တဲ့ ဆေးခန်းလိုက်ရဘူးတဲ့၊ ဒါကြောင့် ဆရာဝန်တွေ ကျွန်တော့်တို့စီကိုလာရင် မပျော်ဘူး၊ ဘယ်ပျော်မလဲ ကျွန်တော်တို့က ကိုယ့်အချင်းချင်းတွေ့ ရီနေကျတော့ သူ့ဆီ ဘယ်သူမှမသွားဘူး။ ဆရာဝန်တစ်ယောက်တော့ ရောက်လာတယ်ခင်ဗျာတဲ့၊ သူရောက်ပြီး(၃)ရက်လောက်ကြာတော့ လူနာတစ်ယောက် ဆေးသွားထိုးရတယ်တဲ့….ဘာဖြစ်လို့လဲမသိပါဘူး ဆရာကြီးရေ သေသွားတယ်တဲ့၊ အို….ဒါက တစ်ယောက်တစ်လေ မတော်တဆဖြစ်တတ်တာပဲလို့ ကျွန်တော်တို့က ပြဿနာ မရှိပါဘူးတဲ့၊ နောက် (၇)ရက်လောက်နေတော့၊ နောက်တစ်ယောက်သွားထိုးပြန်တယ် ဆရာရေ ….သေတာပဲ။ အေးလေ နှစ်ယောက်လောက်ကလဲ ဆက်တိုက်ဖြစ်ချင်ဖြစ်နိုင်တာပဲ၊ ကျွန်တော်တို့က ပြဿနာမရှာပါဘူး၊ ဆေးထိုးရမှာတော့ ကြောက်သွားတယ်ခင်ဗျာတဲ့။ နောက်လဲ တစ်ယောက်က မလွဲသာမရှောင်သာ သွားထိုးရပြန်တယ်တဲ့…. သေတာပါပဲတဲ့။ အင်း…ဒါကျတော့ နဲနဲတော့ များသွားပြီးလို့။ ဒါနဲ့ ကျွန်တော်တို့ အထက်ကို တိုင်စာပို့လိုက်ရ တယ်တဲ့၊ “အဲဒီဆရာဝန်ကု မြန်မြန်ပြောင်းရင်လဲ ပြောင်းပေးပါ၊ မပြောင်းပေးနိုင်ရင်လဲ သင်္ချိုင်းကုန်ကို ချဲ့ပေးပါတဲ့။ အဲဒါ လှတောသားတိုင်တဲ့နည်းပါပဲတဲ့။ အထက်လူကြီးတွေကို သက်သက်ညှာညှာရှိပါတယ်၊ နည်းလမ်းနှစ်သွယ်တင်ပြထားတယ်၊ အဲဒီဆရာဝန်ပြောင်းသွား လားလို့မေးတော့ “ပြောင်းတာပေါ့ ဆရာကြီးရယ်၊ သင်္ချိုင်းကုန်းချဲ့ရတာ ခက်တယ်။
အဲဒါနှင့် ကျွန်တော်က လှတောဆိုတာ အညာဒေသဆိုတော့ ရေရှားတယ်ထင်နေတာ ရေပေါပုံ ရတယ်နော်လို့ပြောတော့ တစ်ယောက်က ပြန်ပြောတယ်။ ရေပေါချက်ကတော့ ကြက်သအုပ်မ နှစ်ခါယက် ရေထွက်တယ်ဆရာရယ်တဲ့။ ကျွန်တော်တို့နှင့် နီးတော့နီးတယ် ဝက်လက်မြို့(၇)မိုင်ပဲဝေးတယ် ဆရာကြီးရေ သူတို့ကျ ရေသိပ်ရှားတယ် ဘယ်လောက်များ ရှားသလဲဆိုရင် အဝိစိတွင်းဆိုတဲ့အတိုင်းပဲတဲ့ ဒေဝဒတ် ငယ်ထိပ်ပေါ်အောင် တူးရတယ်၊ အဝိစီရောက်သွားတယ်၊ ထွက်လာတဲ့ရေက ဘာငံသလဲမမေးနှင့် ဆရာရေ… အတို့အမြှုပ်သာ ရှာထားပေးတော့တဲ့….
ရွှေဘိုကလူတွေ စစ်ကိုင်းမှာ ဘော်လုံသွားကန်တော့ ကျွန်တော်တို့ လှတောကို ဖြတ်ရတယ်။ မော်တော်ကားနှင့်။ သူတို့များနိုင်လို့ရှိရင် ညကိုးနာရီ ဆယ်နာရီ ပွက်ပွက်ကို ညံလို့် တစ်ရွာလုံး ဘယ်သူမှ အိပ်လို့ကိုမရဘူး၊ ကျွန်တော်တို့က သိလိုက်ပါပြီ ရွှေဘိုသားတွေ ဘောလုံးပွဲ နိုင်လာပြီကွ….. သူတို့များ  ဆုံးတဲ့နေကျရင် ဘာသံမှမကြားလိုက်ဘူး၊ ကျွန်တော်ထင်တယ် လှတော မရောက်ခင် တစ်မိုင်ကတည်းက မော်တော်ယာဉ်ကို ထမ်းသွားကြတာထင်တယ်တဲ့။ ရွှေဘိုသားက မျက်နှာပျက်သွားတယ်၊ အဲဒါလှတောသားတစ်ယောက်က မြင်သွားတော့ ကျွန်တော်တို့ လှတောက ကောင်တွေလဲ မကောင်းပါဘူးတဲ့ ရေအိုင်တွေ့တိုင်း ငါးပစ်လွန်းတော့ သေးတောင်ပေါက်ထားမရဲဘူးတဲ့”