စာပေအကြောင်းပြောပေမယ့် တစ်ခါတစ်ရံ ကျောင်းဆရာဉာဉ်ပါသွားတော့ Leacure ပေးသလို ဖြစ်သွားတယ်။ သည်းခံပေးပါ။ ကျောင်းဆရာဆိုတော့လည်း ကျောင်းဆရာဉာဉ် ပါသွားလို့ ဖျောက်ပစ်ဖို့မလွယ်ဘူး။ ဘုန်းကြီးများလိုပဲ။ ဘုန်းကြီးများလဲ လူထွက်လာလို့ရှိရင် ဘယ်ဘက်ကမရမ်းဘူး၊ လက်ကညာဘက်ကပဲယမ်းတယ်။ ဘယ်ဘဘက် ချိုင်းလိပ်ကို ညှပ်ထားလို့။ ဦးလေး ဆေးလိပ်သောက်ပါလို့ ပေးတာတောင်မှ ဆေးလိပ်ကို ဒီလိုမယူဘူး။ အကပ်ခံတာအကျင့်ပါနေတယ်။ အဲဒီလိုပဲ စစ်ဗိုလ်များလဲအကျင့်ပါတယ်။ စစ်ဗိုလ်များ ပြုတ်သွားလို့ အပြင်ရောက်ပြီ လက်ရမ်းရင် ညာဘက်လက်က ဒီလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခြောက်လုံးပိတ်အိတ်ကို လွတ်အောင် လွဲရတာကိုး။ ခါးတော့ဘာမှ မရှိတော့ဘူး။ လက်ကြီးက အကျင့်ပါနေတယ်။ ပြောချင်တာက အကျင့်ဆိုတာ ဖျောက်ဖို့ခက်တယ်။ အရင်ခေတ်တုန်းက ဘုန်းကြီးလူထွက်တွေ စုပြီး ရုပ်သေးထောင်တယ် ဆိုပါတော့…… ပထမဆုံး အပျိုတော်ကထွက်လာတယ်။ အပျိုတော်ဆိုတာက စင်တိုင်ရတာ။ စင်တိုင်တယ်ဆိုတာ “မင်္ဂလာယဉ်မှတဲ့ မဏ္ဍိုင်……ရေ…….လေး” အဲဒီမှာ (၃)ဝါ လောက်ရ တဲ့ ဘုန်းကြီးလူထွက်က စင်တိုက်လိုက်တယ်။ “ မင်္ဂလာယဉ်မှတဲ့ မဏ္ဍိုင်”(ဘုန်းကြီးလေသံဖြင့်) ဘာတုန်းဟ……. အဲဒါနှင့်မဖြစ်တော့ဘူး ဆိုပြီးတော့ (မြန်မြန်ဝင်)၂  ရတယ် ၊ မြင်းတွေ၊ မျောက်တွေ ဝင်လာတယ်….. သီချင်းတွေ၊ ဘာတွေ ဘာမှ မပါဘူး။ သူဟာသူ ကခုန်ပြီးသွားတယ်။ နောက်ကျတော့ ဝန်ကြီးတွေထွက်လာတယ်။ (၅)ဝါ လောက်ရတဲ့ ဘုန်းကြီးက ဝင်စကားပြောတယ် “ ဝန်မင်းတို့ တစ်နေ့တစ်နေ့ တရားဘယ်နှစ် ထုံးများစီရင်ပါသလဲ ဝန်မင်းတို့” “တစ်နေ့တစ်နေ့လျှင် တရား နှစ်ထုံးမှသည် သုံးထုံး, သုံးထုံးမှ သည် လေးထုံး ငါးစီရင်ပါသည် ဝန်မင်း” ဟာဘာတုန်းဟ ဝန်ကြီးတွေဝင် နောက်ကျ နှစ်ပါးသွားထွက်လာပြီး (၇)ဝါလောက်ရတဲ့ ဘုန်းကြီးလူထွက်က သီချင်းဆိုတယ်။ “ မမလေး ကို ချစ်လိုက်ပါတဲ့ အာရုဏ်၊ အာရုဏ်”၂ “ရွှေမြင့်မိုရ်တစ်တောင်လုံးတုံးမှတ်ပါလို့တဲ့ခုန်လေး သည် တုံးမှတ်ပါလို့တဲ့ခုန်” အဲဒီတော့ ကျွန်တော်လဲ ကျောင်းဆရာဖြစ်တော့ ကျောင်းဆရာဉာဉ်လေးပါနေတယ်။ အဲဒီတော့ သိလို့ရှိရင် Do know all let to forget all  ခွင့်လွတ်လိမ့်မယ်ထင်ပါတယ်။