မြင်တာကို ခင်တယ်ဆိုရင်
မြင်တာကအပြစ်မရှိဘူး
ခင်တာက အပြစ်ရှိတယ်။
ခင်ပြီးစွဲလန်းရင် အပြစ်ရှိတယ်။
စွဲလန်းလို့အားထုတ်ရင် အပြစ်ရှိတယ်။
အဲ့ဒီလို မြင်လို့
တဏှာ
ဥပါဒါန်
ကမ္မဘဝတွေဖြစ်ပြီး သေရင်
ဇာတိ ၊ဇရာ ၊မရဏ ဆိုတဲ့
ဒုက္ခတွေပြန်ရတော့
မကောင်းတော့ဘူး။
ဒါဟာ သူတော်ကောင်းတွေသွားတဲ့
လမ်းမဟုတ်တဲ့အတွက်…
ဆူးညှောင့်ခလုပ်ကန်သင်းတွေ
ထူပြောတဲ့လမ်းဖြစ်တယ်။
ဒီလမ်းကိုမရောက်အောင်
မျက်စိကမြင်တိုင်း မြင်တိုင်း
ခင်တယ် ၊စွဲလန်းတယ်၊ဆိုတာတွေ
မဖြစ်မိအောင် ကြိုးစားရပါမယ်
