လူ့ လောကမှာ -
ဖို့ ( ၃ ) ဖို့ ရှိပါတယ် … 

၁။ ခန္ဓာစုတာ....... မြေကျွေးဖို့၊
၂။ ပစ္စည်းစုတာ... ထိုက်သူဖို့၊
၃။ တရားစုတာ.....မိမိဖို့ ၊

☸☸☸☸☸☸☸☸☸☸☸☸🙏

#ခန္ဓာစုတာ_မြေကျွေးဖို့ 

ခန္ဓာကိုယ်ကြီးကို အလိုလိုက်ပြီးတော့ -
🔸 ဒါန အတွက်လည်း မခိုင်းရက်ဘူး၊
🔸 သီလ အတွက်လည်း မခိုင်းရက်ဘူး၊
🔸 ဘာဝနာ အတွက်လည်း မခိုင်းရက်ဘူး၊
🔸 ဥပုသ်စောင့်ဖို့ အတွက်လည်း မခိုင်းရက်ဘူး၊
🔸 ဘုရားရှိခိုးလေးတောင် မခိုင်းရက်ဘူး ။

တစ်နေ့ကို 
နာရီဝက် , တစ်နာရီလောက်
တရားထိုင်ဖို့ အတွက်လည်း... မခိုင်းရက်ဘူး၊ 
တရားနာဖို့ အတွက်လည်း .....မခိုင်းရက်ဘူး၊
သိပ်ပြီးတော့ ငဲ့ညှာ နေတယ် ။

ကျွေးရုံသာ ကျွေးပြီး
ခန္ဓာကိုယ်ကြီးကို အလိုလိုက်နေတာ … ။

ဘာလုပ္ဖို့လဲလို့ 
သူများကမေးရင်
ပါးစပ်ကနေ တိုက်ရိုက်တော့ မပြောဘူး ။

တရားသေဘာက
သူ့ဟာသူ အဖြေထုတ်တာက
မြေကြီးကျွေးဖို့ တဲ့ … ။

ဒါကြောင့် -
ခန္ဓာစုတာဟာ
နောက်ထပ်,နောက်ထပ် မြေကြီးကျွေးဖို့ပါ …။

☸☸☸☸☸☸☸☸☸☸☸☸☸

 #ပစ္စည်းစုတာ_ထိုက်သူဖို့ 

ပစ္စည်းစုတာ ဘာလုပ်ဖို့လဲ ?
ပစ္စည်းဟာ ခန္ဓာနဲ့လည်း မကင်းပြန်ဘူး။

ဒါဖြင့် 
ဘာကြောင့် စုတာလဲ ? လို့ 
မေးတော့...
ပါးစပ်ကနေ ဘာမှ မပြောပေမယ့်  
တရားသဘောနဲ့ အဖြေထုတ်တာက
ထိုက်သူတွေ... သုံးဖို့ တဲ့ ။

ထိုက်တဲ့ ပုဂ္ဂိုလ်တွေ သုံးကြပါစေ၊
ကိုယ်နဲ့ ထိုက်သလောက် 
သုံးချင်သုံးရမယ် … ။

ဒီ့ပြင်
ပုဂ္ဂိုလ်နဲ့ ထိုက်ရင်လည်း  
ပုဂ္ဂိုလ်က သုံးသွားလိမ့်မယ် … ။

ရန်သူမျိုး (၅)ပါးနဲ့ ထိုက်ရင်လည်း 
ရန်သူမျိုး (၅)ပါးထံ ရောက်သွားလိမ့်မယ် …။ 

ပစ္စည်းက ကိုယ်မှ မပိုင်ဘဲ 
ဘုံ ဆိုင်ကြီးကိုး …။

ဒါကြောင့် - 
ပစ္စည်းစုတာဟာ ထိုက်သူတွေသုံးဖို့
အတွက်ပါ … ။

☸☸☸☸☸☸☸☸☸☸☸☸

#တရားစုတာ_မိမိဖို့ 

#ဒါနလုပ်တာ ....ဘယ်သူ့ဖို့လဲ ?
ကိုယ့်ဖို့ ကျန်အောင် လုပ်ရတာ …။

#သီလကျင့်သုံးတာ... ဘယ်သူ့ ဖို့လဲ ?
ကိုယ့်ဖို့ ကျန်အောင် ကျင့်သုံးရတာ …။

#ဥပုသ်စောင့်တာ... ဘယ်သူ့ဖို့လဲ ?
ကိုယ့်ဖို့ ကျန်အောင် စောင့်ရတာ …။

#ဘုရားရှိခိုးတာ... ဘာလုပ်ဖို့လဲ ?
ကိုယ့်ဖို့ ကျန်အောင် ရှိခိုးရတာ …။ 

#တရားထိုင်တာ , 
#တရားမှတ်တာ
#တရားဘာဝနာပွားများတာ
ဘယ်သူ့ ဖို့လဲ ?
ကိုယ့်ဖို့ကျန်အောင် ပွားများ ရတာ … 

ယခုလို 
#တရားသဘောကိုဆည်းပူးတာ 
ဘာလုပ်ဖို့လဲ ?
ကိုယ့်ဖို့ကျန်အောင် လုပ်ကြရတာ ? 

ကုသိုလ်အလုပ် မှန်ရင်...
ဒီဘဝတင်မကပဲ သံသရာအထိပါတဲ့ 
ကိုယ့်ဖို့ ကျန်အောင် လုပ်ကြတာချည်းပါပဲ ။ 
ဒါကြောင့် 
တရားစုတာက မိမိဖို့ ဖြစ်ပါတယ် …။

ဒီလောက်ဆို 
ကိုယ် ဘာလုပ်သင့်တယ် ဆိုတာ 
သိလောက်ရောပေါ့ … ။

🙏ယောဆရာတော်ဘုရားကြီး 

☸☸☸☸☸☸☸☸☸☸☸☸☸