ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ 
လောဘ စုံမက်၊ မလှူ ရက်က၊ 
တစ်သက်လျာ လူဖြစ် နာ၏။

ဘုရား သာသနာ၊ ကြုံတွေ့ပါလည်း။
ကောင်းစွာ သီလ ၊မတည် ကြလျှင်၊
ဘဝ အတွက်တာ လူဖြစ် နာ၏။

သူတော်တရား နာရငြားလည်း၊
လေးစား ကြိုးကုတ် ၊အားမထုတ်က၊
ဆုတ်ယုတ် သင့်မှာ ၊ လူဖြစ် နာ၏။

သဒ္ဓါတရား ရှိနေငြားလည်း၊
အမှား နှစ်ခြိုက်၊ လမ်းလွဲ လိုက်က၊
အမိုက်ထိပ်ဆုံး ၊ လူဖြစ် ရှုံး၏။

လက်ရှိဘဝ၊ မရှုံးရအောင်၊
ဒါန သီလ ဘာဝနာကို၊ မကွာနေ့ည
ကြိုးစားကြလော့။

သီလ သမာဓိ ဝိပဿနာ ဘာဝနာ
ကြိုးစား အားထုတ် နိုင်ကြပါစေ။

#မင်းကွန်းဆရာတော်ဘုရားကြီး
(အရှင်ဝိစိတ္တသာရာဘိဝံသ)🙏