အနိဋ္ဌာရုံကိုမြင်နေပါလျက်နဲ့
အနိဋ္ဌာရုံလို့မသိပဲ အနိဋ္ဌာရုံကို ကြည့်ပြီး ဝမ်းသာအားရဖြစ်နေတာဟာ
လောဘကြီးလွန်းလို့ပါ

ဒုက္ခရောက်နေတဲ့သူကို မြင်နေပါလျက်နဲ့
ကရုဏာမဖြစ်ပဲ ဒုက္ခရောက်နေတဲ့သူကို ကြည့်ပြီး
ဝမ်းသာအားရ ဖြစ်နေတာဟာ
ဒေါသကြီးလွန်းလို့ပါ

မတရားတာကို မြင်နေပါလျက်နဲ့
မတရားမှန်းမသိပဲ မတရားတာကိုကြည့်ပြီး
ဝမ်းသာအားရဖြစ်နေတာဟာ
မောဟကြီးလွန်းလို့ပါ

လောဘကြီးလွန်းတဲ့သူ
ဒေါသကြီးလွန်းတဲ့သူ
မောဟကြီးလွန်းတဲ့သူတွေဆိုတာ
ဘယ်လောက်ပဲ အရောင်တောက်တောက်
ဘယ်လောက်ပဲ အမြင့်နေနေ
အချိန်တန် အိမ်ပြန်ရမယ့်
လူပြည်ခဏလာတဲ့
အပါယ်လေးပါး
ခရီးသွားဧည့်သည်တွေပါ

ကိုယ်မပါပါစေနဲ့....။
ပါချုပ်ဆရာတော်ကြီး🙏🙏🙏