* ဒါဟာ ဘဝ ပဲ *
---------------------
အဝတ်ဗလာနဲ့ လာခဲ့တယ်..
အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ
ပြန်သွားကြရတယ်................
ငိုကြွေးပြီးရောက်လာကြတယ်
ငိုကြွေးကြပြီး ပြန်သွားရတယ်
ဥစ္စာဓန ပစ္စည်းတွေမပါပဲ လာခဲ့တယ်
ဥစ္စာဓန ပစ္စည်းတွေထားပြီးပဲ ပြန်ရမယ်
တစ်စုံတစ်ယောက်ကပဲ ပထမဆုံး
ရေချိုးပေးသလို.......................
တစ်စုံတစ်ယောက်ကပဲ နောက်ဆုံး
ရေချိုးပေးမှာပဲ.........................။
ဒါဟာ ဘဝပဲ....
ဘာကြောင့်များ..........
အငြိုးတေးတွေ မာန်မာနတွေ..
အမုန်းတွေ မကျေမချမ်းမှူ့တွေ ....
လောဘ ဒေါသ မောဟ တွေ........
များနေရတာလဲ........................။
လက်ဗလာချည်း သွားရမဲ့သူတွေချည်းပါပဲ
ကြင်နာပါ တစ်ဦးနဲ့တစ်ဦးဖေးမပါ..........
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်ရမှာက 
အကန့်အသတ်လေးနဲ့မို့ အချိန်တွေကို 
တန်ဖိုးထားပါ...............................
#credit 
တကယ်ဆို ဘဝမှာ....
ကုသိုလ်/ အ ကုသိုလ်ကလွဲပြီး...........
ကိုယ့်နောက်ပါတာ ဘာတစ်ခုမှ မရှိနေပါဘူး
(ချစ်တဲ့သူလဲ အေးချမ်းပါစေ/
 မုန်းတဲ့သူလဲ အေးချမ်းပါစေ/
ရောဂါကပ်ဆိုးကြီးမှ ကင်းဝေးကြပါစေ........)
 ________
#မူပိုင်ရှင်.Credit