သင် ကောင်း မကောင်း 
သင့် အကြောင်းကို 
သင့် ခေါင်းထဲက သိပါ၏ … 

သင့်ကို စောင့်ကြပ် 
ကိုယ်စောင့် နတ်လည်း 
ပြတ်ပြတ်သားသား သိပါ၏ … 

နတ်တို့ သနင်း 
သိကြားမင်းလည်း 
ရှင်းရှင်းလင်းလင်း သိပါ၏ … 

ငရဲ သနင်း 
ယမမင်းလည်း 
ကွင်းကွင်းကွက်ကွက် သိပါ၏ … 

စျာန် အဘိဥာဉ် 
တန်ခိုးရှင်လည်း ထင်ထင်ရှားရှား သိပါ၏ … 

သင်ပြုလုပ်စဉ် သင့်ဝန်းကျင်မှ
မြင်မြင်သမျှ လူ နတ် ကလည်း 
ဂဃနဏ သိပါ၏ … 

လိမ်ညာမရ ဤလောကဝယ် 
ကောင်းသော လမ်းစဉ် လျှောက်လှမ်းချင်က 
အသင် ပြုပြင်နိုင်သေး၏ … 

(ရွှေဂျိုးဖြူ_ဆရာတော်_ဘုရားကြီး )