🙏🌿🪴🙏🌿🪴🙏🌿🪴🙏🌿🪴
နိဗ္ဗာန်ဆိုတာကောင်းကင်ဘုံကိုပြောတာ မဟုတ်ဘူး။
လူတွေရဲ့သဏ္ဍာန်မှာဖြစ်တဲ့ကိလေသာတွေလုံးငြိမ်းသွားတာဟာ နိဗ္ဗာန်ပဲပေါ့။
နိဗ္ဗာန်ဆိုတာ တကယ်ရှိသလားဆိုတော့ ဒါက ဘုန်းကြီးအနေနဲ့ ဖြေရမှာမဟုတ်ဘူ့းဗုဒ္ဓဘာသာအနေနဲ့ ဖြေရမယ်ဆို နိဗ္ဗာန်ဆိုတာ တကယ်ရှိတယ်။
သေခြင်းတရားရှိတယ်ဆိုရင် မသေတဲ့တရားလဲရှိတယ်နော်။
လောကမှာအပူရှိရင် အအေးရှိတယ်။
အဲ့တော့ သင်္ခါရတရားတွေကဖန်တီးထားတာရှိသည့်
အတွက်ကြောင့် အကြောင်းတရားတွေကမဖန်တီးတဲ့အရာတွေလဲရှီတယ်။
ဒီလို မြတ်စွာဘုရားက နိဗ္ဗာန် တကယ်ရှိတယ်ဆိုတာကို သက်သေပြထားတာရှိတယ်နော်။
နိဗ္ဗာန်သည်ဘယ်အရပ်မှာတည်ရှိပြီး ၄င်းတည်ရှိကြောင်းကိုဘယ်နည်းနဲ့သိနိုင်ပါသနည်း။
ဆိုတော့ နိဗ္ဗာန်ဆိုတာဘယ်အရပ်မှာရှိတယ် လို့ပြောလို့မရဘူး ပြောချင်လို့ရှိရင်ပြောရမှာက သင်္ခါရတရားတွေရဲ့ ချုပ်ရာသည် နိဗ္ဗာန်ဖြစ်သောကြောင့်
သင်္ခါရတရားချုပ်သည့်နေရာပင်လျှင် နိဗ္ဗာန်လို့ ဒီလိုမျိုးပြောရမှာ။
ဘာလို့ဆို မီးလောင်လို့ရှိရင် မီးငြိမ်းရင် တခြားနေရာမှာသွားငြိမ်းတာမဟုတ်ဘူး လောင်တဲ့နေရာမှာပဲငြိမ်းတယ်လေ။
တဏှာဖြစ်တဲ့နေရာသည်ပင်လျှင် တဏှာငြိမ်းတာပေါ့။
ဥပမာမယ် အဆင်းအာရုံကို အာရုံပြုပြီးတဏှာဖြစ်လို့ရှိရင် အဲ့ဒီတဏှာငြိမ်းတဲ့နေရာဟာလဲ ဒီအာရုံပေါ်မှာပဲငြိမ်းတာပဲ။
အဲ့တော့ နေရာအနေနဲ့ပြောမယ်ဆိုရင် အဲ့သလိုပဲပြောလို့ရမယ်ပေါ့နော်။
မြတ်စွာဘုရား သစ္စာလေးပါးတရားကို ခန္ဒာကိုယ်ထဲမှာပဲသတ်မှတ်တယ်ဆိုတော့ ဟောဒီ့ကိုယ်ရဲ့ခန္ဒာကိုယ်ထဲမှာပဲ လောကဒုက္ခဆိုတာလဲရှိတယ်။
လောက သမုဒယဆိုတဲ့အကြောင်းတရားလဲရှိတယ် လောကနိရောဓဆိုတဲ့ ချုပ်ရာလဲရှိတယ်။
လောကနိရောဓဂါမိဏီ ဆိုတာလဲရှိတယ်ဆို နိဗ္ဗာန်က ဘယ်မှာရှိတုန်းဆိုတော့ ကိုယ့်သဏ္ဍာန်မှာပဲရှိတယ်လို့ ပြောလို့ရတယ်ပေါ့။
နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင် မင်းသဏ္ဍာန်မှာဖြစ်တဲ့လောဘက ဘယ်မှာချုပ်တာလဲ။
မြတ်စွာဘုရားရဲ့ကိလေသာတွေဘယ်မှာချုပ်သလဲ ဆိုတော့ မြတ်စွာဘုရားသဏ္ဍာန်မှာပဲချုပ်တာ အဲ့ဒီ့
ကိလေသာတွေရဲ့ နောက်ဆုံးချုပ်ရာက နိဗ္ဗာန်ပဲပေါ့။
နိဗ္ဗာန်ရှိကြောင်းကိုဘယ်လိုသိနိုင်ရမလဲဆိုတော့ အပူရှိတယ်ဆိုရင် အအေးဟာရှိတယ်ပေ့ါ။
မီးလောင်တာရှိရင် မီးငြ်ိမ်းတာလဲရှိတယ်ပေါ့။
အဲ့သလိုရှိတာကိုသိခြင်းဖြင့်နိဗ္ဗာန်ရှိတယ်ဆိုတာ သိနိုင်တယ်ပေါ့။
နောက်သိနိုင်တာကတော့ တကယ်ကတော့ ကျင့်စဉ်တွေပေါ့။
ရှိတယ်လို့တင်ပြောတာမဟုတ်ဘူး။မြတ်စွာဘုရားက ရှိပြီးတော့ ဘယ်လမ်းကသွား ဘယ်လိုရောက်နိုင်
တယ်ဆိုတဲ့ကျင့်စဉ်တွေရှိတယ်။
နိဗ္ဗာန်ရှိတယ်ပြောပြီးလမ်းစဉ်မပေးဘူးဆိုရင် ပြောစရာရှိတာပေါ့။
အခုနိဗ္ဗာန်ကိုသွားချင်သလား သွားချင်ရင်ဒီလမ်းကသွားဆိုပြီး မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်သွားတဲ့လမ်းပဲလေ။
တကယ်မြတ်စွာဘုရားကတိတိကျကျဟောတာနော်။
ကျင့်စဉ်တစ်ခုကို ကျင့်ပြီးတော့ မင်းသဏ္ဍာန်မှာ ဒေါသလုံး၀မရှိတော့ဘူးဆိုရင် ဒေါသငြိမ်းရာနိဗ္ဗာန်ပဲပေါ့။
တခြားကိုရှာစရာမလိုဘူးနိဗ္ဗာန်ဆိုတာကောင်းကင်ဘုံကိုပြောတာ မဟုတ်ဘူး။
လူတွေရဲ့သဏ္ဍာန်မှာဖြစ်တဲ့ကိလေသာတွေလုံးငြိမ်းသွားတာဟာ နိဗ္ဗာန်ပဲပေါ့။
(ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)
🙏🌷🙏🌷
