…………………
ရုပ်နာမ်ကွဲအောင်ရှု့နိူင်မှ
သက္ကာယဒိဋ္ဌိပြုတ်မယ်။
သက္ကာယဒိဋ္ဌိပြုတ်မှလည်း
အောက်သံသရာလို့ခေါ်တဲ့
အပါယ်လေးပါးကလွတ်မယ်။
@အမှားကိုပြင်ပေးတာ -ဒိဋ္ဌိဖြုတ်တရား
@အမှန်ကိုပြပေးတာ -သစ္စာတရား
@အမှားကိုပြင်ပြီး အမှန်မြင်သွားတာ
သောတာပန် လို့ခေါ်ပါတယ်။ ။
သောတာပန်တည်တယ်ဆိုတာ
ရုပ်ပြောင်းသွားတာမဟုတ်
ဉာဏ်ပြောင်းသွားတာပဲဖြစ်ပါတယ်။
**နှလုံးသွင်းမှန်ကန်မှ
………………………
ယောနိသောမနသိကာရ လို့ခေါ်တဲ့
နှလုံးသွင်းမှု့မှန်ကန်စွာနဲ့၊
ခန္ဓာမှာဉာဏ်စိုက်ပြီးတော့
မှတ်နိုင်မှ၊ မှတ်တတ်မှ ၊ မှတ်နေမှသာ
အရိယာသူတော်ကောင်းကြီးတွေ မြင်တော်မူ
ရတော်မူတဲ့တရားထူးတရားမြတ်တွေကို ရနိုင်ကြမယ်။
@အကျဉ်းချုပ်တရားအားထုတ်နည်း
……………………………………………
တရားအားထုတ်တယ်ဆိုတာ
အစ,ပထမတော့ သမာဓိထူထောင်တဲ့
အနေနဲ့ ပင်တိုင်ကမ္မဋ္ဌာန်းဖြစ်တဲ့
နှာသီးဖျား နှာသီးဝမှာ
" ဝင်လေတိုးထိတာသိ"
"ထွက်လေတိုးထိတာသိ"
အဲ့ဒီနှစ်ချက် ရှေ့နောက်နှစ်ရပ်
အမှတ်ဆက်စပ်အောင်မှတ်ရမယ်
ဒါအကျဉ်းချု ပ်ပဲ။
မှတ်အားကောင်းလျှင် ဖြစ်ပျက်မြင်
………………………………………
…တရားရှု့မှတ်သူတွေဟာ
မှတ်နည်းသိလို့
မှတ်နိုင်လို့
မှတ်အားတွေကောင်းလာရင်
ဖြစ်ပျက်ကိုမြင်မယ်
ဉာဏ်ထဲမှာထင်ရှားလာမယ်။
ရုပ်နာမ်အပေါ်၌ အသိကလေးဖြင့် ဒိဌိဖြု တ်နည်း။
@လူသေတွင်ရှိသော သဠာယတနခေါ်သည့်
မျက်စိ၊ နား ၊ နှာခေါင်း၊ လျှာ၊ ကိုယ် ၊စိတ် တို့တွင်
မည်သည့် ဒွါရနှင့် တိုက်တိုက( အကြည်ဓါတ်မရှိ၍ )
-- ခံစားမှု့ (ဝေဒနာ)
--မှတ်သားမှု့(သညာ)
--စေ့ဆော်တိုက်တွန်းမှု့ ( သင်္ခါရ)
-- သိမှု့ (ဝိဉာဏ်စိတ်တို့မရှိပါ)။
@လူရှင်တွင် ဒွါရ (၆)ပါးနှင့် သက်ဆိုင်ရာ ရုပ်တရားတို့တိုက်
တိုင်း --
-- ခံစားမှု့( ဝေဒနာ)
--မှတ်သားမှု့ (သညာ)
-- စေ့ဆော်မှု့ (သင်္ခ ါရ)
---သိမှု့ (ဝိဉာဏ်)စိတ်တို့ပေါ်ပါသည်။
@@ဥပမာ-
မျက်လုံး နှင့် မြင်စရာ အဆင်းရုပ် တခုခု နှင့်တိုက်ပါက မြင်
စိတ်ပေါ်ပါသည်။
မျက်လုံး & အဆင်းတိုက်---- --->မြင်စိတ်
{ ရုပ် }……………………{နာမ်}
ရုပ်နာမ်
မျက်လုံးနှင့်အဆင်းကရုပ်
မြင်စိတ်က နာမ်
ရုပ်နာမ်
လို့သိတာနဲ့ မျက်လုံးပေါ်မှာ ဒိဌိကွာပါသည်။
နား၊ နှာခေါင်း ၊ လျှာ ၊ ကိုယ်၊ စိတ်တို့အပေါ်တွင်လည်း
ထိုနည်းအတိုင်း သဘောပေါက်ပါ
@ ဖုန်းဖွင့်ချင်တဲ့ စိတ်က နာမ်
ဖုန်းဖွင့်လိုက်တာက ရုပ်
သူ ငါ မဟုတ် နာမ်နှင့်ရုပ်
ဖုန်းဖွင့်ရင်းနှင့် ဒိဌိ ပြုတ်။
@ ဖုန်းပိတ်ချင်တဲ့စိတ်က နာမ်
ဖုန်းပိတ်လိုက်တာက ရုပ်
သူငါ မဟုတ် နာမ်နှင့် ရုပ်
ဖုန်းပိတ်ရင်းနဲ့ ဒိဌိပြု တ်။
@ အိပ်ချင်တဲ့ စိတ်က နာမ်
အိပ်ယာကို သွားနေတာကရုပ်
သူငါမဟုတ် နာမ်နဲ့ရုပ်
အိပ်ယာသွားရင်း ဒိဌိပြု တ်။
@ အိပ်ယာနိူးပြီသိတဲ့ စိတ်ကနာမ်
အိပ်ယာကထတာကရုပ်
သူငါ မဟုတ် နာမ်နှင့်ရုပ်
အိပ်ယာထရင်းဒိဌိပြု တ် ။ ။
ဒီအချက်လေးချက်ကတော့ နေ့စဉ် လူတိုင်းလုပ်နေကြမို့
တစ်ကြိမ် ဆင်ခြင်မိတိုင်း ဒိဌိတစ်ခါ ဖြုတ်ပြီးသား ဖြစ်ပါသည်
ကောင်းသော အလေ့အကျင့်မို့ ကျေးဇူးပြု ၍
တိုက်တွန်းပါရစေ။
အမြင့်ဆုံးဖြစ်သော သစ္စာတရားများကို ကြိုးစားအားထုတ်နေ
သော်လည်း အခြေခံအရေးကြီးဆုံး ဒိဌိဖြုတ်တရားမှ မပိုင်နိူင်ရင်
@@ အဖိုးတစ်သိန်းထိုက်သော ပိုးပုဝါကိုခေါင်းပေါင်းပေါင်း
ထားပြီး အောက်က ပုဆိုးမပါသလို ဖြစ်တယ်လို့
ဆရာတော် ဘုရားများ ဆုံးမတော်မူပါတယ်
ဒိဌိဖြုတ်တရား
