ဆရာကြီးဦးအောင်သင်းရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား... 
 လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင်???လူကသာတယ်လိုပဲဖြေကြတယ်...
စဉ်းစားကြည့်ရအောင်... 

- မြင်းလောက်အပြေးသန်သလား? 

- ဆင်လောက်ခွန်အားကြီးသလား? 

- ငါးလောက်ရေကူးကျွမ်းသလား? 

- ကျီးကန်တို့လဒတို့လောက် မျက်စိလျှင် လား? 

- အယ်ဇေးရှင်းခွေးလောက် အနံ့ခံကောင်းလား? 

📗 အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့ စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့... 

📗 ပျားတွေလောက်မစည်းလုံးဘူးနော်... 
ပျားတွေဟာသိပ်ဝီရိယကောင်းတယ် 
ပန်းပွင့်မညိုးခင် မနက်စောစော ကတည်းက လုံ့လစိုက်ပြီး အလုပ်လုပ်တယ်။ 

📗 ပျားတစ်ကောင်ဟာ ပန်းဝတ်ရည်ကိုတွေ့လာရင် သတင်းလာပို့တယ်... 
သူကဦးဆောင်ခေါ်သွားတယ် 
နောက်ကပျားတွေကလည်း ထပ်ကြပ်မကွာလိုက်တယ်... 
သူတို့ယူလာတဲ့ဝတ်ရည်ကို သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်...

📗 ဘယ်ပျားကမှမခိုးဘူး ။ 
မှောင်ခိုမချဘူး 
ကောင်းလိုက်တဲ့ဗီဇ... 
ရှဉ့်လျှောက်လို့ရအောင် လမ်းချန်ပေးထားတယ်... 
သူများသွားလမ်းပိတ်မထားဘူး။

📗 လူတွေလို ဘယ်သူသေသေ ပြီးပြီးရောဆိုတဲ့ စိတ်ယုတ်မရှိဘူး။ 

📗 ပျားအုံကိုထိရင် အသေခံကာကွယ်တယ်။ 
ပျားတွေ နိုင်ငံတော်သည် ဘယ်လောက်အားကျဖို့ကောင်းလဲ?
ဘယ်လောက်အတုယူဖို့ကောင်းလဲ

📗 ကောင်းပြီ ဆက်စဉ်းစားကြရအောင်

📗 လူတွေဟာ တိရစ္ဆာန်တွေထက် ဘယ်နေရာသာသလဲ အဖြေထုတ်ကြည့်ရင် သုံးမျိူးပဲရှိတယ်... 

၁- အလှအပကိုခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း။ 

၂- ကိုယ့်ကျင့်တရားရှိခြင်း။ 

၃- ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း ဥာဏ်ပညာရှိခြင်း။ 

📗 လူတွေဟာ အလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်...

📗 တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်... 

📗 မကောင်းတာကောင်းတာသူတို့မသိဘူး... 
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး...

📗 လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင် တိရစ္ဆာန်နဲ့မခြားနားဘူး...

📗 ကျိုးကြောင်းဆင်ခြင်ဥာဏ် ပညာကြီးတယ်။ 
ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်။ 

📗 ကိုယ့်ထက်အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်... 

📗 မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ် လှည်းတပ်ဆွဲခိုင်းတယ်... 

📗 ရေကူးကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့များတယ် ပိုက်နဲ့ဖမ်းတယ်... 

📗 ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်...

📗 ဒါဘာလို့လဲ??? 
လူတွေကတိရစ္ဆာန်တွေထက် အကျိူးအကြောင်းဆင်ခြင်နိုင်လို့ ဉာဏ်ပညာကြီးလို့ပေါ့

📗 လူတွေကတိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဥာဏ်ပိုကြီးလို့ 
ဒါဆိုရင်လူအချင်းချင်းရော???
စဉ်းစားနော်သေချာစဉ်းစား... 

📗 လူတွေမှာလည်း ပညာကြီးတဲ့လူက ပညာနည်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့... 

📗 သူများနိုင်ငံမှာသွားပြီး ပညာသင်ရတယ်... 

📗 သူများနိုင်ငံမှာသွားပြီး အောက်ကျို့ခံအလုပ်လုပ်ရတယ် 
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ 

📗 ဒါကို တို့နိုင်ငံက လူတွေက အခုချိန်ထိပညာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး... 

📗 အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့... 

📗 အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင် 
သူများလူလည်ကျတာမခံရအောင် 
သူများအနိုင်ကျင့်တာမခံရအောင် 
ပညာတတ်ဖို့ အမြင်ကျယ်ဖို့ 
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ် 
ဘာလုပ်ရမလဲ???  

📗 စာဖတ်ရမှာပေါ့... 
စာဖတ်တယ်ဆိုတာ သူများအမှား ကိုယ်ဆက်မမှားအောင်လုပ်တာ...

📗 သူများအတွေအကြုံ ကိုယ့်အတွေအကြုံအဖြစ် ရယူတာ... 

📗 စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို ခွန်အားဖြစ်စေမယ့် စာမျိူး များများဖတ်ပါ ။

📗 ဘဝကိုဦးနှောက်ကဦးဆောင်တာ အသိပညာရစေမယ်စာတွေ များများဖတ်စေချင်တယ်... 

ဆရာကြီးအားလေးစားလျက် 

Credit-Photo