ပျို သမျှဟာ အို ဖို့ပါ
မာ တာ နာ ဖို့ပဲ
ဘုရားတောင်မှ မနေရ
တို့က ဘာမို့လည်း ။

ခင် သမျှဟာ ကျဉ် ဖို့ပါ
ပေါင်း တာ ကွဲ ဖို့ပဲ
ဘုရားတောင်မှ မနေရ
တို့က ဘာမို့လည်း ။

ဖြစ် သမျှဟာ ပျက် ဖို့ပါ
နေ တာ သေ ဖို့ပဲ
ဘုရားတောင်မှ မနေရ
တို့က ဘာမို့လည်း ။

           (အမည်မသိ ရှေးရဟန်းတပါး)