🙏🏻  ကြာကြာထိုင်ရင်ခြေထောက်နဲ့ခါးစတဲ့ အောက်ပိုင်းက နာကျင်ကိုက်ခဲတဲ့ဝေဒနာတွေ့လာတတ်ပါတယ်။
      အချို့နာရီဝက်နဲ့ဝေဒနာပေါ်ပြီး၊ အချို့ ( ၁ )နာရီလောက်မှ ဝေဒနာပေါ်တတ်ပါတယ်။ 
     ဒီဝေဒနာကြောင့် တရားထိုင်ကာစမှာ --
ကိုယ်အားထုတ်နေတဲ့ -( သတိပဋ္ဌာန် )တရား
(သိ) - နေတဲ့ အသိလေးကပ်ထားပါ။

      တရားထိုင်လို့ ဝေဒနာရလာတယ်ဆိုရင် ဝေဒနာကို သေသေချာချာ စိတ်ရှည်လက်ရှည်ကြည့်ပါ။ပျောက်သည်ဖြစ်စေ ၊မပျောက်သည်ဖြစ်စေ ဆန္ဒမစောပါနဲ့။။ အရေးမကြီးပါ။
        ဝေဒနာကို သိနေဖို့ပဲ အရေးကြီးပါတယ်။
ပျောက်အောင်ကြည့်မယ်လို့စိတ်မကူးပါနဲ့။။

သဘောပါလာမယ်။
ပျောက်ချင်ရင်-လောဘ၊ 
မလိုချင်ရင် ဒေါသ နှင့် ဝေဒနာကိုနှင်ထုတ်တဲ့ သဘောမလုပ်ပါနဲ့။
နှင်ထုတ်ချင်တဲ့စိတ်ဖြစ်လေ (ဝေဒနာ ) -က
မပျောက်လေပါပဲ။
ဝေဒနာကိုကျော်အောင် လုပ်လေလေ ။
ပိုဆိုးလာလေလေ တရားမတက်လေပါပဲ။
(ဝေဒနာ)ပျောက်ချင်တဲ့ (စိတ် ) ကိုရှုပါ။
ပြန်ကြည့်ပါ။
(ဝေဒနာ )- ပျောက်ချင်တဲ့-(စိတ်)ကိုကြည့်မှသာ-
ပျောက်ချင်တဲ့ -( စိတ် ) - ဟာတဖြည်းဖြည်း-'
ငြိမ်သက်သွားပါလိမ့်မယ်။
(ဒုက္ခဝေဒနာ )-ကိုမနှစ်သက်တဲ့--
(ဒေါမနဿစိတ်ကို ) - ပျောက်အောင်သေချာ -
စူးစိုက်ရှုရမည်။

စိတ်ရှည်ပါ - စိတ်ဝင်စားပါ 

(ဝေဒနာ)- ပေါ်မှာစိတ်ရှည်ရပါမယ်။
* ဝေဒနာဘယ်လိုပေါ်လာသလဲ -?
* သူဘယ်လိုဖြစ်နေသလဲ-?
* အတုံးလိုက်လား?အခဲလိုက်လား ?
* သပ်ရှိုထားသလိုလား-သူ့သဘာဝကို - 
သိချင်တဲ့ -( စိတ် )နဲ့ကြည့်ပါ။
ပျောက်ချင်တဲ့စိတ်နဲ့ မကြည့်ပါနဲ့။
(ပျောက်)- ဖို့ထက် ( သိ) - ဖို့က ပိုအရေးကြီးပါတယ်။

(ဝေဒနာ)- ဖြစ်တာကို ( စိတ် )- ဝင်စားစွာ
တဆက်တည်း-( သိ) -ပေးနေပါ။
ဝေဒနာ ကျော်သွားပါလိမ့်မယ် ။
သဘာဝတရားတွေဟာ -
အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။
အင်မတန်မှလည်းနက်နဲပါတယ်။

ဝေဒနာကို တဆက်တည်း( သိ )နေရင်--
(ဝေဒနာက )- တစ်ခု - ( သိ ) တာကတစ်ခု
တခြားစီဖြစ်လာပါတယ်။
(ဝေဒနာ)- ရယ် -- ( သိ ) - တာရယ်
( ၂) -ခုဖြစ်လာတယ်။
အဲဒီ (ဝေဒနာ)ကို -- (သိ) - တဲ့စိတ်
ကို( ပြန်သိ )- လို့ရတယ်။
(သတိ သမာဓိ )- ကောင်းလို့ - 
ဝေဒနာ -( သိ) - တဲ့စိတ် ကိုပြန်သိရင် --
(စိတ် )- ရဲ့သဘော ဟာ -- သူ့သဘော--
သူ့သဘာဝ ကို -( သိ) - လာတဲ့အခါမှာ --
* ဝေဒနာကို ဖယ်သွားတယ်။
* ဝေဒနာကို ကျော်သွားတယ်။။
 
              🙏🏻ချမ်းမြေ့ဆရာတော်ဘုရားကြီး🙏🏻
Credit to သစ္စာနီ