တကယ်တော့စာဖတ်တယ်ဆိုတာ
ကိုယ်မသိတာ သိလာတယ် 
ကိုယ်မတတ်တာ တတ်လာတယ် 
ကိုယ်မကြားဖူးတာတွေ ကြားလာတယ်။။

စာဖတ်တယ်ဆိုတာ 
တကယ်တော့ စာတတ်ရင်
ကမ္ဘာပတ်စရာမလိုဘူးဆိုတဲ့
စကားတခွန်းက သိပ်မှန်တာဘဲ။။

စာဖတ်အားပိုမိုမြင့်တက်လာလေ 
အသိညာဏ်ပညာနဲ့ 
ဗဟု သုတ ရသ ကဗျာတွေ 
ကိုယ့်ရဲ့အသိညာဏ်ထဲမှာ
ပိုပြီးတိုးပွားလာစေပါတယ်။။

စာပေ ဗဟု သုတ ကဗျာ ရသ များစွာကို 
လိုက်စားတဲ့လူတယောက်သည် 
ဆင်ချင်ထုံတရားတွေနဲ့လည်းပြည့်စုံပါတယ်။။

ကိုယ်တိုင်လည်းပြည့်စုံလာသလို 
တပါးသူတွေကိုလည်း
ကိုယ်ချင်းစာတရားတွေနဲ့လည်း 
ကူညီလေ့ရှိကျပါတယ်။။

လူတယောက်ရဲ့ဘ၀တခုလုံးကို 
ဘယ်အရာတွေကမှ 
ပြောင်းလဲမပေးနိုင်ပါဘူး။။

တကယ်တန်းလူတယောက်ရဲ့
ဘ၀တခုလုံးကိုပြောင်းလဲပေးနိုင်တာက 
စာပေတွေကလွဲရင် 
ကျန်တဲ့အရာတွေမရှိပါဘူး။။

ပညာရေးပိုင်းတွေမှာအားနည်းလာရင် 
နိုင်ငံ တနိုင်ငံရဲ့တိုးတက်မူ့နုန်းတွေမှာလည်း 
ဆုပ်ယုပ်လာပါတယ်။။

စာဖတ်အားတွေနည်းလာတဲ့
ယခုလိုခေတ်ကြီးမှာ 
စာဖတ်အားကောင်းတဲ့လူတွေက
စာဖတ်ချင်းရဲ့ အကျိုးကျေးဇူး
ရလဒ်ကောင်းတွေကို 
စာဖတ်အားကောင်းတဲ့သူတွေကသာ 
အသိဆုံးပါ။။

စာဖတ်တဲ့နေရာမှာ
 ဘာအတွက်စာဖတ်ရသလည်းဆိုတော့။။

1=

ကိုယ့်ဘ၀ရဲ့အနာဂါတ်အတွက် 
ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချနိုင်တယ်။။

2=

အရာရာကို အကျိုးအကြောင်း 
အဆိုးအကောင်း
ဝေဖန်ပိုင်းခြားတတ်လာတယ်။။

3=

စိတ်ထားလေးတွေဖြူစင်
သန့်ရှင်းအောင်ထားတတ်လာတယ်။။

4=

သူတပါးအပြောတွေထက်စာရင် 
ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်လာတယ်။။???

5=

ကိုယ့်ဘ၀ရဲ့တခုလုံးကို 
ရင့်ကျက်သန်မာအောင်လုပ်ပေးလာနိုင်တယ်။။

6=

ခက်ထန်ကြမ်တန်းတဲ့
လူတယောက်ဖြစ်စေကာမူ
နူးညံ့သိမ်မွေ့တဲ့ လူတယောက်ဖြစ်လာအောင် ပြောင်းလဲပေးလာနိုင်တယ်။။

7=

လူတကာအထင်ကြီးဖို့ထက် 
အရာရာကိုအသိဥာဏ်ပညာကြီးလာအောင် 
လုပ်ပေးလာနိုင်တယ်။။

8=

လူကောင်းတယောက်ကနေ 
လူတော်တယောက်ဖြစ်လာအောင် 
စွမ်းဆောင်ပေးလာနိုင်တယ်။။

9=

လောကဓံရဲ့စိန်ခေါ်မူတွေကို
ရင်ဆိုင်ရဲအောင်သတ္တိတွေ 
ပေးစွမ်းလာနိုင်တယ်။။

10=

တပါးသူတွေကိုယုံကြည့်တာထက် 
ကိုယ်ကိုယ်ကိုယ်ပိုမိုယုံကြည်လာအောင် 
အစွမ်းသတ္တိတွေပေးလာနိုင်တယ်။။

လူချစ်လူခင်ပေါများချင်ရင် 
စာဖတ်ပါ။။

မိတ်ဆွေကောင်းတွေပေါများချင်ရင် 
စာဖတ်ပါ။။

အတွေ့အကြုံနဲ့ အတွေးအကြံတွေကို 
မြင့်မားစေချင်ရင်စာဖတ်ပါ။။

အဆင်းရော အချင်းပါ 
လှစေချင်ရင် စာဖတ်ပါ။။

လူတွေအကြောင်းကိုသိချင်ရင် 
စာဖတ်ပါ။။

တိုးတက်အောင်မြင်မူ့တွေရချင်ရင်
 စာဖတ်ပါ။။

လူတွေရဲ့စိတ်နေသဘောထားတွေကို
သိချင်ရင် စာဖတ်ပါ။။

စာဖတ်ချင်းရဲ့ရလဒ်

စာဖတ်ချင်းရဲ့အကျိုးကျေးဇူးတွေက 
အရာရာတိုင်းကိုပြောင်လဲပေးနိုင်တဲ့ 
အစွမ်းသတ္တိတွေ 
စာပေတွေမှာများစွာရှိပါတယ်။။

Credit🙏🙏🙏