(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်းသီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။
ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်းအထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ 
တခြားလူရဲ့နှစ်သိမ့်မှုတွေမလိုပါဘူး။
ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကိုရင်ထဲသိုဝှက်ထားရင် 
ကိုယ့်ကိုယ်ပိုပြီးစိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာကောင်းကင်ပြာကို မော်ကြည့်ပါ။ 
ကြယ်တွေကို ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ 
ကိုယ်နဲ့သက်ဆိုင်တဲ့အချစ်တစ်ခုတော့ရှိလိမ့်မယ်။ 
"ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅)မိသားစုအပါအဝင်ကိုယ်နှစ်သက်တဲ့သူရဲ့မွေးနေ့ကိုမှတ်ထားပါကိုယ့်မွေးနေ့ကိုလည်းမှတ်ထားပါမွေးနေ့မှာလက်ဆောင်ပေးသူမရှိရင်ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို 
ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊စာကောင်းလေးတွေရှာဖတ်ပါ။ခဏတာအိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။
ငါ့ကိုလွမ်းလား? ချစ်လားလို့တစ်ဘက်သားကို သွားမမေ့ပါနဲ့။ 
တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်သူဘာသာသူပြောလိမ့်မယ်။ 
ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈)ကိစ္စတချို့လူတချို့ကြောင့်ကိုယ့်ကိုယ်သိပ်မရက်စက်မိစေနဲ့။ ဥပမာထမင်းမစားတာငိုတာအခန်းအောင်းတာ စိတ်အနှောင့်
အယှက်ဖြစ်တာ...ဒါတွေကလူနုံ့လူအတွေလုပ်တဲ့အလုပ်
်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။
ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ)ပြောစရာရှိလို့ပြောမယ်ဆိုလည်းအရင်းဆုံးသူငယ်ချင်းရှေ့
ဖြစ်ရမယ်ပြောချင်တာပြောပြီးရင်ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာ
တွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင်ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်ကကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့အရူးတစ်ယောက်နဲ့တူပြီးအရမ်းကြောက်ဖို့ကောင်းပါတယ်။ 
သည်းခံပြီး ပြဿနာရင်းမြစ်ကိုရှာပါ။ 
စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။

Credit...