(၁)လူ့ဘဝမှာ မတူကွဲပြားတဲ့ဖြစ်စဉ်နှစ်မျိုးနှင့် ကြုံကြရတတ်ပါသည်။

သုခဖြစ်စဉ်နှင့် ဒုက္ခဖြစ်စဉ် လို့ဆိုပါစို့။

(၂)သုခဖြစ်စဉ်ကာလမှာ လူတွေဟာငြိမ်သက်နေကြသော်လည်း ဒုက္ခဖြစ်စဉ်ကာလမှာ လှုပ်ရှားရုံးကန် မကျေနပ်သံတွေနှင့် ပြောဆိုတတ်ကြပါသည်။

(၃)မည်သည့် ဖြစ်စဉ်ပဲဖြစ်ဖြစ် အချိန်ကာလတစ်ခု ကြာတတ်ပါသည်၊

(၄) ဖြစ်စဉ် မှန်သမျှ ထာဝရမဟုတ်ကြသဖြင့် စိတ်ရှည်ရှည်နဲ့ အချိန်ကာလတစ်ခုကို စောင့်ရင်း လုပ်သင့်တာနှင့်လုပ်လို့ရတာ လုပ်ရပါမည်။

(၅) ကံကြမ္မာ (fate) က သူ့ဘက်မှာလား/ ကိုယ့်ဘက်မှာလား စောင့်ကြည့်ပါ။ကံကြမ္မာ (fate) ကဆုံးဖြတ်ပါလိမ့်မည်။

(၆)ကမ္မုနာ ဝတ္တတိ လောကော-
လောကဟာ ကံအလိုကျ ဖြစ်ရတာပါ၊ကံက အားကောင်းနေတဲ့အခါမျိုးမှာဉာဏ် ဝီရိယ က ထင်သလောက်မပေါက်ရောက်နိုင်ပါ။

(၇)နောက်ဆုံးတစ်နေ့မှာ ကံကြမ္မာ(Fate)ကသာ အဆုံးအဖြတ်ပေးလိမ့််မည်။

(၈)ကိုယ့်နှလုံးသားအေးချမ်းအောင်မေတ္တာရေစဉ်ဖျန်းပါ၊ နှလုံးသားကိုဒေါသမီး မလောင်ပါစေနဲ့လား။

ပါမောက္ခချုပ်ဆရာတော်
(၂၅၊၇၊၂၀၂၁)
ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ကြီး ၏ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ အဆုံးအမဩဝါဒကို ဖေါ်ပြအပ်ပါသည်။ 
#AshinNandamalabhivamsa #FoodForThought14
https://m.facebook.com/story.php?story_fbid=362969045191671&id=100044357352746