တချို့ဒဏ်ရာတွေရှိတယ်
တွေးကြည့်လေးနာကျင်လေဘဲ
ငါတို့ဆီမှာလည်းနာကျည်းကြေကွဲဖွယ်
အတိတ်တွေရှိမယ်
ဘယ်တော့မှ ပြန်မရောက်ချင်ဘူးလေး

မျော်လင့်ချက်တွေ
ကသောင်းကနင်းနဲ့ရေစုန်မျောခဲ့ဖူးတယ်
ယုံကြည်ရာ ဆွဲကိုင်ရင်းပဲ
ခြေလှမ်းတွေ ယိုင်မသွားအောင်
ထိန်းလျှောက်ခဲ့ရတယ်

တခါတလေငိုချင်အောင်မောတယ်
စိတ်ဓာတ်တွေကျလုနီးပါးအထိ
ကံတရားကလည်းမျက်နှာသာမပေးတော့
ခဲရာခဲဆစ်နဲ့ပဲ ပစ္စုပ္ပန်အချိန်တွေကို
အကောင်းဆုံးဖြစ်အောင်
ဖန်တီးကျော်ဖြတ်ခဲ့ရတယ်

စဉ်းစားရင်း ဒေါသဖြစ်စရာတွေ
သဟဇာတဖြစ်ကြဖို့မရှိတဲ့ 
အမူအကျင့်တွေ
မနှစ်သက်မှန်းသိရက်နဲ့
ကိုယ်မကင်းသေးတဲ့ လူတချို့လည်းရှိတယ်
ပြုံးပြချင်ယောင်ဆောင်ပြီး
မုန်းစရာအကြောင်းဆို ဥပေက္ခာထားလို့
ခဏခဏရှောင်ခဲ့ရတယ်

ခန့်မှန်းလို့မရတဲ့ ဘဝရဲ့လက်ကျန်အချိန်တွေအတွက်
ကြုံခဲ့ရတဲ့ပြဿနာတွေ
ဆုံးခဲ့ဖူးတဲ့သူတွေဆီကပဲ ဥပမာယူရမယ်
အမြဲတမ်းမနိုင်ပေမယ့်
လောကဓံကိုရင်ဆိုင်တဲ့အခါ
အရှုံးဆိုတာကို လက်ခံနိုင်မှဖြစ်မယ်လေ

ရင့်ကျက်ရတော့မယ်
အကြောင်းအကျိူးအမျိုးမျိုးနဲ့
လောကဇာတ်ခုံပေါ်မှာ ကျရာနေရာက
ကခုန်ကြရတဲ့အခါ
ခေါင်းငုံ့မထားရဘူး
ကိုယ့်ဘဝအတွက် ကိုယ်ဟာခေါင်းဆောင်ပဲ

အောင်မြင်မှုရယူချင်သူတိုင်း
အခက်အခဲကိုရင်ဆိုင်ကျော်လွှားရတာ
အလေ့အထ တစ်ခုလို့မှတ်ပါ
ဘဝဆိုတာပုံသေနည်းတစ်ခုမဟုတ်တော့
ဖြစ်လာသမျှကိုအကောင်းဆုံး ရင်ဆိုင်လိုက်ရုံပဲ

လဲကျလိုက်ပြန်ထလိုက်နဲ့
ကျင့်သားရသွားတဲ့အခါ
ခွန်းအားတစ်စုံတရာကိုအသုံးချပြီး
ငါတို့တွေပြုံးပြုံးလေးနေတတ်ရဦးမယ်…
Crd✍️