အသိဥာဏ်နည်းတဲ့ လူက
ကြွားဝါတတ်ခြင်းကို ခုံမင်တယ်။

ဥာဏ်ပညာနည်းတဲ့ လူက
ဒေါသထွက်ပြီး ပေါက်ကွဲလွယ်တယ်။

စိတ်ဓာတ်သေးသိမ် သူက
သူတစ်ပါး အတင်းပြောတာ ဝါသနာပါတယ်။

ကြောက်တတ်လွန်းအားကြီးသူက
ကိုယ်ဘယ်လောက် ခွန်အားကြီးကြောင်းပြသတယ်။

လူလူချင်း ကိုယ်မှ မြင့်မြတ်တယ်ထင်သူက
အာဏာကို မက်မောတယ်။

အတ္တကြီး သူက
ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တယ်။

စိတ်မလုံခြုံတဲ့ သူက
သူတစ်ပါးကို အကြောင်းမဲ့ရန်ရှာတယ်။

ဗဟုသုတနည်း သူက
ငါအတော်ဆုံး ငါအတတ်ဆုံးလို့ ထင်တယ်.....။

 __________________________

                                 
ပညာတက်ချင်ယောင် မဆောင်ပါနဲ့ ။
ပညာရှင်နဲ့ တွေ့ရင် ပိုပြီး အရှက်ရလိမ့်မယ်။

အရည်အချင်းရှိချင်ယောင် မဆောင်ပါနဲ့ ။
တတ်သိနားလည်တဲ့ သူနဲ့တွေ့ရင် ပိုပြီးအရှက်ကွဲလိမ့်မယ်။

ချမ်းသာချင်ယောင် မဆောင်ပါနဲ့ ။
ဒိတ်ဒိတ်ကြဲနဲ့ တွေ့ရင် ပိုပြီး မျက်နှာငယ်ရမယ်။

ဘဝ ဟာ ရိုးရှင်းလေ လှပလေပါ။

ဘဝ ဟာ ရိုးရှင်းလေ ကျက်သရေ ရှိလေပါ။

ဘဝ မှာ ဟန်ဆောင်ဖို့ မလိုပါဘူး။

အရှိကို အရှိအတိုင်း ရိုးသားဖို့ဘဲ လိုအပ်တာပါ။

သူတစ်ပါး ဟားတိုက်ရယ်မောခြင်း မခံရအောင်

အဓိပ္ပါယ်မဲ့ အရှက်မရ လေအောင်

အတက်နိုင်ဆုံး ရိုးသား ရအောင်ပါ
#crd_to_owner