Word Form & Verb Form

*** Verb Form ဖြေတတ်စေရန် ကလေးများအား Tense(ကာလ)ကို ပထမဆုံး သင်ဖို့လိုပါမယ်။အဲတော့  Tense(12)မျိုး ရှိတဲ့အနက်က ပထမဆုံး Simple Present Tense(Present Simple)ကို စလေ့လာကြည့်ရအောင်။

          1.Simple Present Tense.
                           (OR)
                 Present Simple.

   * Present Simple ရဲ့ ပုံစံက………

---- A.V မှာ V(s/es) ဖြစ်ပြီး
---- P.V မှာ am,is,are+V3 ဖြစ်ပါတယ်။

ကဲ Present Simple ကို ဘယ်အချိန်သုံးလဲ ဆိုတော့

၁။ ရှိရင်းစွဲ အခြေအနေကို ဖော်ပြလိုတဲ့အခါ……
    E.g. Naypyitaw is the capital of
            Myanmar.
      (နေပြည်တော်ဟာ လက်ရှိမှာ မြန်မာနိုင်ငံရဲ့
        မြို့တော်ပါ။အရင်က ရန်ကုန်မဟုတ်လား?
        ရှိရင်းစွဲ=လောလောဆယ် လက်ရှိအခြေအနေ။)
၂။ အမြဲတမ်းမှန်နေတာမျိုးကို ဖော်ပြလိုတဲ့ အခါ…
    E.g. Fire is hot.
       (မီးက အမြဲပူတာပါပဲ။)
၃။ ယေဘူယျအမှန်တရား(သို့)ခြုံငုံပြောလိုတဲ့အခါ……
    E.g. Cows eat grass.
     (နွားတွေက မြက်စားတယ်။)
   E.g.Men are stronger than women.
၄။ အလေ့အထ၊အကျင့်၊စရိုက်တို့ကို ဖော်ပြလိုတဲ့အခါ…
    E.g.I usually get up at 5:00 a.m.
    E.g.He often goes to school by bus.
၅။ အမိန့်ပေး၊တောင်းပန်(ပန်ကြား)လိုတဲ့အခါ……
    E.g. Go to bed early.
    E.g. Please open the door.

အထက်ပါ (5)ချက်ကို ဖော်ပြလိုတဲ့အခါမှာတော့ Present Simple ကို သုံးပါတယ်။၄င်းအချက်(5)ချက်ကို အလွယ်မှတ်ကြည့်ရအောင်_____

*** Present Simple    မှတ်ကြပြန်၊
        ရှိရင်းစွဲနဲ့     အမြဲတမ်းမှန်။
        အလေ့ထ၊စရိုက်၊   အကျင့်ရယ်၊
        အမိန့်ပေး၊တောင်းပန်        ပါသေးတယ်။
        ယေဘူယျသဘော    ခြုံငုံပြော၊
        မှတ်လိုက်ကြစို့နော။    ။

Present Simple ကို Frequency adverbs (အကြိမ်အရေအတွက်ပြ ကြိယာဝိသေသန)တွေနဲ့လည်း တွဲမေးလေ့ရှိတယ်။
    * အသုံးများသော Frequency Adverbs တွေက always,often,usually,regularly, never,sometimes,daily,every,generally,
almost,frequently,habitually, occasionally,once(a week),twice (a week)etc.တို့ပဲ ဖြစ်ပါတယ်။
_____________××××_______________

NB:
1. Present Simple ဆိုတာကို တစ်ချို့ဆရာတွေက V1 လို့လည်း ခေါ်ကြတယ်။  အဦးဆုံးပြောချင်တာက Present Simple(V1)မှာ Singular Verb နဲ့ ၊ Plural Verb ဆိုပြီးနှစ်မျိုး ရှိပါတယ်။
ဥပမာ-goes=Singular Verb.
          go=Plural Verb.
(Sub က Singular ဆို Verb ကလည်း Singular.
  Sub က Plural ဆို Verb ကလည်း Plural.)

E.g. Mg Mg goes to Yangon.
(Mg Mg ဆိုတဲ့ Sub က Singular ဆိုတော့ Singular Verb ဖြစ်တဲ့ goes ကို သုံးတယ်။)

E.g.They go to Yangon.
(They ဆိုတဲ့ Sub က Plural ဆိုတော့ Plural Verb ဖြစ်တဲ့ go ကို သုံးတယ်။)

အလွယ်မှတ်ချင်သူများကတော့………
Present Simple မှာ အနည်း/အများရှိတယ်။
Sub နည်းရင်၊Verb နည်းမယ်။
Sub များရင်၊ Verb များမယ် လို့မှတ်ချင် မှတ်နိုင်ပါတယ်။ မူလVerb ကို s/es ထည့်လိုက်ရင် အနည်းဖြစ်ပါတယ်။
(ပြောင်းနည်းကိုတော့ ဒီ Post မှာ မပြောလိုတော့ပါဘူး။
စာရှည်မှာလည်း စိုးပါတယ်။)

2. Verb Form ဖြေတတ်စေရန် ကလေးများကို အချက်သုံးချက် မဖြစ်မနေ ပြောပြရပါ့မယ်။အဲဒါတွေက Tense(ကာလ)၊Voice(A.Vလား/P.Vလား)၊နဲ့ Agreement(Sub နဲ့ Verb လိုက်ဖက်မှု)တို့ပဲ ဖြစ်ပါတယ်။Tense ကိုတော့ အခုစပြီး တင်နေပါတယ်။
   A.V/P.V ခွဲနည်းကတော့ ကလေးကို ကွက်လပ်ရှေ့ ကြည့်ခိုင်းပါ။ပြီးရင် V ကို လုပ်လား? မလုပ်လား? စစ်ပါ။ လုပ်ရင် A.V/မလုပ်ရင် P.V.
E.g.(grow) Farmers_____rice in their paddies. ကွက်လပ်ရှေ့က လယ်သမား။  V က စိုက်ပျိုးသည်။အဲတော့ ကွက်လပ်ရှေ့ကလယ်သမားဟာ စိုက်တာလား။ စိုက်ခြင်းခံရတာလား စဉ်းစား။စိုက်တယ်။ဒါဆို A.V.
E.g.(grow)Rice____in Myanmar.
အထက်ကအတိုင်း စဉ်းစားပါလေ။}

3. Sub နဲ့ Verb လိုက်ဖက်မှုကိုတော့ အခုတအားမလို၍ နောက်မှ သီးခြားတင်ပါမယ်။

4.အတော်လေး ညံ့သော ကျောင်းသားများအတွက်__
ကွက်လပ်မှာ Present Simple(V1)ဖြည့်ရမယ်ဆိုတာ ခန့်မှန်းနိုင်ဖို့ ကဗျာ။

(လေးတန်းအဆင့်)။ ကဗျာပါ စကားလုံးများ ပါလာရင် Present Simple သုံးပါ။

*** always နဲ့ often မှာ၊  
       usually လည်းပါ။
       sometimes နဲ့ neverလေး၊
       နောက်ကလိုက်လို့ပြေး။
       daily,every ပါရင်ကွယ်၊ 
       V1 ထည့်ပြီ ဖြေရမယ်။
       regularly ပါရင်လည်း၊
       V1 ဖြေမှာပဲ။
       V1ဖြေတဲ့ တို့တတွေ   အနည်း၊အများစဉ်းစားလေ။
       Subject က အနည်းဆို   s,es လေးထည့်ဖို့လို၊
       Subject က အများတော့   မပြုမပြင် ဒီတိုင်းပေါ့။

5. ရှစ်တန်းအဆင့် ညံ့များအတွက် အလွယ်သိနိုင်စေရန်__

*** always နဲ့ often မှာ၊    
       usually လည်းပါ၊
       generally,sometimes,
       never လေးနဲ့နှိုင်း။
      occasionally ပါသေးတယ်၊ 
      almost လေးနဲ့ကွယ်။
      frequently   ခဏခဏ၊
      every လေးနဲ့ပါ့။
      habitually   ဘယ်လိုလုပ်၊
      daily လေးနဲ့ထုတ်။
      once a week နဲ့ twice a week
      အကြိမ်ပြလို့သိ။
      regularly   ပါခဲ့သော်
      Present Simple   သုံးကြနော်။

* အထူးအကြံပေးချင်တာ တစ်ခုက ကလေးတွေကို Present Simple အား ဘယ်အချိန်အခါမျိုးမှာ သုံးတယ်ဆိုတဲ့ Usage ဖြင့် အရင်ဆုံးသင်ကြည့်ကြပါ။
မဖြစ်မနေ နောက်ဆုံးပိတ်အဆင့်မှသာ ကဗျာကို
သုံးစေချင်ပါသည်။
****************************************************
   ``Verb Form ဖြေဖို့ လေ့လာစို့ အပိုင်း ၂´´

*** အတိတ်က အကျိုးဆက်ပြတ်တဲ့ ဖြစ်ရပ်တွေကို ဖော်ပြလိုတဲ့ အခါ Past Tense ကို သုံးပါတယ်။
{အတိတ်က မကျိုးဆက်ပြီးပြတ်တဲ့ ဖြစ်ရပ် ဆိုတာ
ဖြစ်ရပ်တစ်ခုဟာ အတိတ်မှာပဲစတင်ခဲ့ပြီး အတိတ်မှာပဲ ပြီးဆုံးခဲ့တဲ့ ဖြစ်ရပ်ပါ။ အတိတ်မှာပဲ ကျန်ရစ်ခဲ့တဲ့ အကြောင်းအရာတွေကို ဆိုလိုပါတယ်။ အခုပြောနေချိန်မှာ အဲဖြစ်ရပ်ဟာ ဆက်လက်မဖြစ်တော့ဘူး။မရှိတော့ဘူး။}
E.g. I went to Monywa yesterday.

***** Past Tense နဲ့ တွဲဘက်ရေးလေ့ရှိသော စကားလုံးများမှာ-------
previous=အရင်ကျသော(previous week)
last=လွန်ခဲ့သော(last week,year,month)
ago=လွန်ခဲ့သော(two days ago)
yesterday=မနေ့က
yester-night=လွန်ခဲ့သောည
yester-week=လွန်ခဲ့သောအပတ်
yester-month=လွန်ခဲ့သောလ
yester-year=လွန်ခဲ့သောနှစ် စသည်တို့ ဖြစ်ပါသည်။

{ထို့အပြင် during=စဉ်တွင်၊အချိန်အတွင်း နဲ့
this morning=ဒီမနက် ကိုလည်း Past Tense နဲ့ တွဲရေးတတ်တယ်။
E.g. The phone rang during the meal.
(အစာစားနေစဉ်တွင် ဖုန်းမြည်လာတယ်။)
E.g.I wrote an essay this morning.
(ဒီမနက် ငါ အစ်ဆေး တစ်ပုဒ်ရေးခဲ့တယ်။)
၄င်းနှစ်ခုဟာ လေးတန်းအဆင့် အမေးများတာလေးနှစ်ခုတွေ့လို့ပါ ပုံသေတော့ မှတ်မထားစေချင်ပါ။}

ကလေးများအား Usage ကိုသာ သင်ပါ။ ပြီးမှ ဘယ်လိုမှ ကူညီ၍မလွယ်သော ကလေးများအတွက် မလွဲသာမှ သုံးပါလေ။

**** last နဲ့ ago,   yester မှာ
         previous လည်းပါ။
         this morning နဲ့ during လေး
         Simple Past Tense ရေး။

  Simple Past Tense မှာ Verb to Be မှလွဲ၍ တစ်ခုကိန်း၊အများကိန်း ပြောင်းပေးစရာမလိုပေ။ သို့သော် Simple Past Tense(V2)ပြောင်းတတ်ဖို့တော့ လိုသည်။ ထိုသို့ပြောင်းတတ်စေရန် ပေးထားသော Vသည်
Regular လား? Irregular လား?ဆိုတာကွဲဖို့လိုပြန်သည်။ Regular Verb(ပုံမှန်ကြိယာ)ဆိုသည်မှာ Past Tense(V2)နဲ့ Past Participle(V3) ဖြစ်ချင်တဲ့အခါ ed(d)ပေါင်းပေးရသော Verbများဖြစ်သည်။
ဥပမာ_play--played-played.
          walk-walked-walked etc...

*** Regular Verb ကို ed ပေါင်းနည်းများ။

၁။ Verb သည် e နဲ့ ဆုံးနေပါက d သာလျင် ပေါင်းပါ။
     e.g. love__loved__loved
၂။Verb သည် y နဲ့ဆုံးပြီး ၄င်း y ရှေ့မှာ ဗျည်းရှိနေလျင်
    y ကို i ပြောင်းပြီးမှ ed ပေါင်းပါ။
    e.g.try__tried__tried.
   သို့သော် y ရှေ့မှာ (a,e,i,o,u)သရ တစ်လုံးလုံးရှိနေက
    y ကို i မပြောင်းဘဲ ed ပဲပေါင်းပါ။
   e.g.play__played__played.
၃။Verb ဟာ ဗျည်းနဲ့ဆုံးနေပြီး ၄င်းဗျည်းရှေ့မှာ သရ တစ်လုံးလုံး ရှိနေပါက ဗျည်းကို နှစ်ခါရေးပြီးမှ ed ပေါင်းပါ။
    e.g.stop__stopped__stopped.
  (သရတစ်လုံး ဗျည်းနဲ့ဆုံး  တစ်လုံးဖြည့်စွက် ed ဆက်။)
၄။Verb ဟာ c နဲ့ ဆုံးနေရင် k ထည့်ပြီးမှ ed ပေါင်းပါ။
    e.g.picnic__picnicked__picnicked.
    e.g.frolic__frolicked__frolicked.
၅။အထက်ပါ နည်းများမှလွဲ၍ ကျန်တာကို ed ပေါင်းပါ။
   e.g.need__needed__needed.

*** Irregular Verb ဆိုသည်မှာ ထိုသို့ ed ပေါင်းပေးရမည်ဟူ၍ ပုံသေမှတ်မရဘဲ present(V1)/past(V2)/past participle(V3) သီးခြားစီ ပြောင်းပေးရသော Verb များဖြစ်သည်။
ဥပမာ_go--went--gone.
          write--wrote--written etc..
Irregular Verb ကတော့ သီးခြားကျက်မှတ်လေ့လာရမှာပါ။ အုပ်စုခွဲလေ့လာရင် ပိုကောင်းပါတယ်။
အုပ်စု(၅)ခု ခွဲထားပါတယ်။ စာရှည်မှာစိုးလို့ နမူနာလောက်ပဲ ပေးပါမည်။
Infinitive ကို V1
Past Simple ကို V2
Past Participle ကို V3.ဟု အလွယ်ခေါ်ပါရစေ အခု။

၁။V1/V2/V3 သုံးမျိုးလုံး တူသော အုပ်စု။
e.g. put___put___put.
        bet___bet___bet.
၂။V1 နဲ့ V2 တူသော အုပ်စု။
e.g. beat__beat__beaten.
၃။V1 နဲ့ V3 တူသော အုပ်စု။
e.g.come__came__come.
       run__ran__run.
၄။V2 နဲ့ V3 တူသော အုပ်စု။
e.g. buy__bought__bought.
        teach__taught__taught.
၅။V1/V2/V3 တစ်ခုမှ မတူသော အုပ်စု။
e.g.give__gave__given.
       do__did__done.
        (am)is__was__been.
ခြွင်းချက် တစ်ချို့လည်း ရှိတယ်။တစ်ချို့က Regular ရော၊Irregular ရော သုံးတယ်။
e.g. burn_burnt(burned)_burnt(burned)
e.g.dream_dreamt(dreamed)_dreamt
       (dreamed).
_______________XXXXX__________________
*** NB:
            ရှစ်တန်းသင်သော ဆရာ/မများနဲ့ Tense ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာလိုသူများအတွက် အောက်ပါတို့ကို ဆက်လေ့လာပေးပါ။
Tense နဲ့ပတ်သတ်၍ တင်ထားတဲ့ အပိုင်းနှစ်ပိုင်းရဲ့ ထူးခြားချက်ကလေးတွေကို စကားလက်ဆောင်
ပါးလိုက်ပါတယ်။
       
        *** Simple Present ရဲ့ ထူးခြားချက်(၃)ချက် ရှိပါတယ်။

၁။အတိတ်ကာလမှာ ဖြစ်သော်လည်း ယခုဖြစ်သကဲ့သို့ ထင်ထင်ရှားရှား ဖြစ်သော အကြောင်းအရာကို ဖော်ပြလိုသောအခါ(သို့)ထင်ရှားသော ဇာတ်ကြောင်းကို ပြန်လည် ပြောဆိုလိုတဲ့အခါ Simple Present ကိုသုံးပါတယ်။
E.g.Thamein Barunn kills the beast.
E.g.Kyansittha jumps over the wall.

၂။မကြာခင်လုပ်မယ့်အလုပ်ဟာ စီစဉ်ပြီးသား အနေဆိုတဲ့သဘောနဲ့ ဖော်ပြလိုတဲ့အခါ (သို့)မနာဂတ်သဘောကို  စီမံညွှန်ပြသောအခါ Simple Present ကိုသုံးပါတယ်။
E.g.Tomorrow we will go to Monywa.
E.g.Next week we leave for Maymyo to attend the meeting.

၃။Here/There နဲ့ စတဲ့ အာမေဍိတ်ဝါကျတွေမှာ Simple Present ကိုသုံးတယ်။
E.g. Here comes the bus!
         (ဒီမှာ-ဘတ်စ်ကား လာပြီ!)
E.g.There she goes!
         (ဟိုမှာ-သူသွားပြီ!)

အခြားမှတ်သားဖွယ်ရာ သုံးခုကတော့___
၁။ကိုးကားချက်များကို ဖော်ပြရာတွင်လည်း သုံးတယ်။
E.g.John says,`A thing of beauty is a joy for ever´.

၂။အချိန်ပြနှင့် အခြေအနေပြပုဒ်စု စာပိုဒ်များတွင် ရိုးရိုးအနာဂတ်ကာလအစား အသုံးပြုတယ်။
E.g.I should wait till you finish your lunch.
E.g.If it rains,we shall get wet.

၃။အားကစားလှုပ်ရှားမှုအပေါ် အသံလွှင့် ဝေဖန်ပြောဆိုရာတွင်လည်း အသုံးပြုတယ်။
     …………XXXXXX………………

      *** Simple Past Tense နဲ့ပတ်သတ်တဲ့ ထူးခြားချက် (၂)ချက်ရှိပါတယ်။
၁။ အချို့သော အကြောင်းအရာများကို ဖော်ပြရာမှာ အတိတ်ကာလကိုပြသော Adv များ မလို။(သိပြီးသား ဖြစ်သည့်သဘောပင်။)
E.g.I didn't sleep well.
(last night ဆိုတာကို သိပြီးသားမို့ ဖြုတ်ထားသည့် သဘောပင်။)
E.g.The king punished his servant.
E.g.They went to Bago to attend the meeting.

၂။အရင်က ပြုလုပ်လေ့ရှိသော အမှုကိစ္စများကို ဖော်ပြလိုတဲ့အခါမှာလည်း Simple Past Tense ကိုသုံးတယ်။
E.g.In college he studied many hours every day.
(ကောလိပ်မှာတုန်းကဆို နေ့တိုင်းစာကို အကြာကြီး လေ့လာလေ့ရှိတာကို ဖော်ပြတာ။အခု ကောလိပ်မှာ မဟုတ်တော့။ အတိတ်မှာ ပြုလုပ်လေ့ရှိတာကို ပြန်လည်ဆဖ်ာပြခြင်းပင်။ every နဲ့ Past တွဲသုံးတာ သတိထားခဲ့ပါ။ ဒါကြောင့် ကလေးတွေကို Usage ဦးစားပေးသင်ဖို့ တိုက်တွန်းခြင်းဖြစ်ပါသည်။ every/always ပါတိုင်း present simple မဟုတ်။ အင်း---ပြောရရင် လေးတန်းလောက်မှာ သိပ်မခက်ခဲပေမယ် ရှစ်တနိးအတွက်ဆို သိသင့်နေပြီ ထင်လို့ပါ။)
E.g.The old lady always carried an umbrella.
         ………………XXXXX…………………
*** ``Verb Form ဖြေဖို့ လေ့လာစို့ အပိုင်း (၃)´´

    Verb Form အပိုင်း(၃)အတွက်  Present Continuous Tense ကို လေ့လာရပါမယ်။
ပုံစံက am/is/are+Ving ဖြစ်ပါတယ်။
တစ်ခုကိန်း Sub(I နဲ့ You)မှလွဲ၍ is ကိုသုံးပြီး
အများကိန်း Sub(You အပါအဝင်) are ကိုသုံးပါတယ်။
I ဆိုတဲ့ Sub အတွက်ကတော့ am ကိုသုံးပါတယ်။
E.g.She is reading a book.
E.g.They are singing a song.
E.g.I am writing an essay now.
         အနှစ်ချုပ် သဘောက______
Sub(တစ်ခုကိန်း)ဆို is+Ving.
Sub(အများကိန်း)ဆို are+Ving.
Sub က I ဆို am+Ving.

Present Continuous Tense ကို ဘယ်အချိန်မှာ သုံးသလဲ ဆိုတဲ့ Usage ကို လေ့လာကြည့်ကြရအောင်_
* Present Continuous Tense ကို အခြေအနေ (၅)မျိုးမှာ အသုံးပြုကြတယ်။

      (၁) Actions around the moment of speaking/ပြောဆို၊ရေးသား နေချိန်မှာ မပြီးပြတ်သေးလို့ ၄င်းအလုပ်ကို ဆက်လက် လုပ်ကိုင်နေတယ်လို့ ပြောလိုတဲ့အခါ-------

E.g.I am reading a newspaper.
(အခုပြောနေချိန်မှာ သတင်းစာက ဖတ်မပြီးသေး။
  ဆက်ရင်းတန်းလန်း အနေအထား။)

      (၂)Temporary Actios/ ကိစ္စတစ်ခုခုကို အခိုက်အတန့်အားဖြင့် ပြုလုပ်နေကြောင်း ဖော်ပြလိုတဲ့အခါ----
E.g.I'm reading ``War and Peace´´.
{ငါ (အခုတလော)စစ်နဲ့ငြိမ်းချမ်းရေး ဝတ္ထုကို ဖတ်နေတယ်။စကားပြောချိန်မှာ အဲစာအုပ်ဖတ်နေတယ် ပြောတာ မဟုတ်ဘဲ စာအုပ်က စာအုပ်စင်(သို့)အိမ်မှာ ရှိနေနိုင်တယ်။
ဖတ်လက်စ သဘောနဲ့ လောလောဆယ် အခိုက်အတန့်အားဖြင့် သူဘာလုပ်နေတယ် ဆိုတာကို ဖော်ပြခြင်းသာဖြစ်သည်။}

E.g.They are preparing for the journey.
E.g.He is making arrangements for
       an alms-giving ceremoney.

        (၃)Near Future/မဝေးတော့တဲ့ အနာဂတ်ကာလ (သို့)မကြာခင်မှာ ပြုလုပ်မည့် ကိစ္စကို ရည်ညွန်းရာတွင် Simple Future Tense(will/shall+V1) အစား Present Continuouse Tense ကို အသုံးပြုနိုင်သည်။ များသောအားဖြင့်တော့ tomorrow တို့၊ tonight တို့၊next တို့နဲ့ တွဲသုံးတတ်တယ်။ အဲလိုသုံးတဲ့ ပိုသေချာတဲ့သဘော၊ စီစဉ်ပြီးတဲ့သဘော သက်ရောက်တယ်။

E.g.I am going to the cinema tonight.
(သွားနေတယ်လို့ ဘာသာမပြန်ရ။ မလို့ ဟု ဘာသာပြန်ပါ။
  ဒီနေ့ည ရုပ်ရှင် သွားကြည့်မလို့ စသည်ဖြင့်။
  လက်မှတ်ဝယ်ပြီးပြီ။ စီစဉ်ထားပြီးတဲ့သဘောပါတယ်။)
E.g.I am meeting my friend for dinner
       this evening.
       (ချိန်းထားပြီးပြီ)

         (၄)Habitual Actions(အကျင့်စရိုက်)များဆို
Present Simple ကို often,sometimes စတဲ့ Frequency Adverbs တွေနဲ့ တွဲသုံးကြသော်လည်း တားမရ၊ဆီးမရ အကျင့်မျိုးကို ဖော်လိုတဲ့အခါ always,constantly, continually စတဲ့ Frequency Adverbs တွေနဲ့ တွဲသုံးကြတယ်။

E.g.His eyes are sore,but he is always reading.
(သူမျက်စိတွေနာနေတယ်။ဒါပေမယ့် သူအမြဲတမ်း စာဖတ်နေတယ်။)
E.g.This curious girl is continually asking question.
(ဒီစပ်စုတဲ့ ကောင်မလေးကတော့ မေးခွန်းတွေ အဆက်မပြတ် မေးနေတော့တာပဲ။)
E.g.This careless boy is always losing his book.
(ဒီပေါ့လျော့တဲ့ကောင်ကတော့ အမြဲတမ်း စာအုပ်ပျောက်နေတော့တာပဲ။)
**** always ကို Present Simple မှာမှ မဟုတ်ဘဲ Present Continuous Tense နဲ့လည်း တွဲကြောင်း။ ဘယ်အခါတွဲကြောင်း သတိပြုမိအောင် လေ့လာခဲ့သင့်ပါတယ်။

         (၅)ပြောင်းလဲနေတဲ့ အခြေအနေတွေ (Changing situations)များကို ဖော်ပြလိုတဲ့အခါ---

E.g.The population of the world is rising
        very fast.
       (ကမ္ဘာ့လူဦးရေကတော့ အမြန်ပြောင်းလဲ
         တိုးပွားနေတယ်။)
E.g. Is your English getting better?
        (မင်းရဲ့ အင်္ဂလိပ်စာ တိုးတက်မှုရှိရဲ့လား?)

***** မပြီးသေးပါ၊လုပ်နေတယ်  near future ကွယ်
           Temporary Action တော့
            Changing Situ ပါတာပေါ့။
            ခဏခဏဖြစ်တဲ့ အကျင့်ဆိုး
            ငါးခု မှတ်မယ်ဗျိုး။

Present Continuous နဲ့ တွဲသုံးလေ့ရှိသော စကားလုံးများမှာ____
Now=ယခု
At present=အခုလောလောဆယ်
At this moment=ဤအခါ၌
At the moment=ယခုအခါ၌၊ယခု
Still= ထက်တိုင်။ အထိ။ သေး။ တုန်း။
Next=လာမည့်
Tonight=ယနေ့ည
Tomorrow=မနက်ဖြန်
Look!
Wait!
Listen!
Don't စတဲ့ ခိုင်းတဲ့ စကားလုံးများ။
Where ပါတဲ့ မေးခွန်းများ။
`ဘာလုပ်နေလဲ´မေးတဲ့ဝါကျများ။
`မလုပ်နိုင်ပါ´ဝါကျများ။
`အလုပ်များနေတယ်´လို့ ပြောတဲ့ ဝါကျများ။
`တစ်နေရာရာမှာ ရှိတယ်´လို့ ပြောတဲ့ ဝါကျများနဲ့လည်း တွဲသုံးကြတယ်။

E.g.He is reading a book now.
E.g.It is still raining.
E.g.Listen! I am talking to you.
E.g.Where is your mother?
        She is cooking dinner in the kitchen.
E.g.What are you doing?
        I am writing a letter.
E.g.I cannot go out.
       I am doing my homework.(အိမ္စာ)
E.g.She is busy.
       She is doing her housework.(အိမ်မှုကိစ္စ)
E.g.He is in the garden.
        He is watering the flowers.
              
                ဒီနေရာမှာ ကလေးတွေကို အလွယ်ပြောချင်ရင်တော့____

*** at present,now လေးရာ
       at this(the)moment ခေါ်ခဲ့ပါ၊
       where လေးနဲ့ မေးနေတော့
       tomorrow က   ဖြေမှာပေါ့။
       ``ခိုင်း´´ခိုင်းတယ်  ``မလုပ်နိုင်ပါ´´
       still လေးက    ပြန်ပြောတာ
       ``ဘာလုပ်နေလဲ´´   next ကလေး
        tonight ပြန်ဖြေ   မအားသေး။
        ``တစ်နေရာရာရှိ´´ခဲ့သော်
        ``အလုပ်ရှုပ်တယ်´´နော်။
         သူတို့တွေကို   ဘယ်လိုတွဲမည်
         am,is,are နဲ့    ing.

        အနည်းငယ် အကျယ်ချဲ့လေ့လာလိုသူတွေ
အတွက်တော့  တင်ပြီးတဲ့ အပိုင်း(၁) မှ (၃) အထိမှာ
Present Simple နဲ့ Present Continuous ကွာဟချက်ဟာ အဓိကအားဖြင့် (၂)ချက် ရှိတာကို သိဖို့ လိုမယ်ထင်ပါတယ်။
(၁)ပြောဆိုနေတဲ့ အချိန်၊အခိုက်တန့်မှာ လုပ်နေဖို့ လိုရင်
Present Continuous သုံးပြီး၊
မလိုရင် Present Simple ကိုသုံးတယ်။
* Present=လောလောဆယ် ဖြစ်နေ/လုပ်နေဖို့ မလိုဘူး။
* Continuous=လောလောဆယ် ဖြစ်နေ/လုပ်နေဖို့ လိုတယ်။
E.g.The kittle is boiling now.
(ရေနွေးအိုး ဆူနေတယ်။အခုပြောတဲ့ အချိန်မှာ ဆူနေတယ်။)
E.g.Water boils at 100 degrees centigrade.
(ရေဟာ ၁၀၀ ဒီဂရီစင်တီဂရိတ်ရောင်ရင် ဆူတယ်။ ဘယ်အချိန်နေနေ ၁၀၀ ဒီဂရီစင်တီဂရိတ်ရောက်ရင် ဆူတယ်။ အခုပြောတဲ့အချိန်မှာ ဆူနေတယ် ပြောတာမဟုတ်။)

(၂)Permanent situations
      (အမြဲတမ်းအခြေအနေ)ကိုပြောရင် Present Simple ကိုသုံးတယ်။
    Temporary situations
(ယာယီအခြေအနေ)ကို ပြောရင် Present Continuous ကိုသုံးတယ်။
* Present=Permanent situations.
* Continuous=Temporary situations.
E.g.I live in Yangon.I have been there for
        twenty years.
(ကျွန်တော် ရန်ကုန်မှာနေတယ်။နေလာတာ အနှစ်(၂၀)
ရှိပြီ။)
E.g.I am living with some friends until I can find a flat.
(ကျွန်တော့်အတွက် အခန်းတစ်ခန်းမရခင်ထိ မိတ်ဆွေတစ်ချို့နဲ့ (ခေတ္တ)နေတယ်။)

***** Present Continuous Tense ကို သုံးမယ်ဆို Verb ကို ing ပေါင်းတတ်ဖို့လိုပါမယ်။ အဲလို ing ပေါင်းတဲ့အခါ_____
(၁) Verb ဟာ e နဲ့ ဆုံးရင် e ကိုဖြုတ်ပြီးမှ ing ကိုပေါင်းပါ။
E.g.come >>> coming.

(ခြွင်းချက်။ ။dye,eye,etc.တို့ကိုတော့ ing ပဲပေါင်းပါ။
  E.g.dye >>> dyeing.
  E.g. eye >>> eyeing.)
အကယ်၍ ee,oe နဲ့ဆုံးရင်တော့ e ဖြုတ်စရာ မလိုပါဘူး။
E.g.see >>> seeing
E.g.flee >>> fleeing
E.g.toe >>> toeing
E.g.hoe >>> hoeing

(ခြွင်းချက်။ ။hoe,shoe,etc.တို့ကိုတော့ ing ပဲပေါင်းပါ။ E.g.hoe >>> hoeing.
     E.g.shoe >>> shoeing.)

(၂) Verb ဟာ ဗျည်းနဲ့ဆုံးပြီး ၄င်းဗျည်းရဲ့ရှေ့မှာ သရ တစ်လုံးလုံး ရှိနေရင် နောက်ဆုံးအက္ခရာကို နှစ်ဆပြုပြီးမှ ing ပေါင်းပါ။အကယ်၍ သရဟာ နှစ်လုံးဖြစ်နေရင်တော့ နှစ်ဆပြုဖို့မလိုပါဘူး။
* သရ=a,e,i,o,u
* ဗျည်း=ကျန်တဲ့(၂၁)လုံး
E.g.run >>> running
E.g.sit >>> sitting
E.g. eat >>> eating
(ခြွင်းချက်။ ။visit,edit,cover,open,etc.တို့ကိုတော့ ing ပဲပေါင်းပါ။
E.g. visit >>> visiting
E.g. edit >>> editing
E.g.cover >>> covering
E.g.open >>> opening)

(၃) Verb ဟာ y,w နဲ့ ဆုံးနေရင်လည်း နောက်ဆုံး အက္ခရာကို နှစ်ဆပြုဖို့မလိုပါဘူး။
E.g.buy >>> buying
E.g.grow >>> growing

(၄) Verb ဟာ c နဲ့ဆုံးနေရင်တော့ ၄င်း Verb နောက် k ထည့်ပြီးမှ ing ပေါင်းပါ။
E.g.picnic >>> picnicking
E.g.frolic >>> frolicking
E.g.mimic >>> mimicking

(၅) Verb ဟာ ie နဲ့ ဆုံးရင်တော့ ၄င်း ie ကို y ပြောင်းပြီးမှ ing ပေါင်းပါ။
E.g.die >>> dying
E.g.lie >>> lying
E.g.tie >>> tying

(၆)အထက်ကပြောခဲ့တဲ့ ငါးမျိုးကလွဲရင် ကျန်တဲ့ Verb တွေကို ing ပေါင်းပါ။
E.g. do >>> doing
E.g.stand >>> standing

ခြွင်းချက်။  ။ Present Continuous Tense အဖြစ် မသုံးတဲ့ ကြိယာ(Verb)တွေလည်း ရှိသေးတယ်။ ဆက်လုပ်ပေမယ့် Present Tense အနေနဲ့ပဲ သုံးတယ်။
1. Verbs of Perception

    * see=မြင်သည်
(ကြည့်သည် ဆိုရင်တော့ Continuous သုံးတယ်။)
    * hear=ကြားသည်
(သတင်းရရှိသည် ဆိုရင်တော့ သုံးတယ်။)
     * smell=အနံ့ရသည်
(ရှူ သည်၊နမ်းသည် ဆိုရင်တော့ သုံးတယ်။)
     * taste=အရသာပေါ်ထွက်သည်
     * feel=ထိတွေ့ခံစားသည်

2. Verbs of emotion
     
     * love=ချစ်သည်
     * hate=မုန်းသည်
     * like=ကြိုက်သည်
     * dislike=မနှစ်မသက်ဖြစ်သည်
     * want=လိုချင်သည်
     * wish=ဆန္ဒရှိသည်၊လိုချင်တောင့်တသည်
     * desire=အလိုရှိသည်
     * refuse=ငြင်းဆန်သည်
     * prefer=ပိုမိုနှစ်သက်သည်

3. Verbs of thinking

    * think=ထင်သည်
(တွေးသည် ဆိုရင်တော့ သုံးပြန်တယ်။)
    * realize=သိရှိသဘောပေါက်သည်
    * understand=နားလည်သည်
    * know=သိသည်
    * suppose=ထင်မြင်သည်
    * believe=ယုံကြည်သည်
    * trust=ယုံကြည်စိတ်ချသည်
    * recollect=သတိရ၊မှတ်မိသည်
    * remember=သတိရသည်

4. Some others
 
     * possess=ပိုင်ဆိုင်သည်
     * contain=ပါဝင်သည်
     * consist=ပါဝင်သည်
     * belong=ပိုင်ဆိုင်သည်
     * own=ပိုင်ဆိုင်သည်
      * have= မှာ………ရှိသည်
(ဆောင်ရွက်မှုပြ အဓိပ္ပာယ်နဲ့ရေးရင် သုံးတယ်။)
E.g She has much money.
(သူမမှာ ပိုက်ဆံများစွာ ရှိသည်။
She is having much money. ဟု မသုံးရဘူး။)
E.g.She has her dinner.
(သူမ ညစာစားသည်။
She is having her dinner.ဟု သုံးရတယ်။
ဆောင်ရွက်မှုပြလို့။)

************************************************************
`` Verb form ဖြေဖို့ လေ့လာစို့ အပိုင်း (၄)´´
                        (သို့)
      `` Simple Future Tense´´
         *** Simple Future Tense

Form : will/shall + Infinitive(V1).

Usgae :

1.အနာဂတ်မှာပြုလုပ်မယ့် အကြောင်းအရာကို
    ဖော်ပြလိုတဲ့အခါ Simple Future Tense ကို
    သုံးတယ်။

   E.g.I will come to you tomorrow.
          (ငါ မနက်ဖြန် မင်းဆီလာခဲ့မယ်။)

2.စကားပြောနေချိန်မှာ လုပ်ဖို့
   ဆုံးဖြတ်လိုက်သည့်ကြောင်း ဖော်ပြချင်တဲ့အခါ
   Simple Future Tense ကို သုံးတယ်။

   E.g.Oh,you have left the door open.
          I'll go and shut it.
          (ဟာ-မင်း တံခါးကို ဖွင့်ထားခဲ့တယ်။ ငါ သွား
           ပိတ်လိုက်မယ်။ပြောတဲ့အချိန်မှာ ပိတ်ဖို့
           ဆုံးဖြတ်လိုက်တာ။)

   Future Tense နဲ့ တွဲဖက်ရေးသားလေ့ရှိတဲ့
အချိန်ပြပုဒ်တွေကတော့………
1.tomorrow=မနက်ဖြန်
2.tonight=ဒီနေ့ည
3.next=လာမယ့်
4.this evening=ဒီညနေ
5.one day=တစ်နေ့မှာ
6.shortly=မကြာမီ
7.soon=မကြာမီ
8.coming=လာမယ့် စသည်တို့ဖြစ်ကြသည်။
     ၄င်း အချိန်ပြပုဒ်များပါရင် Simple Future Tense (will/shall+V1) ကိုသုံးရတယ်။
အဲဒါကို မူလတန်းအဆင့်ကလေးများအား အလွယ်နည်း မှတ်စေချင်ပါက……

     *** tomorrow နဲ့ tonight ဟာ
           next ကလေးနဲ့လာ။
           this evening, one day တော့
           shortly ပါတာပေါ့။
           soon နဲ့ coming မှတ်နေတုန်း
           Simple Future သုံး။

*** ကလေးများ Simple Future Tense ကိုသုံးဖို့ will နဲ့ shall ဘာရွေးရမလဲ ဒွိဟဖြစ်နေရင်
(နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ခက်နေရင်) will ကိုသာ
အရွေးခိုင်းပါ။
[မေးခွန်းဝါကျများနဲ့ When,If,Unless,Until စတဲ့
Clause တွေနဲ့ တွဲဖက်ရေးသားတဲ့အခါ I/We ကို
shall နဲ့တွဲရတယ်။ ကျန်တာကိုတော့ I/We ကို
will နဲ့လည်း တွဲရေးနိုင်ပါတယ်။
  E.g.Shall I understand it?
  E.g.If we are ill,we shall go to
         the doctor.
   ***American တွေ က will ကို persons
  အားလုံးအတွက်သုံးတယ်။]

အထက်ပါဖော်ပြချက်များဟာ လေးတန်းအဆင့် ကလေးများအတွက်သာ ဖြစ်ပါတယ်။ ဆက်လက်ဖော်ပြပေး မှာကတော့ အလယ်တန်းသင်ဆရာ/မများ၊မိမိလို လေ့လာစ ဆရာ/မများနဲ့ အလယ်တန်းအဆင့်ကလေးများ အတွက်ဖြစ်ပါတယ်။

       ``ထပ်ဆင့်မှတ်စရာ Future မှာ´´

1.Simple Present Tense ကို
   Future sense အသွင်ဖြင့်လည်းကောင်း၊
2.Present Continuous Tense ကို
    Future sense အသွင်ဖြင့် လည်းကောင်း၊
3.am/is/are(Be) + going to V1 ကို
    Future sense အသွင်ဖြင့်လည်းကောင်း၊
4.am/is/are + about to V1 ကို
    Future sense အသွင်ဖြင့်လည်းကောင်း၊
5.am/is/are + to V1 ကို
    Future sense အသွင်ဖြင့်လည်းကောင်း
အသုံးပြု နိုင်သေးတယ်။
အနည်းငယ် ထပ်လေ့လာကြည့်တဲ့အခါ……

            1.Simple Present Tense ကို
  အနာဂတ်အသွင်ဖြင့် အသုံးပြု ခြင်း။
        
        (a). အများ၊ပြည်သူနဲ့ဆိုင်သော သွားလာမှု အစီအစဉ်(အချိန်ဇယား)နဲ့ ရုပ်ရှင်အစီအစဉ် စသည်တို့နဲ့ ပတ်သက်၍ ဖော်ပြလိုတဲ့အခါ Future Tense အစား
Simple Present Tense ကိုသုံးတယ်။

E.g.The train leaves Yangon at 11.00.
(ရထားက ရန်ကုန်ကနေ ၁၁ နာရီမှာ ထွက်မယ်။)

       (b).အချိန်ဇယားကဲ့သို့ ပုံမှန်ဖြစ်နေတဲ့ အစီအစဉ်
ကို ဖော်ပြချင်ရင်လည်း Simple Present Tense ကို Future Tense အစား သုံးတယ်။
သို့သော် ပုဂ္ဂိုလ်ရေးရာ အစီအစဉ်တွေဆိုရင်တော့
Present Continuous Tense ကို သုံးရတယ်။

E.g.I start my new job on Monday.
(အလုပ်သစ်ကို တနင်္လာနေ့မှာ စမယ်။)
E.g.What time are you meeting Htar tomorrow?(do you meet မသုံးရ။)
(မနက်ဖြန် ထား နဲ့ ဘယ်အချိန်တွေ့မလဲ?Personal arrangement မို့ Present Continuous Tense ကို သုံးရတယ်။)

        *** Future sense အသွင်ဖြင့် သုံးသော Simple Present Tense နဲ့ Present Continuous Tense ကို နှိုင်းယှဉ်လေ့လာကြည့် မယ်ဆိုရင်…………
E.g.1.The flim starts at 8.15 p.m.
(ရုပ်ရှင်ဟာ ၈ နာရီ ၁၅ မှာ စလိမ့်မယ်။ ပုံမှန်/အချိန်ဇယားလိုမျိုး အစီအစဉ်မို့ Simple Present Tense ကိုသုံးတယ်။)
E.g.2.I am going to the cinema this evening.
(ဒီညနေ ငါ ရုပ်ရှင် သွားမယ်။ Personal arrangement မို့ Present Continuous Tense ကို သုံးတယ်။)

          2.Present ContinuousTense ကို
  အနာဂတ်အသွင်ဖြင့် အသုံးပြု ခြင်း။

        အနာဂတ်မှာ ပြု လုပ်မယ့်အလုပ်ကို စီစဉ်ထား
ပြီးကြောင်း ဖော်ပြလိုတဲ့အခါ Present Continuous Tense ကို Future Tense အစား သုံးတယ်။(လုပ်ဖို့စီစဉ်ထားတဲ့ အစီအစဉ်ကို
ဖော်ပြဖို့ရာ will ကို မသုံးသင့်ပါ။)

  E.g.I am going to Mandalay tomorrow.
(မနက်ဖြန် မန္တလးကို သွားမယ်။ ဆိုလိုတာ သွားဖို့ရာ စီစဉ်ပြီးပြီ။)

         3.am/is/are+going to V1 ကို
  အနာဂတ်အသွင်ဖြင့် အသုံးပြု ခြင်း။

      (a).အနာဂတ်မှာ လုပ်မယ့် အလုပ်တစ်ခုအတွက် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဖော်ပြလိုတဲ့အခါ……
am/is/are+ going to V1 ကို Future Tense အစားသုံးတယ်။

E.g.I am going to buy a new car.
(ငါ ကားအသစ်တစ်စီး ဝယ်မယ်။ ဝယ်ဖို့ ဆုံးဖြတ်ထားတယ်၊ဝယ်ဖို့ ရည်ရွယ်ထားတယ်။ဒါပေမယ့် ဘယ်အမျိုးစား၊ဘာအရောင်ဝယ်မယ် စသည်ဖြင့် အစီအစဉ်တော့ ဆွဲထားတာ ရှိချင်မှ ရှိမယ်။ကားဝယ်ဖို့ ဆုံးဖြတ်ထားကြောင်းကိုသာ အဓိက ဖော်ပြလိုရင်း။)
    
     ``am/is/are+going to V1 နဲ့
           am/is/are+Ving (Present Continuous Tense) တို့ရဲ့ ခြားနားပုံ။´´

      *** လုပ်မယ့် အစီအစဉ်ကို အဓိကထားရင်
am/is/are+Ving(Present Continuous Tense) ကို သုံးပြီး
        လုပ်မယ်လို့ ဆုံးဖြတ်ထားကြောင်း အဓိကထား
ပြောရင် am/is/are+ going to V1 ကို
သုံးတယ်။
သူတို့ရဲ့ ခြားနားချက်ဟာ သိပ်မသိသာလို့ အလျင်းသင့်သလို သုံးရတယ်။ ဒါပေမယ့် အရေးကြီးဆုံးတစ်ချက်ကတော့ Verbs of movement(go/come/leave etc.)တွေကိုတော့ am/is/are+Ving
(Present Continuous Tense) နဲ့သာ ရေးရတယ်။ am/is/are+going to V1 နဲ့ မရေးရဘူး။
E.g. I'm going to cinema tonight.
        (I'm going to go မဟုတ်။)

       (b).လက်ရှိအခြေအနေကြောင့် နောက်ထပ် ဖြစ်ရပ်တစ်ခု ထပ်ဖြစ်လာဖို့ ခိုင်မာ၊သေချာနေတဲ့ သဘောကို ဖော်ပြလိုတဲ့အခါမှာလည်း am/is/are+ going to V1 ကို သုံးရတယ်။
E.g.The sky is full of black clouds.
       It's going to rain.
       (ကောင်းကင်တစ်ခုလုံး တ်ိမ်တွေ မည်းမှောင်နေတာပဲ။ မိုးရွာတော့မယ်။ကောင်းကင်မှာ တိမ်ညို၊တိမ်မည်းတွေ တလိပ်လိပ် တက်လာတဲ့ လက်ရှိအခြေအနေကြောင့် နောက်ထပ် မိုးရွာတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ဖို့ သေချာနေတဲ့သဘောကို ဖော်ပြတယ်။)
E.g.Look! There are so many heavy things on the cart.It's going to break.
(ကြည့်ပါဦး။လှည်းပေါ်မှာ လေးတဲ့ပစ္စည်းတွေ မတရားတင်ထားတယ်။အဲဒီလှည်းတော့ ကျိုးတော့မယ်။)
[လက်ရှိ အနေအထားက ပစ္စည်းတွေ တင်ထားတယ်။ ကျိုးဖို့ရာက သေချာလွန်းနေတယ်။ ဒါကြောင့် လုပ်ဖို့ ဖြစ်ဖို့ နီးကပ်လာတဲ့သဘော သက်ရောက်နေ၍ သူ့ကို Near Future လို့လည်း ခေါ်တယ်။]

***** ``Will နဲ့ am/is/are+going to V1
                   ခြားနားပုံ။´´

1.ပြောတဲ့အချိန်မှ လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမျိုးဆို
    will ကိုသုံးပြီး အစကတည်းက ရည်ရွယ်ထား၊
    ဆုံးဖြတ်ထားတာဆို
    am/is/are+going to V1 ကိုသုံးတယ်။

    E.g.I'll buy some copy-books tomorrow.
(မနက်ဖြန် ဗလာစာအုပ်ဝယ်မယ်။ မူလက ဝယ်ဖို့ ရည်ရွယ်တာမဟုတ်။ ရေးနေရင်းကုန်သွားလို့ ပြောတဲ့စကား။)
     E.g.I'm going to buy some copy-books tomorrow.
(မနက်ဖြန် ဗလာစာအုပ်ဝယ်မယ်။ မူလက ဝယ်ဖို့ ရည်ရွယ်ထားလို့ ပြောတဲ့စကား။)

2.မဖြစ်သေးတဲ့ ဖြစ်ရပ်တစ်ခုကို ကြိုတင်မှန်းဆပြောတဲ့အခါ မသေချာရင် will သုံးပြီး သေချာသလောက်ဖြစ်နေရင်(ဖြစ်ဖို့ အတော်နီးကပ်နေရင်) am/is/are+going to V1 ကို သုံးတယ်။
   
      E.g.It will rain.
(မိုးရွာလိမ့်မယ်။ တကယ်တော့ ရွာချင်မှ ရွာမှာ။ မိုးတွင်းမို့သာ ပြောခြင်းမျိုး။)
      E.g. It is going to rain.
(မိုးရွာတော့မယ်။ကောင်ကင်ရှိ လျပ်စီး။မိုးကြိုး၊ပြိုကျမလို တိမ်ညို တိမ်းမည်းတွေကြည့်ပြီး ပြောခြင်းမျိုး။)

            4.am/is/are+ about to V1 ကို
  အနာဂတ်အသွင်ဖြင့် အသုံးပြု ခြင်း။
 
  *** အဖြစ်အပျက်တစ်ခုက တအားနီးကပ်နေတဲ့ အနာဂတ်ကာလမှာ ဖြစ်တော့မှာကို ပြောချင်ရင်
am/is/are+ about to V1 ကိုသုံးတယ်။

E.g.The bus is about to leave.
(ကားထွက်တော့မယ်။ ထွက်တော့မယ့် ဆဲဆဲ။)
             
              5.am/is/are+ to V1 ကို
  အနာဂတ်အသွင်ဖြင့် အသုံးပြု ခြင်း။

    *** အနာဂတ်အတွက် တရားဝင် စီစဉ်ထားတဲ့ ကိစ္စတွေကို ဖော်ပြလိုတဲ့အခါ am/is/are + to V1 ကို သုံးတယ်။

E.g. The President is to visit America.
(သမ္မတကြီး အမေရိကကို သွားဖို့ စီစဉ်ထားတယ်။)

  `` အဲ ဒါကတော့ နောက်ထပ် သိသင့်တာတွေပေါ့……´´

      `` Simple Future Tense
         (will/shall+V1) မှ will ကို သုံးခြင်း။´´

*** 1.နောက်ဖြစ်လာမှာကို ထင်မြင်၊ယူဆပြီး ပြောရင်
      2.တစ်ခုခုလုပ်ပေးဖို့ ကမ်းလှမ်းရင်
      3.တစ်ခုခုလုပ်ဖို့ သဘောတူရင်
      4.ကတိပေးတာဆိုရင်
      5.တစ်ခုခုလုပ်ပေးဖို့ ခိုင်းတဲ့အခါ
         will ကိုသုံးတယ်။
         (ငြင်းရင် will not=won't)
E.g.1.The cart is not strong. It'll break if you put lots of things on it.
(လှည်းက သိပ်မခိုင်ဘူး။ ပစ္စည်းတွေအများကြီးသာ တင်ရင် ကျိုးသွားလိမ့်မယ်။ထင်မြင်၊ယူဆ ချက်ကိုပြောတာ
သေချာမှုတော့ မရှိဘူး။နောက်ပြီး ပစ္စည်းတွေလည်း မတင်ရသေးဘူး။ တင်ရင် ဖြစ်လာနိုင်တာကို မှန်းပြော။)

E.g.2.That bag looks heavy.
          I will carry it for you.
        (အဲအိတ်က လေးပုံပဲ။ ကျုပ် ကူသယ်ပေးပါ့မယ်။
         ကူသယ်ပေးဖို့ ကမ်းလှမ်းလိုက်တာ။)

E.g.3.Don't worry.I will help you with your exercise.
(ပူမနေပါနဲ့ဟာ။ မင်းအိမ်စာတွေကို ငါကူပါ့မယ်။
  သဘောတူတာ။ )

E.g.4.Please lend me your book.I will
give it back this evening.
(မင်းစာအုပ် ငှားဦးနော်။ ငါ ဒီညနေ ပြန်ပေးပါ့မယ်။
  ကတိပေးတာ။)

E.g.5.Will you shut the door,please?
          (တံခါးလေး ပိတ်ပေးပါလားဗျ။ခိုင်းတာ။)
E.g.6.I've tried to advise her but she won't listen.
          (ငါ သူ့ကို အကြုံပေးဖို့ လုပ်ပါသေးတယ်။
            ဒါပေမယ့် သူက ငြင်းတယ်လေ။)

*** [ will နဲ့ တွဲဖက်ရေးလေ့ရှိသော Verb နဲ့ Adv များမှာ……… think,hope,expect,believe,imagine,(I'm)sure,wonder,probably,perhaps,certainly,bet(informal),reckon(informal) စသည်တို့ ဖြစ်ကြတယ်။

E.g.I imagine the stadium will be
       full for the match on Saturday.
E.g.I think you will enjoy your new
       job.]

          `` Simple Future Tense
       (will/shall+V1) မှ shall ကို သုံးခြင်း။´´

    *** Shall I……နဲ့ Shall we
  
    ကမ်းလှမ်းမှု၊အကြံပြုချက်၊လူတစ်ယောက်ယောက်ရဲ့
သဘောထားကို လိုချင်တဲ့အခါ shall I/shall we ကို သုံးတယ်။
E.g.Shall I open the window?
(ပြတင်းပေါက် ဖွင့်လိုက်ရမလား။ ငါ့ကို ဖွင့်စေချင်လား။)
E.g.Where shall we go this evening?
(ဒီညနေ တို့ ဘယ်ကို ဒိုးကြမလဲ။အကြံတောင်း။)

***  Shall I နဲ့ Will you ကို နှိုင်းယှဉ်ကြည့်ခြင်း။

E.g.1.Shall I shut the door?
(တံခါး ပိတ်လိုက်ရမလား။ မင်းက ငါ့ကိုပိတ်စေချင်လား။)
E.g.2.Will you shut the door?
(မင်း တံခါးကို ပိတ်လိုက်ပါလား။ ငါက မင်းကို ပိတ်စေချင်တယ်။)
                 
      

Verb Form (ဖြေနည်း)

*am,is,are,was,were နောက်မှာ Active ဆိုရင် V4 သုံးမယ်။ Passive ဆိုရင် V3 သုံးမယ်။
*has,have,had နောက်မှာ V3 ကွယ်။
*be,been,being နောက်မှာ V3 ကွယ်။
*အဲဒါတွေမပါရင် V1ရယ်V2ရယ်။
*yesterday, ago, last, in+ခုနှစ်, this morning ပါရင် V2 သုံးမယ်။
*can, could, will, would, shall ကာ should နဲ့ may, might, must နောက်မှာ V1သုံးမယ်။ to, please နဲ့ do, does, did နောက်လည်း V1 သုံးမယ်။

*V1 အနည်း အများ။
always, usually, sometimes,
often, every မှာ V1 အနည်းများ စဉ်းစားကွာ။

*am/is/are + Ving
now, at the morment ,at present, look!, listenနောက်မှာ!ဟာ am/is/are နဲ့ ingပါ။

*Ving
keep on နောက်မှာ ing
without နောက်မှာ ing
after နောက်မှာ ing
by နောက်မှာ ing
Verb နောက်မှာ ing
ဝါကျရှေ့ဆုံး ing သုံး။

*will+V1
tomorrow, soon, next ပါရင်ကွာ wil+V1 အသုံးများတာ။
Credit -
***********************************

Verb form လွယ်လွယ်ဖြေကြမယ်။

1#V1 present tense
အလေ့အထ သဘာဝ V1 နဲ့ဖြေကြ။
A E O U S အလေ့ထလို့မှတ်။
( always; every;often;usually;sometime)

2#V2 past tense
ပုံပြင်ထဲက(သမိုင်း) ဝါကျရယ်  ခုနှစ်/အချိန်ငယ် yesterday last နှင့် previous  past tense V2 မှတ်။

3#am/is/are+Ving present continue tense
Now ; listen; Don't အမိန့်ပေး  နောက်ဝါကျကို သူနဲ့( present continue tense)ရေး ။

4#will/would V¡ Future tense
Tomorrow; next;coming;soon; ခုနှစ်(eg. 2020) အကြီးပါလျှင်ကွယ်။ မည်နှင့်ဆုံးတဲ့ဝါကျကွယ်။ မည်နဲ့ဆုံး လျှင် will ကိုသုံး  သေချာမှတ်ပါဦး။

5#has/ have V3 Present perfect tense
ပြီးပီ ဘူးတယ် ရေးတဲ့အခါ have V3 သုံးကြတယ်။
( အ/ ဖေ/ ကြီး /ရပ် /တော့ /မယ် /ရှင့်/ ဟောင်းလောင်း) လွယ်လွယ်မှတ်စေကြောင်း။
(after  / for+ကြာချိန်/just/twice/many/since/how long)

6#has/have/ been+Ving  Present perfect continue tense
Time to time ရေစီးဖွယ်  လုပ်ခဲ့တယ် have been V3သုံးရတယ်။
eg. the whole day  မနက်ကနေ  ခုထိ
       all day                           ။
       form beginning the school year ကျောင်းဖွင့်တည်က  ခုထိ။
        since  ခုထိလုပ်နေသေးတယ်။
( ဟိုးတုန်းကလည်း လုပ်တယ်  ခုလည်းလုပ်နေတယ်ပေါ့)

7#V¡ verb infinity
do /does /did / will /shill /model/ to ရဲ့နောက် Viရောက်။

8#Ving 
Verb နေရာမှာ  verb မနေ  ing နှင့်ပေါင်းရပေ။
ဥပမာ#  ဝါကျထိပ်ရောက်နေတာ
          # by /after/ for/ without etc. . . နောက်ရောက်နေတာဆို 
          #object complement ဖြစ်နေတာမျိ ု းဆို Ving ပေါင်းပေးး 

မှတ်ရများ လျှင်  ဝေ သွာမှားဆိုးလို့  အမေးများတာပဲရေးပေးလိုက်တယ်။
Credit -
***************************************
Verb Form
Verb Formကို ဒီလိုသင်ပါတယ်။

Verb Formဆိုတာ V1များပေး၍ Vများသာ ဖြေရပါသည်။
Verb Formဖြေရင်

1) Verbအနည်းလုပ်မယ်
2)V2ပြောင်းမယ်
3)Ing ပြောင်းမယ်
4)အတိုင်းထားမယ်

တခြားဖြေရတာတွေ ရှိကောင်းရှိပါမယ်။ဥပမာ will+V1မေးတာမျိုး။
future tenseပေါ့။
G-4အဆင့်မှာ အဓိက,က ဒီလောက်ပဲ မေးတာပါ။

Verbအနည်းလုပ်မယ်

4) everyပါရင် V1နဲ့ရေးမယ်။
every day
every night
every week
every month
every yearပါရင်ပေါ့။

2) u so na ပါရင် V1နဲ့ရေးမယ်။

u        ဆိုတာ            =    usually
s                                 = sometimes
o                                 = often
n                                 = never
a                                 = always

V1မှာ အနည်းအများ ရှိလေတော့ . . .

Pronounကဗျာနဲ့ ချိတ်ပါမယ်။

I, We, Youနဲ့ They တို့ဟာ
Pronounလေးတွေပါ။  ( အဲဒါက အများလို့မှတ်)                  
He, She, Itဟာလဲ
Pronounလေးတွေပဲ။  (အဲဒါက အနည်းလို့မှတ် )

Subများရင် Vများမယ်
Subနည်းရင် Vနည်းမယ်။
Vမှာ sထည့်
အနည်းတဲ့။

Verbအနည်းလုပ်တာနဲ့  V1အတိုင်း ပြန်ရေးရတာကို တစ်ဆက်တည်း ရှင်းပြလို့ ရပါတယ်။

V2ပြောင်းမယ်

1) yesterdayပါရင် V2ပြောင်းမယ်။

2)lastပါရင် V2ပြောင်းမယ်။
last night
last week
last month
last yearပေါ့။

3)ပြီးသွားခဲ့ရင် V2နဲ့ရေးမယ်။
ဥပမာ this morningတို့
in 2016တို့ ပါလာရင် ပြီးသွားတဲ့ဖြစ်ရပ်ဆိုရင်ပေါ့။

Ingပြောင်းမယ်

1) am/is/are + ( ing  )
ကိုယ်က am, is, are plusလို့ဆိုလိုက် ကလေးတွေက ingလို့ နောက်ကလိုက်လာလိမ့်မယ်။
ဒါဆို am, is, areနောက် ingလိုက်တယ်ပေါ့။
ingပြောင်းပေး။

အဲတော့ Vingပြောင်းနည်း လိုလာပြီ။

မခက်ပါဘူး။ ingလေးပါင်းပေးပါ။
go ->  going

eဆုံးရင်၊ ဥပမာ- comeတို့လာရင် eဖြုတ်ပြီး ingပေါင်းပါ။
come   -->   coming

y/wဆုံးရင် ingပဲပေါင်းပါ။
fly  -->  flying

isဆုံးရင် yပြောင်းပါ။ ingပေါင်းပါ။
die  -->  dying

ကဗျာလေး ရှိပါတယ်။ သတ်သတ်တင်ချင်လို့ နောက်နေ့မှ ပေးပါ့မယ်။

ဒါလေးတွေလည်း သိဖို့လုပ်ရပါတယ်။

toရဲ့နောက်  V1လိုက်။

do not
does not       -  V1လိုက်
did not

Do      S
Does  S        - V1လိုက် 
Did     S

Modal  Vရဲ့နောက်  V1လိုက်။
Credit -
***************************************
```မူလတန်းအဆင့် Preposition အသုံးပြုပုံနဲ့ Verb Form ဖြေပုံလေးပါ။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

             ```PREPOSITION´´´

*အချိန်၊နေရာ ကျဉ်းတဲ့အခါ
a-t   အက်လေးပါ။
*နေ့၊ရက်၊အပေါ်  ထိရင်လား
o-n အွန် ထည့်ထား
အပေါ်တည့်တည့်   ဝေးနေတယ်
over   သုံးရမယ်။
*အပေါ်မတည့် above ကွဲ့
နှစ်ခုကြားဆို  between ထည့်
သို့သော်တစ်ခု  မှတ်ပါဦး
  အများကြားဆို among သုံး။
*အထဲမှာ အရင်က   ရှိခဲ့ရင်
  ထည့်ပေါ့  i-n အင်။
*နောက်မှ ဝင်ကာ  ပြေးသလား
  into(ထဲသို့)   ထည့်စို့လား။
*ကား၊ရထားနဲ့ သွားလိုသော်
b-y   ဘိုင်ပေါ့နော်။
ခြေချင်ဆိုရင် ဘာနဲ့သွား
o-n နဲ့သွား။
*အောက်တည့်တည့်မှာ   ဝေးနေသော်
  under ထည့်ကြနော်
  အောက်တည့်တည့်မှာ ထိနေလား
  beneath  ထည့်စို့လား
  မတည့် ရင်တော့    တစ်ခုတည်း
  below သုံးရုံပဲ။
*အပေါ်သို့ တက်    u-p အပ်
အောက်သို့   down လို့မှတ်။
*ကန့်လန့်ဖြတ်တာ   across လေး
ထိုးဖောက်ဖြတ်တော့ through ပေး။
*တစ်နေရာက  ထွက်ခွာရင်
f-r-o-m(မှ/က)   ဖရွန်။
*ဟိုဟ်ိုဒီဒီ    သွားမလား
t-o(သို့/အထိ)  တူနဲ့သွား။
(ကွင်းအတွင်းက စာသားကို ဆိုရန်မလိုပါ)

ဤသည်မှာ မူလတန်းအဆင့်တွင် အမေးများသော Pre များပင်ဖြစ်သည်။

         ````Verb Form ဖြေကြမယ်´´´´

Verb form ကို မဖြေခင် ကလေးများကို အောက်ပါ အခြေခံကလေးတွေလောက်တော့ အနည်းဆုံးအဆင့် ပြောထားပါ။
၁။Verb to Be= am/is/are/was/were
                          be/been/being.
၂။Verb to Do=does/do/did/done/doing.
၃။Verb to Have=has/have/had/having.
၄။Modal Verb=will/would/shall/should/
                          can/could/may/might/
                           must/had to.
၅။ကာလငါးခုအနည်းဆုံးပြောထားရမည်။
  (a)ရိုးရိ်ုးပစ္စပ္ပုန်ကာလ
  *အမှန်တရား/အမြဲလုပ်/အမြဲဖြစ်/အလေ့အထ
   တွေဆို V1.
(always/sometimes/once/never……)
  (b)ရိုးရိုး အတိတ်ကာလ
  *အဖြစ်ပျက်က ပြီးသွားပြီ ပြီးခဲ့အချိန်လည်း ပါရင် V2.
(last/ago/during/yesterday/ခုနှစ်များ……)
  (c)ပစ္စပ္ပုန် ပြုလုပ်ဆဲကာလ
   *အခုပြောနေတဲ့အချိန်မှာ အဖြစ်ပျက်က မပြီးဆုံးသေးရင် am/is/are+Ving.
(now/at present/at this time……)
   (d)ပစ္စပ္ပုန် ပြည့်စုံ(ပြီးစီး)သောကာလ
   *မကြာခင်ကမှ ပြီးတာကို ပြောချင်ရင်၊အတော်ကြာက ပြီးပေမယ့်လည်း အခုထိ အကျိုးဆက်(ရလဒ်)ရှိနေ၊ကျန်နေသေးရင် has/have+V3.
(just/already/since/for/yet……)
     (e)အနာဂတ်ရိုးရိုးကာလ
   *အနာဂတ်မှာ(ဖော်ပြထားတဲ့အချိန်မှာ) သတ်မှတ်ထားတဲ့ဟာကို
  ပြုလုပ်မယ့်အကြောင်း ပြောရင်
will/shall+V1.
(next/tomorrow/coming………)
{အနာဂတ်က တအားနီးကပ်/ သိပ်မဝေးတော့ရင် am/is/are+Vingလည်း သုံးရတယ်။}
အဲကာလ ငါးမျိုးလောက်တော့ အရင်ပြောပြ သင်ပြထားပါ။ကဲ ဖြေပုံလေး စရအောင်။
 
             ```Verb Formဖြေနည်း´´´

*ကြိယာ Verb လေး  ပြောင်းတဲ့အခါ
  ကာလသုံးပါး    ကြည့်ရမှာ
*ပစ္စပ္ပုန်အနည်း s(es)ထည့်ထား
  များရင်   ဒီအတိုင်းထား။
*Verb to Beလေး  ကွက်လပ်ရှေ့
   ing နဲ့ V3 ဟေ့။
(မူလတန်းအဆင့်ဆိုတော့  by ပါရင် V3/ မပါရင်ing ဖြစ်ရမယ်။)
  *Do,Did,Does တွေပါတဲ့အခါ
    Verb ကလေးက ဒီအတိုင်းပါ။
  *Modal Verb တွေ ပါခဲ့သော်
    Verb ကလေးက ဒီအတိုင်းနော်
    Modal Verb က   ဘာတွေလဲ
    will/shall/can/may/must တို့ပဲ။
(၄င်းတို့ရဲ့ V2 တွေကိုလည်း ပြောပြပါ။)
   *t-o တူနောက်    V1 ပါ
    Verb to Have ဆို    V3 ပါ။
    *အတိတ်ဆိုရင် ဘာကိုပြောင်း
     V2 လေးကိုပြောင်း။



Word Order (Word Form အတွက် အထောက်အကူရှင်းလင်းချက်)

*** Adjectives တွေကိုဘယ်နေရာတွေမှာထည့်ရတတ်ပါသလဲ။
Adjectives တွေဟာ နေရာ ၂ ခုမှာရှိတတ်ကြပါတယ်။

၁). Noun ရဲ့အရှေ့ကနေ ကပ်လ ျက်လာပြီး တော့ Noun ကို အထူးပြုပေးတတ်ကြပါတယ်။
၂). Linking Verb တွေရဲ့အနောက် မှာရှိနေပြီးတော့ Noun ရဲ့အရှေ့ ကနေ Noun ကိုအထူးပြုပေးတတ်ကြပါတယ်

* ၁). Noun ရဲ့အရှေ့ကနေ ကပ်လ ျက်လာပြီး တော့ Noun ကို အထူးပြုပေးခြင်း
ဥပမာ
Jack spoke to the slim woman. (slim သည် noun ဖြစ်သော woman ရှေ့တွင်ကပ်လ ျက်လာပြီးအထူးပြု)
We visited an interesting town. (interesting သည် noun ဖြစ်သော town ရှေ့တွင်ကပ်လ ျက်လာပြီးအထူးပြု)
ဤပုံစံတွင် Adj သည်
Determiner (a,an, the, some etc.) + Adj + Noun ပုံံစံဖြင့် လာသည်ကိုမှတ်ပါ။
အထက်ပါ ပုံစံမှာ သတိပြုဖို့က Adjective နေရာမှာ Adj တစ်ခုထက်ပိုလာနိုင်တယ်ဆိုတာပါပဲ။
ဥပမာ ကြည့်ပါ။
Jack lives in a big, brown house. (Adj နှစ်ခုဖြစ်သော big နှင့် brown သည် noun ဖြစ်သော့house ရှေ့တွင်ကပ်လ ျက်လာပြီးအထူးပြု)
He bought an interesting, metal box. (Adj နှစ်ခုဖြစ်သော interesting နှင့် metal သည် noun ဖြစ်သော box ရှေ့တွင်ကပ်လ ျက်လာပြီးအထူးပြု)
ဒါကြောင့် Determiner (an) + Adj1, Adj2 + Noun ပုံံစံဖြင့် လာနိုင်သည်ဟုမှတ်ပါ။

*** အသုံးများတဲ့ Determiner လေးတွေနဲ့ အရေအတွက်ပြတဲ Quantifier လေးတွေကိုပါအောက်မှာ တစ်တွဲတည်းပြပေးလိုက်ပါတယ်

- a, an, all (of), another, any, both (of), certain, each, either, enough, every, a couple of, a lot of, lots of, a lack of,
- a good deal of, a great deal of, a bit of,
- (a) few, half, last, least, less, (a) little, many (a), more, most (of), much (of), neither, none (of), not much,
- next, no, other, own, plenty (of), same, several, some (of),
such (a),
- that / those, the, this / these, whole
- one, two, three, 1, 2, 3, first, second, third, ½ (one-half), 1/3 (one-third), 2/3 (two-thirds) etc.
- my, your, his, her, our, their, its
- my father’s, his sister’s, John’s, Jane’s, the boy’s, etc.
- which, what, whose

*** ၂). Linking Verb တွေရဲ့အနောက် မှာရှိနေပြီးတော့ Noun ရဲ့အရှေ့ ကနေ Noun ကိုအထူးပြုပေးခြင်း

Linking Verb လို့ခေါ်တဲ့ ခ ျိတ်ဆက်ကြိယာ တနည်း (Verb to Be နေရာတွင် အစားသုံးလို့ရသောကြိယာ)
တွေဟာ ရိုးရိုးဝါက ျတွေမှာ ဝါက ျရဲ့ Sub အကြောင်းကို ဖြည့်စွက်ပြောပြလေ့ရှိပါတယ်။
That steak looks very tasty! (Linking verb ‘look’ သည် steak ဟာအရသာရှိပုံပေါ်ကြောင်း sub ‘that steak’ အကြောင်းကိုဖြည့်စွက်ပြောပြတာပါ။
The test seems difficult. (linking verb ‘seem’ က sub ‘the test’ အကြောင်းကို ခက်မယ့်ပုံရှိတယ်လို့ ပြောပေးတာပါ။)
** ဒါကြောင့်ဒီနေရာမှာ Linking Verb လို့ခေါ်တဲ့ ချိတ်ဆက် ကြိယာတွေ အသုံးမ ျားတာလေးတွေကို မှတ်ထားပါမယ်။

*** အသုံးများတဲ့ Linking Verbs လေးတွေကတော့..

be, act, appear, become, come, fall, feel, fell, get, go, grow, keep, look, prove, remain, run, seem, smell, sound, stay, taste, turn စသည်တို့ဖြစ်ကြပါတယ်။

ဥပမာလေးတွေပါ
The day is beautiful. လှသည် ( ‘is’ = Linking Verb)
She seems a little nervous. နည်းနည်းးကြောက်နေပုံပေါ်သည်။ ( ‘seem’ = Linking Verb)
The boys appear happy. ပေ ျာ်နေတဲ့ပုံပေါက်သည် ( ‘appear’ = Linking Verb)
The girls look satisfied. ကေ ျနပ်တဲ့ပုံပေါ်သည် ( ‘look’ = ။ ။ ။)
The berries taste sweet. ခ ျ ို တဲ့အရသာရှိသည်။ မြည်းကြည့်ရတာခ ျိ ု သည်။ ( ‘taste’ = ။ ။ ။)
John feels tired. ကြည့်ရတာမောပုံရသည်။ မောပုံပေါ်သည်။ ( ‘feel’ = ။ ။ ။)

*** Verbs တွေကိုဘယ်နေရာတွေမှာထည့်ရတတ်ပါသလဲ။

Sub ရဲ့အနောက်မှာ ကပ်လ ျက် နေပါတယ်။ (သိပြီးသားတွေပါ)
တကယ်လို့ အကူကြိယာနဲ့ ပင်မကြိယာ နှစ်ခုပါလာတဲ့အခါမှာတော့ positive and negative sentences တွေမှာ
ပင်မကြိယာ ဟာ အကူကြိယာနောက်မှာရှိနေပါတယ်
အကူကြိယာက အရှေ့ကလာသည် + ပင်မကြိယာက အနောက်ကလာသည် လို့ဆိုလိုတာပါ။ (သိပြီးသားတွေပါ)
ဥပမာ
We are working on a project at the moment. (အကူကြိယာ ‘are’ + ပင်မကြိယာ ‘working’ )
She didn't come home last night. (အကူကြိယာ ‘didn't’ + ပင်မကြိယာ ‘come’ )
မေးခွန်းမှာက ျတော့ ပင်မကြိယာ ဟာ sub နောက်မှာကပ်လိုက်ပါတယ်။ (ဒါလည်းသိပြီးသားပါပဲ)
Where have they been this week? (ပင်မကြိယာ ‘been’ ဟာ sub ‘they’ နောက်ကလိုက်သည်)
How often does she drive that car? (ပင်မကြိယာ ‘drive’ ဟာ sub ‘she’ နောက်ကလိုက်သည်)
*** Sub နဲ့ Verb ကြားမှာ၀င်တတ်တာကတော့
never, rarely, sometimes, often. usually, always, ever တို့လို အကြိမ်ပြ ကြိယာဝိသေသန Adverbs of Frequency တွေပါပဲ။
ဥပမာ
She often visits her friends in Germany.
(Sub ‘She’ + adverb ‘often’ + verb ‘visit) ပုံစံပါ။
They sometimes have lunch in an Italian restaurant.
(Sub ‘They’ +adverb ‘sometimes’ + verb ‘have’)

*** Adverbs တွေကိုဘယ်နေရာတွေမှာထည့်ရတတ်ပါသလဲ။
ကြိယာဝိသေသန အမ ျ ိုးအစားမ ျားစွာရှိပါတယ်

Adverbs တွေဟာ ယေ ျဘူယ အားဖြင့် နေရာ ၃ နေရာမှာရှိကြပါတယ်။

*** Adverbs at the Beginning စာကြောင်းအစမှာရှိတတ်တဲ့ Adverb

*** ‘therefore’, 'however', 'consequently' and 'firstly' တို့လို connecting adverbs တွေဟာ ဝါက ျအစတွေမှာ နေရာယူတတ်ပါတယ်။သူ့နောက်မှာတော့ Comma ကော်မာ ( , )ကိုထည့်ဖို့မမေ့ပါနဲ့
ဥပမာ
Therefore, the students chose Vancouver as a destination. (Therefore, နောက်မှာ ကော်မာပိတ်ပေး)
However, Henry felt he should speak to his cousin. (However, နောက်မှာ ကော်မာပိတ်ပေး)
အခ ျိန်ပြ ကြိယာဝိသေသန တွေနဲ့ အကြိမ်ပြ ကြိယာဝိသေသန တွေဟာ စာကြောင်းအစတွေမှာ နေရာယူတတ်ပါတယ်။
အဲဒီအခါမှာလည်း အဲဒီအခ ျိန်ပြပုဒ် ကိုအလေးအနက် ထားပြီးပေါ်လွင်အောင်ပြောခ ျင်တဲ့သဘောမ ျ ို းနဲ့သုံးလေ့ရှိပါ တယ်။
ဥပမာ
Thursdays I play tennis with Greg. ( ‘Thursday’ ကြာသာပတေးနေ့ မှာ ဆိုတာကို ပေါ်လွင်အောင်ပြောခ ျင်တာပါ)
Sometimes Alice spends her time at the mall. ( ‘Sometimes’ မကြာခဏဆိုသလိုပဲ ဆိုတာကို အဓိကပေါ် လွင်စေခ ျင်တာပါ)

*** Adverbs in the Middle စာကြောင်း အလယ်မှာ မှာရှိတတ်တဲ့ Adverb

*** never, rarely, sometimes, often. usually, always, ever တို့လို
အကြိမ်ပြ ကြိယာဝိသေသန Adverbs of Frequency တွေဟာ ဝါက ျ အလယ် ထဲ ကြိယာအရှေ့မှာကပ်လ ျက် နေရာယူတတ်ကြပါတယ်။
The biology class often meets in the lab. ( ‘often’ သည် ဝါက ျအလယ်ထဲ ကြိယာအရှေ့မှာကပ်လ ျက်လာသည်)
ဥပမာ
He is rarely morose.
We have never eaten Moroccan food.
He always takes flowers to his girlfriend.
She quite often invites people for Thanksgiving.
They almost never go to the theater.
အဲလို ဝါက ျအလယ် ထဲမှာ နေရာယူတတ်တဲ့တခြား ကြိယာဝိသေသန တွေကတော့
သေခြာမှုပြ ကြိယာဝိသေသန Adverbs of Certainty ဖြစ်တဲ့
‘ certainly, definitely, clearly, obviously, probably ’ လို ဟာမ ျ ိုးတွေပါပဲ။
ဥပမာ
Tom decided he probably wants to join the club. ( ‘probably’ သည် ဝါက ျအလယ်ထဲ ကြိယာအရှေ့မှာကပ်လ ျက်လာသည်)
ဥပမာ
They are definitely suited for each other.
They’ll probably arrive late.
He has apparently passed the class.
They obviously forgot to read the directions.

*** Adverbs at the End စာကြောင်း နောက်ဆုံး မှာရှိတတ်တဲ့ Adverb

Adverbs of manner, place and time ပြုမူဆောင်ရွက်ပုံပြကြိယာဝိသေသန။အခ ျိန် နေရာပြ ကြိယာဝိသေသန တွေဟာ ဘယ်လိုလုပ်တယ်-ဘယ်နေရာမှာလုပ်တယ်-ဘယ်အခ ျိန်မှာလုပ်တယ် ဆိုပြီး လုပ်ဆောင်မှုကို သရုပ်ဖေါ်ပေးဖို့ ဝါက ျနောက်ဆုံးမှာနေရာယူတတ်ကြပါတယ်။
အမ ျားသိကြတဲ့ M,P,T သို့မဟုတ် MPT (မပုတုပေ့ါဗ ျာ)
S + V + (O ) ပြီးတော့ M + P + T ပေ့ါ။ ပြီးရင် cause/reason/purpose နဲ့ ထပ်ဆက်ခ ျင်လည်းဆက်မှာပေ့ါ။ (သိပြီးသားတွေဖြစ်မှာပါ)
**Adverbs of time: today, every week, finally, already, soon
**Adverbs of manner (ဘယ်လိုပြုမူလှုပ်ရှားလုပ်ဆောင်တာကိုပြ): slowly, suddenly, badly, quietly စသည်တို့အပြင် usually, normally, often, frequently, sometimes and occasionally တွေဟာလည်း
၀ါက ျနောက်ဆုံး မှာနေရာယူတတ်ပါတယ်။
ဥပမာ
We’ve performed there occasionally.
Where did you eat yesterday?
I will come over and help you tomorrow afternoon.
Have you taken the TOEFL yet?
Have you eaten dinner already?
She sang that aria very well.
He drives competently.
She drives her new Mercedes very carefully.
All the bedrooms are upstairs.
We like to meet in the cafeteria downstairs.

*** Objects (အပြုခံ - ကံ များ )

Object တွေဟာ ဆိုင်ရာ Verb နောက်ကနေလိုက်ပါလာတယ်ဆိုတာသိကြပါတယ်။
အဲဒီ Obj တွေရဲ့အရှေ့မှာလည်း သူကိုအထူးပြု တဲ့ Determiner တွေဖြစ်တဲ့ 'some', 'a lot of', စသည်တို့ဖြစ်စေ
ဒါမှမဟုတ် prepositions တွေပါလာနိုင်ပါတယ်။
ဥပမာ
She bought some ice-cream.
I travelled to Spain.
*** Indirect Object (IO) First သွယ်ဝိုက်အပြုခံ ကိုအရင်ရေးပါ။
၀ါက ျတစ်ကြောင်းမှာ တိုက်ရိုက်အပြုခံ direct object နဲ့ သွယ်ဝိုက် အပြုခံ indirect object ဆိုတာနှစ်မ ျ ိုးရှိနိုင် ပါတယ်။
Direct object တွေဟာ (ပထမဦးစွာ) ထိတွေ့ခံရတဲ့ အရာ၀တ္ထု ပစ္စည်း (လူမဟုတ်တဲ့) သက်ရှိ တွေဖြစ်တတ်ပြီး
Indirect object ကတော့ အပြုခံ တစ်ဦးတစ်ယောက်ဖြစ်တတ်ပါတယ်။
အဲဒီလိုအခါမ ျိုးမှာ Indirect Object ကိုအရှေ့က အရင်ရေးရပါတယ်။(နောက်က ရေးရင်တော့ preposition to/for ခံပြီးရေးရပါတယ်)
ဥပမာ Sub + Verb + IO + DO နဲ့ရေးရင်
She gave me money. ဖြစ်ပါမယ်။
She ဟာ money ကို အရင် အရင်ဦးစွာထိတွေ့ပြီးမှ me ကို နောက်မှပေးတာမို့လို့ money သည် တိုက်ရိုက်အပြုခံ DO ဖြစ်နေပြီး က ျနော် me ကတော့
နောက်မှ ထိတွေ့ခံရတာ တနည်းပြောရရင် ဦးတည်ရည်ညွှန်းခံရတာမို့ IO
သွယ်ဝိုက်အပြုခံဖြစ်သွားပါတယ်။ IO ကိုရှေ့ကထားရေးရပါတယ်လို့ဆိုလိုတာပါ။
တကယ်လို့
Sub + Verb + DO + (to/for) + IO ပုံစံရေးမယ်ဆိုရင်တော့
ဥပမာ
She gave a lot of money to all of us. လို့ဖြစ်သွားပါမယ်
Sub (She) + Verb (gave) + DO (a lot of money) + to + IO (all of us) ပုံစံပါ။
( IO, DO ကို ဒီနေရာမှာ ဒီလောက်ပဲ အကြမ်းဖ ျဉ်းရှင်းပြပါရစေ။)
ဥပမာလေးတွေထပ်ကြည့်ကြပါမယ်။
I bought Tim a present last week. – (Tim = IO ပါ )(a present = DO ပါ-အရင်ထိတွေ့တာမို့ တိုက်ရိုက် အပြုခံ Direct Object လုိ့အလွယ်မှတ်ပါ)
Our friends wrote us a nice letter. – ( 'us' = IO ) ( 'a nice letter' = DO ပါ။ စာကိုအရင်ရေးတာမို့လို့ )
*** Indirect Object (IO) Last သွယ်ဝိုက်အပြုခံ ကိုနောက်မှာထားရေးခြင်း
အဲသည်လိုရေးတဲ့အခါမှာတော့ IO ရဲ့အရှေ့မှာ preposition 'for' or 'to' ကို ခံ ပြီးမှာသုံးရပါတယ်။ အောက်ကပုံစံပါ။
Sub + Verb + DO + (to/for) + IO ပုံစံဖြစ်သွားပါမယ်။အပေါ်မှာ ရှင်းပြထားပြီးပါပြီ။
ဥပမာလေးတွေ..
I bought the roses -for- my daughter. (IO ဖြစ်တဲ့ my daughter ကိုနောက်မှာထားရေးတာပါ)
She lent two thousand dollars - to - her friend. (IO ဖြစ်တဲ့့her friend ကိုနောက်မှာထားရေးတာပါ)
အဲဒါတွေကို ဒီအောက်က လိုပြန်ရေးလည်းရပါတယ်။
S+V+IO+DO ပုံစံပါ။
အဲဒါဆို (to/for) ကိုထည့်ဖို့မလိုတော့ပါဘူး။
ဥပမာကြည့်ပါ။
I bought my daughter the roses.
She lent her friend two thousand dollars.
တကယ်လို့ အောက်ကဥပမာလေးလို DO နဲ့ IO နှစ်ခုစလုံးဟာ သက်မဲ့ပစ္စည်းတွေဖြစ်နေရင်တော့
Sub+Verb+IO+DO ပုံစံမ ျ ိုး နဲ့ “We must buy this room a new carpet.” လို့ရေးရင် မှား ပါတယ်။
Sub+Verb+DO+ for +IO ပုံစံမ ျ ိုး နဲ့ “We must buy a new carpet for this room.” လို့ရေးမှသာ မှန် ပါတယ်တဲ့။
တကယ်လို့ DO နဲ့ IO နှစ်ခုစလုံးဟာ နာမ်စား pronoun တွေဖြစ်နေတဲ့အခါမှာ
(သွယ်ဝိုက်အပြုခံဖြစ်တဲ့) IO pronoun ကို ‘ to ’ ခံပြီးနောက်မှာရေးလေ့ရှိပါတယ်။
ဥပမာလေးကိုကြည့်ပါ။
*She offered it to them. သူ (မ) က အဲဒါကို သူတို့ကိုကမ်းလှမ်းပေးအပ်ခဲ့ပါတယ်။
Sub (She) + Verb (offered) + DO ( it ) + to + IO ( them ) ပုံစံပါ။
*They sent them to her. သူတို့က အဲဒါတွေကို/သူတို့တွေကို သူမဆီ ပို့ပေးခဲ့ပါတယ်။
Sub (They) + Verb (sent) + DO ( them ) + to + IO ( her ) ပုံစံပါ။

* ဒီခြွင်းခ ျက်လေးကိုတော့ ဗဟုသုတအနေနဲ့ထပ်မှတ်သားထားကြပါ။

အကယ်၍
DO ဟာ pronoun it / them ဖြစ်ပြီးတော့
IO (preposition ခံသုံးရမယ့် object) ဟာ personal pronoun me, you, us, him, her, them တွေဖြစ်နေခဲ့တဲ့အခါမှာတော့ preposition ကို မထည့်ဘဲ ရေးလို့ရပါတယ်
ဥပမာလေးတွေကြည့်ပါ။
Give it/them to me. လို့ရေးမယ့်အစား Give it/them me. လို့လည်းရေးနိုင်ပါတယ်။
Give it/them to her. လို့ရေးမယ့်အစား Give it/them her. လို့လည်းရေးနိုင်ပါတယ်။
*** Sub + Verb + DO + (to/for) + IO ပုံစံရေးတဲ့အခါမှာ

** Verb ဟာအောက်က Verb လေးတွေဆိုရင်ယေ ျဘူယအားဖြင့် “ To” ကိုသုံးရပါတယ်။

allot, allow, award, bring, cause ( = တစ်ဦးဦးကို ဝေဒနာတစ်ခုခုဖြစ်စေသည် အဓိပ္ပါယ်),
deal ( = ဖဲခ ျပ်ဝေသည့်အဓိပ္ပါယ်), deny, do (“ do good to somebody” မှာကဲ့သို့အဓိပ္ပါယ် ), fetch, give, grant, hand, lend, offer, owe, pass, proffer (= offer), promise, read, recommend, refuse, render, restore, sell, send, show, teach, tell, throw, write
ဒါပေမယ့် အကယ်၍ “ on behalf of somebody ” "တစ်ဦးတစ်ယောက် ကိုယ်စား" လို့အဓိပ္ပါယ် နဲ့ သုံးသည့်အခါမှာတော့ “ To ” အစားး “ For ” ကိုသုံးရပါတယ်။
နမူနာ
I’ve broken my right wrist. Will you please write a letter for me. (င့ါကိုယ်စားရေးပေးပါလား)
I’ve asked my dealer to sell my old car for me.(င့ါကိုယ်စားရောင်းပေးဖို့)

** Verb ဟာအောက်က Verb လေးတွေဆိုရင်ယေ ျဘူယအားဖြင့် “ For” ကိုသုံးရပါတယ်။

boil, bring, build, buy, call, cash, choose, cook, do, fetch, gather, get, grow, leave, make, order (= ပစ္စည်းအော်ဒါမှာသည် အဓိပ္ပါယ်), paint, play, prepare, reach (= လက်လှမ်းပြီးယူငင်သည့် အဓိပ္ပါယ်), save, spare, write
Credit - Htuu Sann
****************************************************
၄ ၈ ၁၀ ကလေးများအတွက် လွယ်ကူသောနည်းပါ။
Tense (12)မျိုး အလွယ်တကူမှတ်သားနည်း

Tense ဆိုရင်ကွယ် စဉ်းစားမယ်
(၄)မျိုးရှိပါတယ်။
Simple,Perfect,Continuous
ကျန်တာတစ်ခုက နောက်နှစ်ခု +(plus)
Perfect Continuous လို့မှတ်။
Simple Tense က ရိုးရိုးသာ
V1 လို့သာ မှတ်လိုက်ပါ
Perfect Tense က အတိတ်ဖြစ်ရပ်
Have နဲ့ V3 လက်ချင်းယှက်
Continuous က လုပ်ဆဲကွယ်
Be နဲ့ ing ပေါင်းရတယ်။
နောက်နှစ်ခု ပေါင်းတဲ့ Perfect- Continuous
have, been ,ing ပေါင်းလို့မှတ်။

Tense 12 မျိုးကို
ခေါင်းစဉ် 4 ခုပဲ မှတ်လိုက်တယ်။
တစ်ခုစီမှာ
Present -ပစ္စုပ္ပန်
Past -အတိတ်
Future -အနာဂတ်
            ဆိုပြီး ကာလ ၃ ပါး ထပ်မံခွဲတဲ့အခါ ခေါင်းစဉ်တစ်ခုကို
ကာလ ၃ ပါး ဆိုတော့
Tense 12 မျိုးရလာမယ်။

Simple Tense ဆိုရင်

Simple Present Tense- (V1/Vs/es)
Simple Past Tense- (V2)
Simple Future Tense- (will/shall +V1)

ဒီနေရာမှာ
Simple Tense ဆိုရင် V1 လို့ ပဲ မှတ်ထားလိုက်မယ်။
Present Tense က ပစ္စုပ္ပန်ဖြစ်တဲ့အတွက် V1/Vs/es ဗျာ
Past Tense က အတိတ်ကာလ V2
Future Tense က အနာဂတ်ဆိုတော့
အမြဲ will/shall ပါရမယ် ။
will/shall နောက်က Verb infinitive(မူရင်း Verb) လိုက်တယ်ဆိုတာ သိရမယ်။
ဒါကြောင့် Will/shall+V1

Simple Tense ကို
V1 လို့ခြုံပြီးမှတ်လိုက်တာနဲ့
ကာလ ၃ ပါးခွဲထားတဲ့ Verb Form တွေကိုပါ
စဉ်းစားရင်း အလွယ်မှတ်မိမယ်။

Perfect Tense

Perfect Tense က
အတိတ်ဖြစ်ရပ် (Have နဲ့ V3)လက်ချင်းယှက်

ကာလ ၃ ပါးနဲ့ အမည်တွေ ခေါ်မယ်ဆို

Present Perfect- has/have+V3
Past Perfect - had +V3
Future Perfect -will/shall+have+V3

အဲမှာ မှတ်နည်းက
Perfect ရဲ့ ကာလ ၃ ပါးလုံးမှာ အနောက်က V3 ကပ်မယ်
အရှေ့ကတွဲတဲ့ အကူကြိယာ Have ကိုပဲ
Present မှာ has/have
Past မှာ had
Future ကတော့ ထုံးစံအတိုင်း
will/shall နောက်က V to Have ရဲ့ မူရင်းVerb ဖြစ်တဲ့ have ပေါ့
ဒါကြောင့် will/shall+have+V3

Continuous Tense

Continuous က
လုက်ဆဲကွယ်
(Be နဲ့ ing )ပေါင်းရတယ်

Ving က နောက်ကအမြဲကပ်နေတယ်
Be အတွက်မှတ်ဖို့က
အဲမှာ
Verb to Be အကူကြိယာကို သိနေရမယ်
မူရင်း verb က Be
Present မှာ am,is,are
Past မှာ was, were
Part Participle မှာ been
Present Participle မှာ being ပေါ့
အဲလို အကူကြိယာ တွေကို ကာလအလိုက် သိနေရမယ်ပေါ့။

အဲဒီလိုဆို မှတ်ရတာလွယ်ပါပြီ
Present Continuous -am/is/are+Ving
Past Continuous- was/were+Ving
Future Continuous- will/shall+be+Ving

Perfect Continuous Tense

နောက်နှစ်ခုပေါင်းတဲ့ Perfect Continuous
(have,been,ing )ပေါင်းလိုမှတ်

အဲမှာက
been+Ving နောက်က အမြဲကပ်တယ်။

ရှေ့က Have က
Perfect Tense က ပုံစံအတိုင်း မှတ်မယ်ပေါ့...။ Verb to Have ကိုပဲ ကာလအလိုက် ပြောင်းလဲပေးရမယ်။
has/have,had ပုံစံအလိုက်ပေါ့။

Present Perfect Continuous- has/have+been+Ving
Past Perfect Continuous- had+been+Ving
Future Perfect Continuous- will/shall+have+been+Ving

အဲဒီမှာ သိရမှာက
Helping Verb တွေကို သိပြီးဖြစ်ရမယ်။
Present-ပစ္စုပ္ပန် မှာ V1/Vs/es
Past-အတိတ်မှာ V2
Future - အနာဂတ်ဆို will/shall အမြဲပါပြီး
သူ့ရဲ့နောက်က အကူကြိယာတွေရဲ့ မူရင်း Verb လိုက်တယ်ဆိုတာပါပဲ။
 

Verb form လွယ်လွယ်ဖြေကြမယ်။

1#V1 present tense 

အလေ့အထ သဘာဝ V1 နဲ့ဖြေကြ။

 A E O U S အလေ့ထလို့မှတ်။ 

( always; every;often;usually;sometime)


2#V2 past tense

ပုံပြင်ထဲက(သမိုင်း) ဝါကျရယ်  ခုနှစ်/အချိန်ငယ် yesterday last နှင့် previous  past tense V2 မှတ်။


 3#am/is/are+Ving present continue tense

Now ; listen; Don't အမိန့်ပေး  နောက်ဝါကျကို သူနဲ့( present continue tense)ရေး ။


4#will/would V¡ Future tense 

Tomorrow; next;coming;soon; ခုနှစ်(eg. 2020) အကြီးပါလျှင်ကွယ်။ မည်နှင့်ဆုံးတဲ့ဝါကျကွယ်။ မည်နဲ့ဆုံး လျှင် will ကိုသုံး  သေချာမှတ်ပါဦး။


5#has/ have V3 Present perfect tense

ပြီးပီ ဘူးတယ် ရေးတဲ့အခါ have V3 သုံးကြတယ်။

( အ/ ဖေ/ ကြီး /ရပ် /တော့ /မယ် /ရှင့်/ ဟောင်းလောင်း) လွယ်လွယ်မှတ်စေကြောင်း။

(after  / for+ကြာချိန်/just/twice/many/since/how long)


6#has/have/ been+Ving  Present perfect continue tense

Time to time ရေစီးဖွယ်  လုပ်ခဲ့တယ် have been V3သုံးရတယ်။

eg. the whole day  မနက်ကနေ  ခုထိ

       all day                           ။

       form beginning the school year ကျောင်းဖွင့်တည်က  ခုထိ။

        since  ခုထိလုပ်နေသေးတယ်။

( ဟိုးတုန်းကလည်း လုပ်တယ်  ခုလည်းလုပ်နေတယ်ပေါ့)


7#V¡ verb infinity 

do /does /did / will /shill /model/ to ရဲ့နောက် Viရောက်။


8#Ving  

Verb နေရာမှာ  verb မနေ  ing နှင့်ပေါင်းရပေ။

ဥပမာ#  ဝါကျထိပ်ရောက်နေတာ

          # by /after/ for/ without etc. . . နောက်ရောက်နေတာဆို  

          #object complement ဖြစ်နေတာမျိ ု းဆို Ving ပေါင်းပေးး  


မှတ်ရများ လျှင်  ဝေ သွာမှားဆိုးလို့  အမေးများတာပဲရေးပေးလိုက်တယ်။

*********************************************

Word Form ( I )

II . Supply the correct form of the words given in brackets .

 

အခြေခံပညာမူလတန်းအဆင့်

-------------------------------

စတုတ္ထတန်း  အင်္ဂလိပ်စာမေးခွန်းအတွက် Q(II) မှာ Word form ( 5 ပုဒ် ) မေးလေ့ရှိပါတယ် ။ ကလေးတွေကိုယ်တိုင် ဖြေရှင်းတတ်ဖို့ဆိုရင် သင်ကြားလေ့ကျင့်စဉ်ကတည်းက စကားလုံးပုံစံတွေကို ခွဲခြားတတ်အောင် လေ့ကျင့်ပေးထားကြရမှာပါပဲ ။

ဒီ post လေးမှာတော့ မူအဆင့်အတွက် လက်တွေ့ သင်ကြားလေ့ကျင့်ပေးနေသော နည်းလမ်းလေးကို မျှဝေပေးတာ ဖြစ်တဲ့အတွက်

လိုအပ်ချက်ရှိနေနိုင်တာမို့ ဖြည့်စွက်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ ။


လေ့လာမှတ်သား Word Form များ

--------------------------------------

(1). NOUN (နာမ်)

    သက်ရှိ / သက်မ ဲ့/ နေရာ တို့၏ အမည်များ ကို Noun နာမ်လို့ ခေါ်ပါတယ်။


* လူအပေါင်းကို အမည်မှည့်

တိရစ္ဆာန်တိုင်းလည်း  အမည်နဲ့

- တို့ဝန်းကျင်မှာ ရှိသမျှအရာ

နာမည်မှည့်လို့ ခေါ်ကြတာ


- ရေးတဲ့အခါ "ကတ္တားပုဒ်"

Subject အဖြစ်နဲ့ သူ ပွဲထုတ်

- ရံဖန်ရံခါ "သူ ကံပုဒ်"

Object အလုပ်ကို သူကလုပ်

အဲ့ဒါ  နာမ်  အလုပ် ။

အဲ့ ဒါ  နာမ်အလုပ် ။


(2). Pronoun (နာမ္စား)

     နာမ်၏အစားသုံးသောစကားလုံးများ ကို နာမ်စားဟု ခေါ်ပါသည် ။


* I, We, You, နဲ့

He, She, It, They 

အဲ့ဒါ Pronoun တွေ ။

သူတို့လေးတွေ ပွဲထွက်လာ

(Subject) နေရာမှာ ။

ခံရသူ(Object)  I အစား

me ကို ပြောင်းလို့သွား ။

ပိုင်တာ ဆိုင်တာ ပြောတဲ့အခါ

my ကို ပြောင်းပြန်တာ ။

စာအုပ်လေးကို ပိုင်တယ်ဆို

my book  အတွဲ သုံးတယ်ဗျို ။

ငါ့ဟာ ငါ့ဟာ ပြောတဲ့အခါ

mine ကို  ပြောင်းပြန်တာ ။

I, me, my, mine အစဉ်အတိုင်း

ရွတ်ဆို နေ့စဉ်တိုင်း ။


(3). Adjective (နာမဝိသေသန)

     မြန်မာလို သော နဲ့ဆုံးလေ့ရှိပြီး

     ( Noun နာမ် ) ကို အထူးပြု ။


boy (N)  ကောင်ကလေး

tall  (adj)  အရပ်ရှည်သော ။


* boy ဆိုတဲ့  ကောင်ကလေးဟာ

Noun form လေးပါဗျာ ။

* Noun form လေးကို အထူးပြုဖို့

adjective ကို ခေါ်လိုက်စို့ ။

* tall ဆိုတဲ့Adjective လေး 

boy ကို အထူးပြုပေး ။

* a tall boy လို့ တွဲတဲ့အခါ

အရပ်ရှည်သောကောင်ကလေးတစ်ယောက်ပါ။


(4). Verb ( ကြိယာ )

     Subject ၏ အပြုအမူကိုဖော်ပြ ။

     မြန်မာလို "သည်"နဲ့ဆုံး ။


 (5). Adverb ( ကြိယာဝိသေသန )

      မြန်မာလို "စွာ" နဲ့ဆုံးလေ့ရှိပြီး

      Verb ကို အထူးပြုပါတယ် ။


(I) Noun ကိုချဉ်းကပ်ခြင်း

     -----------------------

# တတိယတန်း နဲ့ စတုတ္ထတန်း မေးခွန်းဟောင်းများကို လေ့လာကြည့်တဲ့အခါ Noun to Noun ဖြေရတာက များပါတယ် ။

တစ်ခါတလေမှာတော့ Verb ပေးထားပြီး Noun ပြောင်းရတာမျိုးလည်း မေးတတ်ပါတယ်။ အုပ်စုလေးခုခွဲခြားလေ့လာကြည့်ရအောင်ပါ ။


(၁)

* Noun အနည်း / အများ ခွဲခြားပါ ။


- တစ်ခုကိန်းရဲ့ နောက်မှာတော့ Noun အနည်းကိန်း ထည့်မှာပေါ့ ။

- အများကိန်းရဲ့ နောက်မှာဆို Noun အများကိုထည့်စေလို ။

- some , any နဲ့ many တို့ရဲ့ နောက်နားမှာ

Noun အများပဲကွာ (ရေတွက်ရ) ။

- Noun အများကို ပြောင်းတဲ့အခါ s/es/ies သင့်တော်ရာကို ပေါင်းလို့စွက် ။

- တစ်ချို့ Noun တွေသတိထားပါ စကားလုံးတွေပြောင်းရတာ ။

(man  ---  men / tooth --- teeth / child --- children )


(၂)

* သက်ရှိ Noun လား  သက်မဲ့ Noun လား

ခွဲခြားပါ ။


shop  ဈေးဆိုင်။ (သက်မဲ့)

shopkeeper  ဈေးသည်။ (သက်ရှိ)

sail      ရွက် (သက်မဲ့)

sailor   သဘောင်္သား (သက်ရှိ)

fire      မီး (သက္မဲ့)

fireman မီးသတ်သမား (သက်ရှိ )

garden  ဉယျာဉ် (သက်မဲ့)

gardener ဉယျာဉ်မှုး (သက်ရှိ)

ဉပမာ ။  ။

1. Aye Aye is a ( shop ) .

အေးအေးဆိုတဲ့ လူပုဂ္ဂိုလ်ဟာ

ဘယ်လိုမှ ဈေးဆိုင်တစ်ဆိုင် မဖြစ်နိုင်ပါဘူး။

(သက်မဲ့ Noun လား  လူ Noun လား)ခွဲခြားပါ။

2. Aye Aye works at the (shop) .

အေးအေး အလုပ်လုပ်တဲ့နေရာကို ပြောချင်တာဆိုတော့ (သက်မဲ့ Noun ပေါ့)

3. (sail) work on a ship .

သင်္ဘောတစ်စင်းပေါ်မှာ အလုပ်လုပ်ကြတယ်ဆိုတော့

လူ Noun ပေါ့ ။ Verb form က မူရင်း V.1 သုံးထားတာမို့ Noun အနည်း/အများ ခွဲခြားပါ ။

4. A (fire) puts out (fire) .

ရှေ့က လူ Noun ဖြစ်ပြီး နောက်က သက်မဲ့ Noun ပေါ့ ။

5. U Ba walks in the (garden) every evening.

ဉီးဘအေး  ညနေတိုင်း လမ်းလျှောက်တဲ့နေရာကို ပြောချင်တာဆိုတော့ သက်မဲ့ Noun ပေါ့ ။

6. U Kyaw is a (garden) .

ဉီးကျော်ဟာ ဘယ်လိုမှ ဉယျာဉ်တစ်ခုမဖြစ်နိုင်တာမို့ လူ Noun ပေါ့ ။


(၃)

* တိရာစ္ဆာန် Noun လား  လူ Noun လား

ခွဲခြားပါ ။


fish    ငါး။ငါးများ (တိရာစ္ဆာန်)

fisherman ငါးဖမ်းသမား (လူ)

1. A (fish) lives in the water .

ငါး နဲ့ ငါးဖမ်းသမား ဆိုတဲ့ Noun နှစ်ခုမှာ

ငါးကသာလျှင် ရေထဲမှာ နေတာပါ။ ငါးဖမ်းသမားကတော့ လိုအပ်မှ ရေထဲကိုသွားတာမို့ ။

တိရစ္ဆာန် Noun ကို ထည့်ရမှာပေါ့ ။

2. U Aung is a (fish) .

ဒီမှာတော့ လူက ငါးတစ်ကောင် မဖြစ်နိုင်တာမို့

fish နဲ့သက်ဆိုင်တဲ့ လူ Noun ကို ထည့်ရမှာပေါ့ ။


(၄)

* Verb form ပေးထား

  Noun ပြောင်းမလား စဉ်းစားပါ ။


teach  (v) သင်ပေးသည်။သင်ကြားသည်။

teacher (N) ဆရာ, ဆရာမ ။

teaching (G-N)  သင်ကြားခြင်း ။

1. U Myint is our English (teach) .

Verb form ပေးထား Noun ပြောင်းမလား စဉ်းစားပါ ။ 

ဉီးမြင့်သည် ကျွန်တော်တို့၏ အင်္ဂလိပ် (သင်သည်/ဆရာ/သင်ကြားခြင်း) ဖြစ်သည်။

2. My teacher is good at (teach) .

ကျွန်တော်၏ဆရာသည်(စာသင်)ကောင်းသည်။ လို့ ပြောချင်တာမို့ ။ (teaching) ပေါ့ ။

good at teaching ကို အတွဲလိုက်မှတ်ပါစေ။


drive (v)  မောင်းသည်

driver (N) ယာဉ်မောင်းသူ ။

1. U Ba Aye can (drive) a car .

can ရဲ့နောက်မှာ မူရင်း V.1 ပဲလိုက်ရတာမို့

Verb form ပဲ ပြန်ထည့်ရမှာပါ ။

2. U Ba Aye is a (drive) .

a ရဲ့ နောက်မှာ Noun အနည်းပေါ့ ။

ဉီးဘအေး ရဲ့ အလုပ်ကိုပြောချင်တော့

Verb form (drive) ကို လူ Noun ပြောင်းပေါ့ ။


write (v)  စာရေးသည် ။

writing (N) စာရေးခြင်း။ လက်ရေး။

writer (N) စာရေးဆရာ ။

1. Aye Aye's (write) is very good .

---'s ရဲ့ နောက်မှာ Noun form ပါ ။

အေးအေး၏ (လက်ရေး/စာရေးဆရာ)

ဒီနှစ်ခုထဲက ဘယ်ဟာကိုရွေးသင့်လဲ မေးလိုက်ပါ။


play (v)   ကစားသည် ။

playing (G-n)  ကစားခြင်း ။

player (N) ကစားသမား ။

1. Zaw Zaw is the best football (play) in our football-team .

ဇော်ဇော်သည် ကျွန်တော်တို့ ဘောလုံးအသင်းမှာ အကောင်းဆုံး ဘောလုံး(ကစားသမား)ဖြစ်တယ်။ လို့ ပြောချင်တာဆိုတော့

Play ဆိုတဲ့ Verb form ကို player ဆိုတဲ့ လူ Noun ပြောင်းပေါ့ ။


******


* Noun group 

* Noun အနည်း - အများ ခွဲခြားပါ ။


- သက်ရှိ Noun လား-သက်မဲ့ Noun လားခွဲခြားပါ။


* တိရစ္ဆာန် Noun လား - လူ Noun လားခွဲခြားပါ။


* Verb form ပေးထား Noun ပြောင်းမလား စဉ်းစားပါ။


* a , an  , (တစ်ခုကိန်း) ရဲ့နောက်မှာတော့

Noun အနည်းကိုထည့်လိုက်တော့ ။


* Two , three အစရှိတဲ့ (အများကိန်းနာမ်ဘာ)

Noun အများကို ထည့်ပေးပါ ။


* some - any - many တို့ရဲ့ နောက်မှာတော့

Noun အများကို ထည့်ပေးပေါ့ ။(ရေတွက်ရ)


- ပိုင်ဆိုင်သူရဲ့ နောက်နားမှာ Noun ကလေးပါကွာ


******

Old Question(၂၀၁၅  မန္တလေးခရိုင်  မေလ)


01. Every morning Nila brushes her (tooth).


* Possessive pronoun ရဲ့နောက်မှာ Noun လိုက်ပါ ။(my, our, your, his, her, its, their)

---'s နောက်မှာ  Noun လိုက်ပါ ။

* ဒါ့ကြောင့် Noun  to  Noun  ပေါ့ ။

* Noun အနည်း - အများ ခွဲခြားပါ ။

* သွားတိုက်တယ်ဆိုမှတော့ တစ်ချောင်းတည်းကို တိုက်မှာလား  သွား အများကိုတိုက်မှာလား မေးလိုက်ပါ။

* tooth နဲ့ teeth ကို သိပါစေ ။


03- A dog has four (leg) .


* two , three အစရှိတဲ့ (အများကိန်းနာမ်ဘာ)

Noun အများကို ထည့်ပေးပါ ။ ဆိုတော့

* Noun  to  Noun  ပါပဲ ။

- four (လေး) ဆိုတော့ အရေအတွက်အများမို့

  Noun အများလိုက်ရမှာပေါ့ ။

- leg  ရဲ့ Plural noun ကိုမေးလိုက်ပါ ။


04. Myint Soe has many (glass) .


* some - any - many တို့ရဲ့နောက်မှာတော့

Noun အများကို ထည့်ပေးပေါ့ ။

* many နောက်မှာမို့

Noun အနည်း  အများ  ခွဲခြားခိုင်းလိုက်ပါ ။


05. Daw Aye Aye has three (glass) .

* three (သုံး) အများကိန်းနာမ်ဘာမို့

Noun အများကို ထည့်ပေးပါ ။


(မန္တလေးခရိုင်  ၂၀၁၅  ဖေဖော်ဝါရီလ)


04. Wai Wai's (write) is very good .

* Verb form ပေးထား Noun ပြောင်းမလား စဉ်းစားပါ ။

* ---'s   ပိုင်ဆိုင်သူ၏ နောက်မှာတော့

Noun form လေးပဲ လိုက်မှာပေါ့ ။

* writing လား / writer လား  မေးပါ ။


05. San San bought the (scissors) to cut the cloth .


(မန္တလေးခရိုင်  ၂၀၁၅   မေလ)


01. Daw Aye is cooking for the (child).

02. (Farmer) work in the field .

* (Noun အနည်း/အများ ခွဲခြားပါ)

. ဒေါ်အေး ထမင်းချက်နေတာဟာ

(child / children) အတွက်လား စဉ်းစားပါ။

. Farmer ကို Subject နေရာက ပွဲထွက်လာတော့

Noun to Noun ပေါ့။ Verb ကို သတိထားခိုင်းပါ။


(2015  ပြင်ဉီးလွင်)


02. The large (build) in the town is our school .

large (adj) ကြီးမားသော ။

build (V) တည်ဆောက်သည်။

building (N) အဆောက်အအုံ ။

*Verb form ပေးထား Noun ပြောင်းမလား စဉ်းစားပါ ။


04. The short ruler has only six (inch).

* အများကိန်းနာမ်ဘာရဲ့နောက်မှာမို့

Noun အနည်း/အများ ခွဲခြားပါ ။


(2015  မြင်းခြံခရိုင်)


01. She wrote two (letter) this morning.

02. The students are carrying some (box).


(2015  ညောင်ဉီး)


03. There are three (foot) in a yard .


(2015  မိတ္ထီလာခရိုင်)


02. A fisherman often catches (fish).

04. I always brush my (tooth) at night .


(2015  ရမည်းသင်းခရိုင်)


05. There are three (cow) in the field .


        ==============

    Word  Form  (II)


        " PRONOUN  GROUP "

* I, We, You နှင့် He, She, It, They

Subject Pronoun လေ ။


* me, us, you နှင့် him, her, it 

t.h.e.m - က သူတို့ကို  

Object pronoun ဟု မှတ်စေလို ။


* my (ကလေးက) ကျွန်ုပ်၏

   our  ကျွန်ုပ်တို့၏ ။

   your  ,  his  နဲ့  its   ( i.t.s  ဟုဖတ်ပါ)

   her (ကလေးက)  သူမ၏

   သူတို့နောက်မှာ Noun ပါလာ

   ပစ္စည်းလိုသော ပိုင်သူပါ ။

   ဗိုလ်လိုမှုတ်တော့

   POSSESSIVE - ADJECTIVE ပဲဖြစ် ။


* စာအုပ်လေးက ကျွန်တော်ပိုင်တာ

  my  book  ရေးလိုက်ပါ ။

  ကျွန်တော်တို့၏ ဆရာ လို့ရေးတဲ့အခါ

  our  teacher  ပါ ။

  သူ(မ) တို့ထံမှာ ပန်ူတွေရှိတော့

  her  flowers  လို့ ရေးလိုက်ပေါ့ ။


*  နောက်တစ်ခုကို ထပ်မှတ်ပါ

  Possessive  Pronoun  ပါ ။

  လွယ်လွယ်သိအောင် မှတ်မယ်ဆို

  သူတို့နောက်မှာ ပစ္စည်းမလို ။

  my book  ငါ့စာအုပ်လို့ ပြောတဲ့အခါ

  mine ကို ပြောင်းပေါ့  " ငါ့ဟာ  ငါ့ဟာ "

  သေချာလေ့လာ မှတ်ကြပါ

  ပိုင်သူနောက်မှာ ပစ္စည်းမပါ

  mine, ours, yours ကြာ

  his , hers နဲ့ theirs တို့ကို သုံးလိုက်ပါ။


* I, me, my, mine

 We, us, our, ours

 You, you, your, yours

 He, him, his. his

 She, her, her, hers

 It, it, its, _ _

 They, them, their. theirs

 ကျက်မှတ်ထားစို့လား  ။


  * ပေးချက်နေရာ Pronoun  လာ

ပြုလုပ်သူလား ?  ခံရသူလား ခွဲခြားပါ ။

ပိုင်ဆိုင်မှုကို ပြောတဲ့အခါ

ပစ္စည်းပါလား  /  မပါလား

သေချာစွာ ခွဲခြား ။

ပိုင်သူ နောက်မှာ ပစ္စည်းပါ

Possessive Adjective ကို ရေးလိုက်ကွာ။

ပိုင်သူနောက်မှာ ပစ္စည်းမပါ

Possessive Pronoun ကို ချရေးပါ ။


OLD  QUESTION

-------------------


04. This is my kite. It is (my) .{ပြင်ဉီးလွင်}

* my ကိုပေးထားတော့

I,We,You,He,She,It,They ထဲက

ဘယ်အုပ်စုလဲလို့ မေးပါ ။

I အုပ်စုဟု သိပါစေ ။

I,me,my,mine ကို ဆိုခိုင်းပါ ။

စာကြောင်းရဲ့ အဓိပ္ပာယ်ကို မေးပါ။

ပြုသူလား / ခံရသူလား / ပိုင်ဆိုင်မှုကို ပြောတာလား မေးပါ ။

ပိုင်ဆိုင်မှုကို ပြောတာလို့ သိသွားရင်

သူ့နောက်မှာ ပစ္စည်းပါသလားမေးပါ။

ပေးချက်နောက်မှာ ပစ္စည်းမပါ

my ကို  - - - - ပြောင်းပါ ။


01. My pen is new but (your) is old .

 { ပြင်ဉီးလွင် 2015  Feb }

- ငါ့ဖောင်တိန်က အသစ်ပါ  ဒါပေမဲ့

(-------)က အဟောင်းပါ ။

your  နောက်မှာ  ပစ္စည်းမပါ

(------) ကို ရေးမလဲကွာ ။


01. My dog is happy but (you) is sad .

{ ကျောက်ဆည် 2015  မေ }


03. He wrote neatly but (he) sister wrote more neatly .

- ပေးချက်နေရာမှာ(he) ဆိုတော့

he အုပ်စုကို ဆိုခိုင်းပါ ။

- but လေးပါလာတော့ ဖြစ်စဉ် နှစ်ခုပေါ့ ။

- but ကလေးနောက်မှာ ရေးရမှာ

 Subject လေးပဲကွာ ။

- သတိထားရမှာက (ပေးချက်)နောက်မှာ Noun ပါလာ  Possessive adjective ပါ ။

- သူ က Subject လား ?

- သူ၏ အမ က Subject လား ? စဉ်းစားခိုင်းပါ။


03. These are my scissors . They are (my).

(my) ရဲ့နောက်မှာ ပစ္စည်းမပါ ( - - - - ) ကို

ရေးလိုက်ပါ ။


02. She is Mi Mi . Daw Mya is (she) mother.

{ ညောင်ဉီး }

- (she) အုပ်စုကို ဆိုခိုင်းပါ ။

- ပြုလုပ်သူ / ခံရသူ / ပိုင်ဆိုင်သူလား

ခွဲခြားခိုင်းပါ ။

- သူ(မ)က မိမိ ပါ ။ ဒေါ်မြက (----) အမေပါ ။

- (she) ရဲ့နောက်မှာ Noun ပါလာ

( - - - ) ကို ထည့်လိုက်ပါ ။


05. This is my book .It is ( my ) .

{ မိတ္ထီလာ  2015  မေ }

(my) ရဲ့နောက်မှာ Noun / (ပစ္စည်း)မပါ

( - - - - ) ကို ချရေးပါ ။


         ===========


လေးစားခြင်းများစွာဖြင့်


WORD  FORM (II)

                    ( I )

3.  Adjective  (နာမဝိသေသန)


* Noun(နာမ်)တွေကို အထူးပြုဖို့

Adjective ကို သုံးတယ်ဗျို ု့ ။


* ရိုးရိုး သာမန် ပြောတဲ့အခါ

Adj-1 (သို့မဟုတ်)  D.1 လေးကိုသုံးတယ်ဗျာ။


* ရှေ့နောက်နှစ်ခု နှိုင်းတဲ့အခါ D.2 လေးပေါ့ကွာ


* အများထဲမှာလွန်ထူးခြား D.3 ကို သုံးပါလား ။


* ရိုးရိုးပြ နဲ့ နှိုင်းယှဉ်ပြ ။ သာလွန် အဆင့်ပြ

  အခြေအနေ သုံးမျိုး သရုပ်ဆောင်တာ

  Adjective လေးတွေပါ ။

* Adjective နောက်မှာ than ပါလာ

  D.2 လေးကို သုံးတတ်တာ ။

* အားလုံးထဲမှာ အမြင့်ဆုံး

  ( D.3 )  ရှေ့မှာ the နဲ့သုံး 


        WORD FORM ( II )


Adjectuve group (2)   


* ပေးချက်နေရာ Verb ကလေးလာ

  Noun(သို့မဟုတ်)Adj ဘာကိုပြောင်းမလဲ

  စဉ်းစားပြစ် ။

* ပေးချက်နေရာ Adj လာ

  Adv ကို ပြောင်းသင့်သလား စဉ်းစားပါ ။


* Noun form လေးကို အထူးပြုရင်

  Adj လေးဝင် ။

* Verb form လေးကို အထူးပြုတော့

  Adv, ကို ပြောင်းပေးပေါ့ ။


* ဘယ်လို- ဟာ/- လူ လို့ ပြောတဲ့အခါ

 Noun ကို အထူးပြုတာ ။

* Subject လုပ်သမျှ အပြုအမူ

  ဘယ်လိုလုပ်တယ် အကြောင်းပြ

  Adverb လေးကို ပြောင်းပေးကြ ။

  

ဉပမာ ။  ။


01. Mg Mg is a tall boy . (ရိုးရိုးပြ)

02. Zaw Zaw is taller than Mg Mg .

(ရှေ့တစ်ယောက် နောက်တစ်ယောက် နှိုင်းယှဉ်)

03. Aye Kyaw is the tallest boy in the class.

(အားလုံးထဲက တစ်ယောက်/သာလွန်အဆင့်)


OLD QUESTION

-------------------

01. Ko soe is (old) than his brother .

(2015  မေလ  မန္တလေးခရိုင်)

* ကိုစိုး နဲ့ သူ့အကို

ရှေ့နောက် နှစ်ခုနှိုင်းတဲ့အခါ (D.2) လေးပေါ့ကွာ

adj နောက်မှာ than ပါလာ(D.2)လေးပါကွာ။


02. Nilar is (tall) than his sister .

(2015  မေလ   ပြင်ဉီးလွင်)


03. The (rain) season is from June to October . (2015  မေလ  ပြင်ဉီးလွင်)

rain  မိုး / မိုးရွာသည်

rainy (adj)  မိုးရွာသောlမိုးများသော ။

season ဆိုတဲ့ Noun form ကို အထူးပြုတာမို့

adjective ကို ပြောင်းပေးပါ ။


04. He is shouting (loud) .

(2015  မေလ  ကျောက်ဆည်)

loud (adj) ကျယ်လောင်သော

loudly (adv) ကျယ်လောင်စွာ

* ပေးချက်နေရာ (adjective)လာ

adverb ကိုပြောင်းသင့်သလား စဉ်းစားပါ ။

* Subject , " He " က အော်နေတာ

ဘယ်လိုအော်တယ် အကြောင်းပြ

Adverb လေးကို ပြောင်းပေးကြ ။

* He ကို အထူးပြုသလား ?

  shouting   ကို  အထူးပြုသလား ? မေးပါ ။


05. Zaw Zaw is (old) than his brother .

( ကျောက်ဆည်  ၂၀၁၅  မေလ )


06. Who marks are the (bad) ?

မေးခွန်းစာအုပ်မှာ ဒီတိုင်းတွေ့ရပါတယ်။

Whose marks are the (bad) ?

လို့ Whose နဲ့မေးရမယ်ထင်ပါတယ်။

bad ( D.1)  ဆိုးသော l မကောင်းသော

worse (D.2) ပိုဆိုးသောlပို၍မကောင်းသော

worst (D.3)  အဆိုးဆုံး ။


ဘယ်သူ့အမှတ်တွေကလို့ မေးတဲ့အတွက်

ကျောင်းသားဖြစ်နိုင်တာမို့ အများထဲကတစ်ယောက်ကို မေးတာလို့ ယူဆရပါမယ် ။

* အများထဲမှာ လွန်ထူးခြား

  (D.3) ကို သုံးပါလား ။


07. Mu Mu is (beautiful) than his sister .

( Myingyan   2015  May )

Adj နောက်မှာ than ပါလာ 

( D.2 ) လေးကို သုံးတတ်တာ ။

beautiful      လွပေသာ ။

more beautiful ပို၍ လွပေသာ ။

the most beautiful  အလှဆုံး ။


08. Whose marks are the (bad).

( Myingyan  2015  February )


09. The boys write as (neat) as Nila .

10. Zaw Zaw is (old) than his brother .

( ညောင်ဉီး  2015  မေလ)


(09) ကို  ရှင်းပြရန်

* neat    (adj) သပ်ရပ်သော။ သေသပ်သော။ သပ်သပ်ရပ်ရပ်လုပ်တတ်သော (သူ)။

* neatly  (adv) မရေမရာ

* The boys ဆိုတဲ့ Subject က

write ဆိုတဲ့ စာရေးသည့် အပြုအမူကို

ဘယ်လိုရေးတယ်ဆိုတာ အကြောင်းပြရမှာမို့

adjective ကို adverb ပြောင်းပေါ့ ။


11. I go to school ( quick ) .

12. Su Su is as (old) as Ma Ma .

( 2015  မေလ  မိတ္ထီလာ )


11- I ကို အထူးပြုသလား

     go ကိုအထူးပြုသလားမေးပါ ။

Subject , I က  ကျောင်းသွားတာ

ဘယ်လိုသွားတယ် အကြောင်းပြ

Adverb ကို ပြောင်းလိုက်ကြ ။


13. Thida is the (young) girl in the class .

( 2015  Feb  Meiktila )

* ပေးချက်နေရာ adjective လာ

* အားလုံးထဲမှာ အငယ်ဆုံး

  ( D.3 ) ရှေ့မှာ the နဲ့သုံး ။


လေ့ကျင့်ရန်


14. This book is (thick) .

15. We have flood in the (rain) season .

16. Today is (cold) than yesterday .

17. Tun Tun is as (tall) as Zaw Zaw .


( 2015   May   Yamethin )


18. He is a very (slow) driver .

19. He is driving very (slow) .

20. Your handwriting is very (clear).

21. He is writing a letter (clear) .

22. The children were (happy) yesterday.

23. The children sang a song (happy) yesterday .

24. He is a (good) football player .

25. He plays very (good) .

   ================

Verb Form ဖြည့်နည်း။

*********************

1- Do, Does, Did နှင့်စသောမေးခွန်းများ။

     Do/Does/Did + Subj + Main Verb (V1) ..... ?

   - do not, does not, did not နှင့်ရေးသောအငြင်းဝါကျများ။

   - Please, Let's ..., to, can, could, shall, should, will, would,

      may, might, must စသည်တို့၏နောက်တွင်အမြဲတမ်း V1ထည့်ရမယ်။


2- every, always, usually, often, sometimes, daily, monthly, on

     Sundays, once a ..., twice a ... စသည်တို့ပါလာခဲ့လျှင် V1 or  

     V1s,es ထည့်ရမယ်။

never သည်အလေ့အထကိုဖော်ပြလျှင်တော့V1 or V1s,es ထည့်ရမယ်။ သဘောကတော့ never ကို Subj နဲ့ကပ်ရေးထားလျှင်နောက်မှာ V1 or V1s,es ထည့်ပေါ့၊

*** Subj အများကိန်း ( Subj အများ ) ဆို V1 ထည့်ပါ။

*** Subj တစ်ခုကိန်း ( Subj အနည်း ) ဆို V1s,es ထည့်ပါ။


3- မှန်ကန်မှု၊အသက်၊အချိန်မေးခြင်း၊ရှိခြင်း၊ဖြစ်ခြင်း၊အလေ့အထစသည်တို့ ကိုဖော်ပြလိုလျှင် V1 or V1s,es ထည့်ရသလိုအောက်ဖော်ပြပါအချက်အ လက်များကိုတွေ့လို့ကတော့ Subj ကိုကြည့်ပြီး V1 or V1s,es နဲ့သာရေး လိုက်ပါ။


- Universal truth -  The sun sets in the west.


- To talk about things that happen regularly: -

   He plays golf every day.


- To talk about facts: - Fishmongers sell fish.


- To talk about thoughts: - l think she is happy.


- To talk about feelings and opinions: - l like pop music.

Mg Win wants a new car. l don't like classical music.

She feels sick.They don't know the answer.

                                                                    

4- last, ago, yesterday စသည်တို့ပါခဲ့လျှင် V2 ထည့်ရမယ်။

တစ်ခါတစ်ရံ just now နဲ့ထူးချွန်ထက်မြက်မေးခွန်းမှာမေးတတ်တယ်။ 

ကလေးတွေက now မြင်လို့ am, is, are + V-ing နဲ့ရေးကြတော့မှားကုန် ကြတော့တာပေါ့။

5- အညွှန်းပြစာကြောင်း Please be quiet. နှင့် at present, now, !, at the moment စသည်တို့ပါခဲ့လျှင် am, is, are + V-ing ထည့်ရမယ်။


6- coming, next, soon, tomorrow, this evening, tonight, စသည် တို့ပါလျှင် will + V1 ထည့်ရမယ်။( Subj က l ဆိုသတိထားပေါ့။) 


အနာဂတ်မှာလုပ်မည့်အရာတစ်ခုကိုယခုစကားမပြောမီကတည်းကလုပ်မယ် လို့စီစဉ်ထားတယ်ဒါမှမဟုတ်ဆုံးဖြတ်ထားတယ်ဆိုလျှင် will နှင့်သုံးလို့မရပါ။


We do not use `will´ for things we have arranged or decided to do: ဖြစ်လို့ Present Continuous Tense နှင့်သာရေးကြတယ်။


What time is Kate arriving tomorrow?


What time are you meeting  Ann this evening?


Are you working tomorrow?


John isn't playing football next Saturday. He has hurt his leg.


Alex is getting married next month. ( not `will get´ )


l am working tomorrow. ( not `will work´ )


*** ဒါဆို l will ကိုဘယ်နေရာတွေမှာသုံးမှာလဲ။***


We use `l will´ when we decide to do something at the time of speaking. စကားပြောနေချိန်အတွင်းလုပ်မယ့်ကိစ္စတွေကိုဆိုလိုတာပါ။


Did you phone Kyaw Kyaw? No, l didn't. l'll phone him now.


What would you like to drink? l'll have an orange juice, please.


Oh, l have left the door open. l'll go and shut it.


We often use `will´ in these situations:


a- Offering to do something

b- Agreeing to do something

c- Promising to do something

d- Asking somebody to do something ( Will you ... ? )


7- last, yesterday, in 2016, once upon a time, ago စသည်တို့ပါခဲ့

     လျှင် V2 ထည့်ရမည်။

                                                            

8- am, is, are, was, were, been, တို့၏နောက်တွင် Subj ကကိုယ်တိုင် ပြုလုပ်လျှင် V-ing ရေးပါ၊ am, is, are, was, were, been, being တို့ဧ။် နောက်တွင် Subj ကပြုလုပ်ခြင်းခံရလျှင် V3 ထည့်ရမည်။


9- on, by, without, for, of ...( Prep ) များ၏ နောက်တွင် V-ing ထည့်ရမည်။


10- looking forward to နောက်မှာ V-ing ရေးရမည်။


11- has, have, had တို့၏ နောက်တွင် V3 ထည့်ရမည်။


12- since, for, just, already, yet, before, ever, never, many times စသည်တို့ပါလျှင် has, have + V3 ထည့်ရမည်။


13- How long နှင့်စသောမေးခွန်း- How long have you been living here? l have been living here for three years.


14- since, for, all morning, all night, the whole morning, the whole night, all day, from dusk to dawn ပါလျှင် has/have been V-ingထည့်ရမည်၊သဘောကတော့အတိတ်ကဖြစ်ခဲ့သောအဖြစ်အပျက် တစ်ခုသည်ယခုအချိန်အထိဆက်ပြီးဖြစ်နေတယ်ဆိုသုံးပါ။ဥပမာ-

Julia has been talking on the phone for an hour.

l have been waiting for you since ten o'clock.

l have been waiting for you for two hours.


15- နောက်တစ်ခုကအတိတ်မှာဖြစ်ခဲ့သောအဖြစ်အပျက်တစ်ခုသည်အချိန်

ကာလတစ်ခုအတွင်းမှာကြိမ်ဖန်များစွာဖြစ်ပျက်ခဲ့လျှင်သုံးပါ။ ဥပမာ-

l have been playing golf since l was 12.

She has been having driving lessons for a couple of months.

အင်္ဂလိပ်အဓိပ္ပာယ်ကတော့ She started a couple of months ago; she is still having lessons.


16- lf patterns 

lf + Subj + V1 ....................., Subj + will V1

lf + Subj + V2 ....................., Subj + would V1

lf + Subj + has/have V3 ....., Subj + will have V3

lf + Subj + had V3..............., Subj + would have V3


Active Voice            to            Passive Voice


V1                                       am, is, are + V3

V2                                       was, were + V3

will + V1                            will be + V3

to + V1                               to be + V3

am, is, are + V-ing          am, is, are + being + V3

was, were + V-ing           was, were + being + V3

has, have + V3                has, have + been + V3

had + V3                           had been + V3

will have + V3                  will have + been + V3


လိုအပ်တာရှိထပ်ဖြည့်ပေးပါမည်။ရှယ်လို့ရပါတယ်။

Credit

…………………………………………………………………

Verb Form ဖြည့်နည်း

~~~~~~~~~~~~~


Verb ဖြည့်ရန် ၅ နေရာ

……………………………

1: Verb to Do(do,does,did+V1အများကိန်း)

    do,does ပစ္စုပ္ပန်အတွက်

    did အတိတ်အတွက်

    will do အနာဂါတ်အတွက်

Helping Verb

Let

To

Please တို့ နောက်မှာ V1 အများကိန်း

eg:Do you eat an apple?

    I can do everything.

    Let me go.

    Let's go.

    To do

    Please come in the room.


2:Verb to be နောက်မှာ

   Ving / ed-en=V3

   Verb to be နှင့် by ကြားမှာ (ed/en=V3)

eg: I am learning English.

     English is learnt .

     English is studied by students.


3:Verb to Have နောက်မှာ (ed/en=V3)

eg: I have studied English for 3 months.


4:Adverb ရှေ့နှင့်နောက်မှာ Verb

မှတ်=Main Verb ရဲ့ ရှေ့

       Verb to be ရဲ့ နောက်

        အကူပါလျှင်ကြားမှာ ထားပြီး

        Adv ကို သုံးပါသည်။

eg: I usually get up at 5 o'clock am.

     I am always reading.

     Do you often watch TV?


5: Subject ရဲ့နောက်မှာ Verb

    They play food ball.


တေးဆိုကာ အမေ သိပ်သော်လည်း

သား အိပ်မှ ပျော်မှာပါ

နည်းဆိုတာ ဘယ်လိုကောင်းသော်လည်း

ကြိုးစားမှ တော်မှာပါ


တတ်ချင်လျှင် သင်ယူ

တော်ချင်လျှင် ကြိုးစား

ကျွမ်းကျင်ချင်လျှင် လေ့ကျင့်

မမှားချင်လျှင် သေချာစစ်

မမေ့ချင်လျှင် ပြန်တွေး

…………………………………………………………………