🌎 #ရဟန္တာဆိုတာ 🌎
🌿🌿🌿🌿🌿
⏩#သစ္စာမသိရင်⏩ သေချာချာလေ့လာနော်
မြေလျှိုးပါစေနော်
-မိုးပျံပါစေနော် အမျိုးမျိုးဖန်ဆင်းပြနိုင်ပါစေနော်
⏩ ဒီပုဂ္ဂိုလ်ဒိဋ္ဌိပြုတ်ကဲ့လား-
🛑#အဝိဇ္ဇာချုပ်ကဲ့လား ⏩ -မချုပ်
🛑 -ဒီပုဂ္ဂိုလ်တွေဟာ #မိစ္ဆာတွေပေါ့ကွဲ့။🛑
⏩ လူတွေက အဲဒီဆီမှာ
သွားသောင်တင်ကြတယ်နော်
#မိုးပျံတာကိုဘဲ ⏩ ရဟန္တာလို့သွားထင်တာ
⏩ အဲဒါ #အဘိညာဉ်-
. ရဟန္တာမဟုတ်ဘူး ကြားလား။
🌎 ရဟန္တာဆိုတာ⏩#တစ်ထောင့်ငါးရာကိလေသာကုန်တာကိုပြောတာ
🌎 သစ္စာသိတာကိုး ⏩ #သို့မဟုတ်အလိမ်ခံရမှာနော်
အဲလို-စိစစ်ဖို့မကောင်းလား။
ဒီပုဂ္ဂိုလ်က ဘာဖြစ်တယ်-ညာဖြစ်တယ်
တချို့ပုဂ္ဂိုလ်ကျလည်း ⏩ တပည့်တပန်းတွေမြှောက်ပြီးတော့မှ
ဒီပုဂ္ဂိုလ်က ဘယ်လိုတဲ့ ⏩ #အနုမာနနှင့်ပြောကြတယ်နော်
🛑-သေချာချာလေ့လာကြ။
▶တချို့ကျတော့လည်း
ဆရာကိုယ်တိုင်ကကြွားတာတွေရှိသေးတယ်နော်။
အဲသလိုလည်းလေ့လာကြဦး ကြားလား။
🛑 🛑#ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်က ⏩ ငါ-ရဟန္တာလို့ပြောပါမလား။🛑 🛑
🛑 သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ကရော ⏩ ပြောပါမလား။ 🛑
▶အေး-ဒီတခါ
ငါ ⏩ #ဘယ်အဆင့်ရောက်တယ်ဆိုတာရောပြောပါမလား။
ကိုယ့်ကိုယ်ကို ⏩ သောတာပန်လည်း ခန့်တာတွေက ရှိသေးတာကြားလား။
သေချာချာလေ့လာနော်- ⏩ အဲလိုစိစစ်ဖို့မကောင်းလား။
ထိထိမိမိလေ့လာကြနော်။
▶အဲလို အနေအထိုင်အပြောအဆို--
ဒီသစ္စာသိမယ်-ခန္ဓာသိမယ်-ပဋိစ္စသမုပ္ပါဒ်
အကြောင်းအကျိုးသိမယ်ဆိုရင် ⏩ အပြောအဆို
အနေအထိုင်တွေကစ ⏩ #မူမပြောင်းပေဘူးလား၊
🛑 ပြောင်းတယ်နော်။
⏩ဟိုတုန်းကနဲ့မတူဘူးဟေ့-
#ဒီကနေ့ထူးခြားတယ်လို့ ⏩ မပြောကြပေဘူးလား။
သိတော့ပယ်သင့်သလောက်-ပယ်တာကိုး။
🌎 #မပယ်နိုင်သေးတာကျတော့မပယ်သေးဘူးပေါ့။🌎
သေချာချာ လေ့လာနော်။
အပွေးမြင်အပင်သိတယ်တဲ့ ကြားလား။
အဲဒါ ပိုင်ပိုင်နိုင်နိုင် ⏩#လေ့လာရင်
ဘယ်ပုဂ္ဂိုလ်မှ ⏩ မလိမ်နိုင်ဘူးကြားလား။
⏩ခန္ဓာမသိ-၃၁ဘုံ လိမ်လို့ဘဲနေမှာ။
#ဝိညာဏက္ခန္ဓာ- ⏩ #ဦးဝိညာဏ်ဆိုတာကြားဖူးတယ်မလား။
#မျက်လှည့်ဆရာကြီးနှင့် ⏩ တူတယ်
လို့မဟောဘူးလား။
အဲဒါ #၃၁ဘုံလှည့်ပြီးတော့ လိမ်ပြနေတာ
ကြားလား။သေသေချာချာ လေ့လာနော်။
🛑ရုပ်တလုံး⏩ နာမ်တလုံးသာ
မှန်မှန်ကန်ကန် ဒိဋ္ဌိပြုတ်အောင် ⏩ #သိရင်ဘယ်သူမှ မလိမ်နိုင်ဘူး။
ကြားလား-
အဲလို စဉ်းစားဖို့မကောင်းလား။
🔯အေး-အလိမ်ပြေလောက်အောင် ⏩သာသနာပြုရတာဟေ့
ထိထိမိမိ-စဉ်းစားကြ ကြားလား။
ထိထိမိမိ လေ့လာကြနော်။
🔯မြေလျှိုး-မိုးပျံနိုင်ငြားသော်လည်း ⏩ရဟန္တာဖြစ်တယ်လို့မထင်နဲ့ ကြာလား။
ရှေးရှေးကနေပြီးတော့မှ
နာဂသေနမထေရ်ဆိုတာ ရှိတယ်နော်
မြေလျှိုးနိုင်တယ်-မိုးပျံနိုင်တယ်-
အမျိုးမျိုး ဖန်ဆင်းပြနိုင်တယ်ကြားလား။🔯
⏩#သူဟောတဲ့တရားကိုလည်း
တပည့်တပန်းတွေကနာလို့ ⏩ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်-
⏩ သကဒါဂါမ် ဖြစ်တဲ့ပုဂ္ဂိုလ်-
⏩အနာဂါမ်ဖြစ်တဲ့ပုဂ္ဂိုလ်ပေါ့။
အဲဒါနဲ့လေ့လာလို့
သူ့တပည့်ဖြစ်တဲ့ ⏩#အာသဝေါကုန်ပြီးသား ရဟန္တာက
ငါတို့ဆရာ⏩ဘယ်အဆင့်များရောက်သလဲ လို့⏩ ကြည့်တာပေါ့။
⏩ကြည့်တဲ့အခါကျတော့ ပုထုဇဉ်။
ဟာ-
ငါတို့ဆရာကျေးဇူးကလည်း တယ်ကြီးပေတယ်။
🛑 ပုထုဇဉ် ဆိုငြားသော်လည်း
ဘယ်ပုထုဇဉ်လဲ လို့ ⏩ ပြန်မေးဖို့မကောင်းလား။
ရုပ်ကိုသိတယ် ⏩ -နာမ်ကိုသိတယ်⏩ ဓါတ်ကိုသိတယ်-
သစ္စာသိတယ်- ⏩ပညတ်၊ပရမတ်ကို⏩ ပိုင်းခြားလို့ ⏩ #ပိုင်ပိုင်နိုင်နိုင်သိတယ်
ကြားလား။
🛑အဲဒါ ကလျာဏပုထုဇဉ်လို့ခေါ်တယ်။ 🛑
🛑 အန္ဓ ပုထုဇဉ် ⏩ မဟုတ်ဘူးနော်။ 🛑
👑သူကျေးဇူးလည်း ကြီးတယ်-
ဘယ်လို ချွတ်ရမလဲဆိုပြီးတော့ ⏩ ဆရာဆီသွားတော့တာပေါ့။
🌎 မေးချင်တာက ⏩ပညတ်ကိုး။🌎
🌎 အဲဒါ ပရမတ်ကို ⏩အရင်မေးရတာ။ 🌎
အဲဒါ ပရမတ်ကိုမေးလို့ ကျေလောက်ပြီ--
ကျေနပ်လောက်ပြီ ဆိုကာမှ ⏩ မေးစရာလေးရှိသေးတယ်ဘုရား
-လျှောက်ထားစရာလေး။
👑 အေး-လေ တွေ့တဲ့အခါ လျှောက်ပေါ့။
👑 အရှင်ဘုရားနဲ့တပည့်တော် ထိုင်တဲ့အခါမှာ
ကန်ထဲက ဆင်ပြောင်ကြီး
ဖန်ဆင်းပြီးတော့ ပြပေးစမ်းပါဘုရားလို့ ⏩ လျှောက်တာ။
တခါတည်းဆင်ပြောင်ကြီး။ စွယ်စုံကြီးပြတာပေါ့။
အကြီးကြီးလေ။
🔯 အဲဒါကြီးက
အရှင်ဘုရားနဲ့ တပည့်တော်ကို ⏩ထိုးတဲ့ပုံကြီး ⏩ဖန်ဆင်းပြပေးပါဘုရား လို့
လျှောက်တာ။
ထိုးမည့်ပုံကြီး ဖန်ဆင်းတော့ ⏩ဆရာဖြစ်သူက ထွက်ပြေးတော့တာပေါ့ဟ။
သေချာချာလေ့လာနော် ။
👑 နာဂသေနမထေရ်လေ၊ ⏩ဆရာဖြစ်တဲ့သူပေါ့။
အဲဒီအခါကျမှဆရာဖြစ်တဲ့သူက -ဟာမင်းက ⏩ငါ့ဆရာဘဲ
ငါ့ဟာနဲ့ ⏩ငါရဟန္တာလို့ ⏩ ထင်တာကွာတဲ့။
ကြားလား-အခုမှ ပုထုဇဉ်မှန်း ⏩ သိတယ်တဲ့။
👑 ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိ လို့
မဟောဘူးလား။
ရဟန္တာဆို ⏩တုန်လှုပ်ပါမလား။
အေး-သေသေချာချာ လေ့လာကြနော်။
အဲလို ရဟန္တာ မရှာနဲ့။
သောတာပန် ၊
သကဒါဂါမ်၊
အနာဂါမ် ပုဂ္ဂိုလ်တွေကို မရှာနဲ့။
👑 သစ္စာတရားကို ⏩ ဟောတဲ့ပုဂ္ဂိုလ်၊
⏩ ခန္ဓာတရားကို ဟောတဲ့ပုဂ္ဂိုလ်-⏩ ပဋိစ္စသမုပ္ပါဒ်ကို #ဟောလို့
🛑 #ဒိဋ္ဌိပြုတ်အောင် ⏩ ဟောနိုင်တဲ့ ⏩ ပုဂ္ဂိုလ်ကိုရှာ။
ကြားလား။
👑တဏှာသေအောင်-
🔼ဥပါဒါန်ချုပ်အောင် ဟောနိုင်တဲ့ပုဂ္ဂိုလ်ကိုရှာ၊
🔼အာသဝေါတရား လေးပါးကုန်အာင်
. ဟောနိုင်တဲ့ ပုဂ္ဂိုလ်---
🔼ဖိုးသူတော်ကဟောဟော-
🔼မယ်သီလက ဟောဟော-
🔼လူကဘဲဟောဟော-
🔼ရသေ့ရဟန်းကဟောဟော
. အဲဒီပုဂ္ဂိုလ်ကို နာ။
⏩အခု လူတွေ က ⏩ ရဟန္တာရှာနေကြတာ။
တွေ့ပါ့မလားဟဲ့။
🛑 🛑 🛑 #ရဟန္တာဆိုတာ ⏩ #အသိဥာဏ် 🛑 🛑 🛑
👉🏻 ကိုယ်ကောင်ကြီး ကို⏩ ပြောတာမဟုတ်ဘူး။
. 🛑 #သောတာပန် ဆိုတာလည်း ⏩ #အသိဥာဏ်။ 🛑
. သေသေချာချာလေ့လာနော်။
▶ရှေးရှေးက ရဟန္တာဆိုတာ
ကြောင်ပန်းက ⏩ ရဟန္တာပြတာရှိသေးတယ်
်-ကြားလား
အဲ ကြောင်ပန်းကဟောတာ⏩ သုတအနေနဲ့ ⏩ ပြောပြရဦးမှာပေါ့။
⏩ရှေးက သားအမိ-သားအဖ(၃)ယောက်ရှိတာကိုး။
👑 သားလေး မွေးလာတော့။
အဲဒီသားလေး -သားယောက်ျားလေးပေါ့။
လိမ်လိမ်မာမာလေး ⏩ မောင်တာတဲ့။
သူ့နာမည်မှည့့်ကြတာလေ။
နောက်တော့ ၁၀-၁၂-၁၃ နှစ်လောက်ကျတော့
ရှင်ပြုတာပေါ့- ရှင်ပြုတဲ့အခါကျတော့ ⏩ကိုရင်တာတဲ့ဗျား။
အသက် နှစ်ဆယ်ပြည့်တော့ ⏩ရဟန်းခံတော့
ရဟန်းတာ-တဲ့ဟဲ့။
သေချာချာလေ့လာနော်။
အဲ-အဲသလိုလည်းစဉ်းစားကြဦး ကြားလား။
⏩ကိလေသာ ⏩ ငြိမ်း-မငြိမ်း၊
ရုပ်ဓါတ်နာမ်ဓါတ် ⏩ ပရမတ် ဟုတ်-မဟုတ်၊
အဲသလို စဉ်းစားကြဦးဗျနော်။
🛑 သစ္စာသိဖို့ မလိုဘူးလား။
🛑 ခန္ဓာသိဖို့ မလိုဘူးလား။
အေး-သေချာချာလေ့လာနော်။
🙏🏻🙏🏻🙏🏻 ကျေးဇူးတော်ရှင် 🙏🏻🙏🏻🙏🏻
🙏🏻🙏🏻🙏🏻 မုံလယ်ဆရာတော်ဘုရားကြီး🙏🏻🙏🏻🙏🏻
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
👑မယ်တော်ကြီးဒေါ်ညွန့် စုဆောင်းထားသော
တိပ်ခွေများမှ စာစီ ပူဇော်ပါသည်။
ဆရာတော်ကြီး သာ၀ကတပည့်များ အတွက်။
အရှင်တေဇနိယ မုံလယ်ဇ )
👑 ဝိပဿနာ ဉာဏ်မျက်စိနှစ်ကွင်း အလင်းရောက်အောင်
သစ္စာလေးပါးတရားတော်နှင့် ကုသပေးတော်မူသော
🙏🏻🙏🏻🙏🏻 ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီးအား🙏🏻🙏🏻🙏🏻
ရည်ညွှတ်သဒ္ဓါ စေတနာဖြင့် ပန်ထွာမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏အရှင်ဘုရား....
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
💠Credit##Nwe Mar Than
#သစ္စာနီ
Credit photo ###Originaluploader photo
သာဓု သာဓု သာဓု
🙏
ဤ ကောင်းမှု သည်
မဂ်ဥာဏ် ဖိုလ်ဥာဏ်
အတုမဲ့အေးချမ်းသည့် မြတ်နိဗ္ဗာန်အတွက်
အထောက်အပံကောင်း ဖြစ်ကြပါစေ ခင်ဗျ ။
🙏🙏🙏 ကိုယ်စိတ် နှစ်ဖြာ🙏🙏🙏
ကြည်လင်ရွှင်လန်း ငြိမ်းချမ်းကြပါစေ ။
🍂

