Mujhse Dosti Karoge! (2002)




“ငါနဲ့သူငယ်ချင်းလုပ်မလား”

သူငယ်ချင်း၊ ရင်းနှီးမှု

အချစ်ဆိုတာ ဘာပါလဲ

ဒီဒိုင်ယာလော့လေးကတော့ နာမည်ကြီး ဂန္တဝင်အချစ်ဇာတ်ကား တစ်ကားဖြစ်တဲ့

Kuch Kuch Hota Hai (1998) ထဲကပဲဖြစ်ပါတယ်။



နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hrithik Roshan (ခ) လက်ပွားမင်းသား

Rani Mukerji နှင့် Kareena Kapoor တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တပုဒ်လည်း ဖြစ်ပါတယ်

ဇာတ်လမ်းလေးကတော့

ရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်ပါ

ဒီထဲမှာမှ ရာ(ဂျ်)က တီနာပေါ်မှာ ခင်မင်မှုပိုနေသလိုပါပဲ

အကြောင်းကြောင်းကြောင့် ရာ(ဂျ်)တို့ မိသားစု လန်ဒန်ကိုပြောင်းသွားတဲ့အခါ

တီနာနဲ့ ပူဂျာကတော့ အိန္ဒိယမှာပဲ ကျန်ခဲ့ပါတော့တယ်


ရာ(ဂျ်)အနေနဲ့ မသွားခင်မှာ သူလန်ဒန်ရောက်ရင် နေ့စဉ် အီးမေးလ်ကတဆင့် စာတွေရေးမှာဖြစ်လို့ သူ့ဆီကို စာပြန်ဖို့ တီနာကို မှာကြားခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်

ဒါပေမဲ့ ရာ(ဂျ်)တယောက် စာတွေပို့တဲ့အချိန်မှာ တီနာကတော့စိတ်မဝင်စားဘဲ အရေးတယူမလုပ်ခဲ့ဘူး။ ဒီအခြေအနေမှာ သူသိပ်ချစ်တဲ့ သူငယ်ချင်းကို ပူဂျာကပဲ စာတွေပြန်ရေးခဲ့ပါတယ်။

ဒါပေမဲ့ စာပြန်တဲ့အခါမှာ သူ့နာမည်မသုံးဘဲ တီနာ နာမည်ကိုသုံးလိုက်ပါတယ်။

၁၅ နှစ်တာ ကလေးဘဝကတည်းက တနေ့တာဖြစ်ခဲ့သမျှကို စာတွေရေးပြီး ရင်ဖွင့်ခဲ့ကြတဲ့ သူတို့နှစ်ယောက်မှာ သူငယ်ချင်းသံယောဇဉ်ထက် ပိုတဲ့အရာ တစ်ခုဖြစ်နေပါပြီ။

စာတွေရေးနေကြတဲ့ နှစ်ယောက်ဟာ တယောက်ကိုတယောက်မမြင်မတွေ့ဘဲ ချစ်မိနေကြပါပြီ။

ရာ(ဂျ်) ကသူ့ဆီစာတွေရေးနေတာ တီနာလို့ထင်မှတ်ပြီး တီနာကို ချစ်မိနေသလို

ကလေးဘဝကတည်းက စာတွေရေးခဲ့တဲ့ ပူဂျာကလည်း ရာဂျ်အကြောင်း ကောင်းကောင်းကြီးသိခဲ့ပြီး ချစ်မိနေပါပြီ



ရာ(ဂျ်) တစ်ယောက် လန်ဒန်ကနေ အိန္ဒိယကို ပြန်လာတဲ့အခါမှာတော့ ……..


ရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ …..

မိတ်ဆွေတို့ကို ပြောချင်တာလေးကတော့

ကိုယ်ချစ်ရတဲ့သူတယောက်ယောက်ကို တွေ့ခဲ့ပြီဆိုရင် ဒီမေးခွန်းလေးပဲ အရင်မေးလိုက်ပါ

“ငါနဲ့သူငယ်ချင်းလုပ်မလား”

ရုပ်ရှင်အညွှန်း : Zaw Htoo