DRISHYAM (2015)
ဒီဇာတ်ကားကတော့ ခံယူချက်တွေ အသိအမြင်တွေကို ဗြောင်းဆန်စေမယ့်ဇာတ်ကားပါ။ အသိဉာဏ်တွေကို ဇဝေဇဝါအဖြစ်စေဆုံးကတော့ အမှန်နှစ်ခု ထိပ်တိုက်တွေ့ဆုံလာတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ မင်းသား A Jay Drvgn က လေးတန်းပဲအောင်တဲ့ မဟုတ်မခံ ရိုးသားကြိုးစားသူ….. သူက အသိပညာကို သူ့အလုပ် Cable ရုပ်ရှင်လိုင်းက ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး ရှာဖွေတတ်သူ။ တစ်နေ့မှာတော့ သူ့သမီးလေးရဲ့ မဖွယ်မရာ ဗွီဒီယိုကို လူတစ်ယောက်က ရိုက်ကူးပြီး သူ့သမီးနဲ့ သူ့မိန်းမကို အကြပ်ကိုင်ပါတော့တယ်။ ဒီမှာပဲ လူသတ်မှု တစ်ခု မရည်ရွယ်ဘဲ ဖြစ်ပေါ်လာပါတယ်။ ဒီလူသတ်မှုမှာ သူ့မိသားစုကို ကာကွယ်ဖို့ မင်းသားကြီး A Jay က သူသိထားတဲ့ အသိပညာကုန်ထုတ်ပြီး ကြိုးစားပါတော့တယ်။ ဒီအမှုမှာ သူရင်ဆိုင်ရမယ့် လူက ပေါ့သေးသေး ပါပဲ။ ဘယ်သူလဲဆိုတော့ ထောက်လှမ်းရေးက ရဲချုပ်ပါ။ ရဲချုပ်က ပါစင်နယ်အရရော တာဝန်အရရော ပင်ကို သဘောအရရော ဒီအမှုကို ရေကုန်ရေခန်းလိုက်မှာပါ။ ရဲချုပ်အဖြစ် မင်းသမီး တဘူးက ခပ်ထည်ထည် သရုပ်ဆောင်ထားပြီး သူက ၄ တန်းအောင်လူနဲ့ ပြိုင်မှာပါ။ ၄ တန်းပဲအောင်ထားတဲ့ လူကလဲ ခပ်ပေါ့ပေါ့တော့ မဟုတ်ချေ။ သူက ရုပ်ရှင်ဇာတ်ကားတွေကို နေ့ညမပြတ် တောက်လျှောက်ကြည့်နေတဲ့ ရုပ်ရှင်တွေကနေ အသိပညာ အမြင်ဗဟုသုတတွေကို စဉ်ဆက်မပြတ် သောက်သုံးနေတဲ့လူ။ ဒီလိုလူနှစ်ယောက်ရဲ့ အမှန်နှစ်ခုက မိသားစုအရပါ ထိပ်တိုက်တွေ့လာတဲ့အခါ…………..။ အင်မတန့်ကို စိတ်ဝင်စားစရာဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအစကတည်းက ဇာတ်ရှိန်တက်လာတာ ဇာတ်လမ်းသာ ပြီးသွားတယ်။ ဇာတ်ရှိန်က မကျသေးဘဲ ရင်ဘတ်ထဲမှာ ခိုးလို့ခုလု တစ်လစ်ကြီး ကျန်နေခဲ့ပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီး မေးခွန်းထုတ်စရာတွေ များပြားသွားပါတယ်။ ဒီဇာတ်ကားလေးက အပြစ်ရှိတဲ့လူလို့ သတ်မှတ်ရမယ့် သက်သေမရမချင်း ..အပြစ် ရှိရင်တောင် အပြစ်ပေးလို့မရဘူးလို့ ဥပဒေက အခိုင်အမာ အဓိပ္ပါယ်ဖွင့်ဆိုထားတာပါပဲ။


