တရားစီရင်ရေးဆိုတာက တကယ်တော့...... သက်သေတွေနဲ့ ရှေ့နေတွေရဲ့လျှောက်လှဲချက်ပေါ်မူတည်ပြီး ဆုံးဖြတ်တာမဟုတ်လား.... ရှေ့နေတစ်ယောက်ရဲ့ စကားတစ်ခွန်း.... လွှဲမှားနေတဲ့ သက်သေအထောက်အထား တစ်ခုက အပြစ်မဲ့သူတစ်ယောက်ကို တရားခံ ဖြစ်သွားစေနိုင်တာပဲ။ ဒီကားမှာတော့ မင်းသမီးက ရှေ့နေ (ပေါက်စ) သူက လွန်ခဲ့တဲ့ (၁၅) နှစ်က ဖြစ်ပျက်ခဲ့တဲ့ ကလေးတွေပြန်ပေးဆွဲ အသတ်ခံရတဲ့ အမှုကိုပြန်ဖွင့်ပြီး လူသတ်သမားဘက်က ရှေ့နေပြန်လိုက်တာ ဒီအမှုကို ပြည်သူ့ရှေ့နေအနေနဲ့ လိုက်ပေးမယ့်သူက နာမည်ကျော် ရာဇ၀တ်ရှေ့နေဆိုတော့ ဥပဒေလောကမှာ ဂျင်လိုမွတ်အောင်လည်တဲ့ ရှေ့နေကြီး နဲ့ ရှေ့နေပေါက်စတို့ အပြိုင်အဆိုင်ငြင်းခုံရင်း အမှုဖြစ်စဉ် အမှန်တရားစစ်စစ်ကို ဘယ်လိုထုတ်ဖော်သွားမလဲဆိုတာကတော့ ......ကျောင်းအုပ်ဆရာမကြီးလို့လူသိများခဲ့တဲ့ မင်းသမီးကြီး ဂျိုသီကာ အခုတလှည့်မှာရော ပညာသားပါပါ ဘယ်သူတွေကိုဘယ်သို့ဘယ်ပုံအပီတွေဖြုတ် အပြတ်သုတ်သွားအုံးမလဲဆိုတာတော့......


