Jack Ma ၏ အောင်မြင်ရေး အချက် (၃၀)
၁ - မိမိရရှိနိုင်မည့် အခွင့်အလမ်းများကို အမြင်ကျယ်ကျယ်ဖြင့် ရှာဖွေပါ။
၂ - ဖွင့်ထားသော တံခါးတစ်ချပ်လို အခွင့်အလမ်းမှန်သမျှကို လက်ခံကြိုဆိုပါ။
၃ - အရာရာနားလည်နိုင်စွမ်းရှိအောင် ကြိုးစားရမည်။
၄ - မိမိ လုပ်ဆောင်ချက်တိုင်း လျင်မြန်နေရမည်။
၅ - လက်ရှိမိမိရဲ့အခြေအနေထက် နောက်ထပ်ဖြစ်လာနိုင်စွမ်းရှိတာကို မှန်းဆရမည်။
၆ - မိမိ၏ ရည်မှန်းချက်မပျောက်ပါစေနှင့်။
၇ - ရဲဝံ့စွာ ဆောင်ရွက်ပါ။
၈ - ငယ်ရွယ်မှှုကြောင့်ရရှိလာမည့် အခွင့်အလမ်းများကို ရယူပါ။
၉ - မိမိအဖွဲ့အစည်းဖြင့် တစ်ညီတစ်ညွတ်တည်း အောင်မြင်မှုဆီတက်လှမ်းပါ။
၁၀ - ဘယ်အရာမဆိုအစားထိုး ဝင်ရောက်လုပ်ကိုင်နိုင်အောင် ကြိုးစားပါ။
၁၁ - မိမိ စွမ်းဆောင်ရည်ထက် ပိုကျွမ်းကျင်သော ပညာရှင်များကို ငှားရမ်းပါ။
၁၂ - အမျှော်မြင်ကြီးစွာ သတ္တိရှိရှိ မြဲမြံသောစိတ်ဓါတ်ဖြင့် တစ်သတ်မတ်တည်းဆောင်ရွက်ရန်။
၁၃ - မလျော့သောလုံ့လဖြင့် မဆုတ်မနစ်ကြိုးစားပါ။
၁၄ - လုပ်ဆောင်နိုင်စွမ်းထက် စိတ်ဓါတ်က ပိုအရေးကြီးတယ်။
၁၅ - လုပ်ဆောင်နိုင်စွမ်းထက် လက်တွေ့ကျကျဆုံးဖြတ်ချက်ချနိုင်မှုက ပိုအရေးကြီးသည်။
၁၆ - ငွေကြေးနှင့် အခွင့်အာဏာ အတူမရှိနိုင်ဘူး။
၁၇ - အခက်အခဲတွေ ကျော်ဖြတ်ပြီးမှသာ ကိုယ့်အားကိုယ်ကိုးခြင်းဆိုတာကို နားလည်လာမည်။
၁၈ - မိမိ၏ အလုပ်ကို အခြားသူထက် ပို၍လုံ့လစိုက်ထုတ်ရမည်၊ ပိုကြိုးစားရမည်၊ ပို၍ ရည်မှန်းချက်ကြီးရမည်။
၁၉ - အဆင့်တန်းရှိရှိ ယှဉ်ပြိုင်ပါ။
၂၀ - မိမိပြိုင်ဘက်များကို အထင်မသေးမိပါစေနှင့်။
၂၁ - မိမိကိုယ်ကို ယုံကြည်မှုရှိရှိ နေထိုင်ပါ။
၂၂ - အောင်နိုင်သူဟာ ကလေးမဆန်ဘူး။
၂၃ - ဝယ်ယူသူသည် ပထမ ဦးစားပေး၊ အလုပ်သမားသည် ဒုတိယဦးစားပေး၊ အစုရှယ်ရာဝင်သည် တတိယ ဦးစားပေး ဖြစ်ရမည်။
၂၄ - ငွေကြေးအကြောင်း မေ့ထားပါ။
၂၅ - လူမှန်နေရာမှန်ကို ရှာပါ။ သို့သော် အကောင်းဆုံး အတော်ဆုံးဖြစ်ရန်မလိုပါ။
၂၆ - “လွတ်လပ်ခွင့်” ဆိုတာ သိပ်ကိုတန်ဖိုးကြီးတယ်။
၂၇ - “ပါးနပ်သူ” သည် ဦးနှောက်သုံး၍ စကားပြောသည်။
၂၈ - “ပညာရှိ” သည် နှလုံးသားဖြင့် စကားပြောသည်။
၂၉ - ငါတို့ဘဝတွေ ပျော်ရွှင်စွာ မွေးဖွားလာခြင်းသည် အလုပ်ထဲတွင် အမြဲ အချိန်ကုန်နေဖို့ မဟုတ်ဘူး။
၃၀ - အရှုံးပေးခြင်းဟာ အကြီးမားဆုံး ကျရှုံးမှုပင်ဖြစ်သည်။
Credit: MESI Entrepreneur SMEs FB Page

