Samar မျက်နှာ စူပုတ်ပုတ်နဲ့ ရဲ့ရင်တဲ့ ဗုံးရှင်းသမား၊ ဗုံးတစ်လုံး ဖြုတ်ပြီးတိုင်း အေးဆေးတဲ့ နေရာမှာ တစ်ယောက်ထဲ အနားယူတတ်တယ်။ သူ့ဘဝရဲ့ ၉၈ လုံးမြောက်ဗုံးကို ဖြုတ်ပြီး ကမ်းခြေဘက်မှာ တစ်ယောက်ထဲ အနားယူနေတဲ့ အချိန် Akira ဆိုတဲ့ မိန်းမလှလေး ရေနစ်လို့ ဆင်းကယ်ပြီး အနွေးဓါတ်ရဖို့ Samar ရဲ့ အပေါ် အနွေးထည်ကို ပေးလိုက်မိရာမှာ မထင်မှတ်ပဲ Samar ရဲ့ Diary ကို Akira ရသွားပြီး Samar ရဲ့ လွမ်းစရာကောင်းတဲ့ London က အချစ်ဇာတ်လမ်းကို သိခဲ့ရပြီး Samar ကို Akira တစ်ယောက် စိတ်ဝင်စားခဲ့ပါတယ်။ Akira ဆိုတာ Discovery Channel မှာ မှတ်တမ်းရုပ်ရှင်ရိုက်ရဖို့ ကြိုးစားနေတဲ့ ၂၁ နှစ် အရွယ် ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းမလှလေးပါ။ Akira တွက် အခွင့်အရေးတစ်ခု ရောက်ရှိလာပါတယ်။ ၃ပါတ်အတွင်း Samar ရဲ့ ဗုံးဖြုတ် တပ်သားတစ်ယောက်အကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ပေးရမယ့် အခွင့်အရေးပါ။ Samar က Akira ကို တပ်ဖွဲ့ထဲ မလိုက်ခဲ့စေချင်ပေမယ့် Samar ရဲ့ နိုင်ကွက်ကို သိထားတဲ့ Akira တစ်ယောက်က Samar ရဲ့ အတိတ်နဲ့ ယှဉ်ယှဉ်ပြီး ပြောလို့ Samar က Akira ကို လိုက်ခွင့်ပြုခဲ့ပါတယ်။ အခက်အခဲ အချို့ ရှိခဲ့ပေမယ့် Akira တစ်ယောက် Samar ဆိုတဲ့ ဗုံးဖြုတ် တပ်သားတစ်ယောက်အကြောင်း မှတ်တမ်းရုပ်ရှင် ပြီးမြောက်အောင် ရိုက်နိုင်ခဲ့ပါတယ်။ Samar ရဲ့ ဇာတ်လမ်းကို Discovery Channel မှာ ပြဖို့ ဒါတွေဟာ Samar ရဲ့ ဇာတ်လမ်း တကယ်ဖြစ်ကြောင်း ထောက်ခံဖို့ ၁၀နှစ်ကျော် ခြေဦးမချခဲ့တဲ့ London မြေကို ပြန်လည် ခြေချခဲ့ရပါတယ်။ ခါးသီးတဲ့ အတိတ်တွေရှိခဲ့တဲ့ London မြေကို Samar တစ်ယောက် ပြန်လည် ခြေချတဲ့နေ့မှာပဲ…။ Jab Tak Hai Jaan ဆိုတဲ့ အဓိပ္ပါယ်ကတော့ Till my last breath ဖြစ်ပါတယ်။


