ဒီဇာတ်ကားလေးကတော့ စိတ်ကူးကောင်းမွန်လှတဲ့ဇာတ်ကားလေးဖြစ်ပြီး အားလပ်ရက်မှာ အချိန်ကုန်လွန် ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ခုပေါ့။ ဂိမ်းပရိုဂရမ်ရေးဆွဲသူ ရှီကာဟာ သားကိုချစ်တတ်လွန်းတဲ့ အဖေ တစ်ယောက်ပါ။ သူ့သားလေးနာမည်က ပါတိ။ ပါတိ ဟာ ဂိမ်းချစ်တတ်သူတစ်ဦးဖြစ်ပြီး ရိုးအီလှသော ဇာတ်အိမ်မှခွဲထွက်လိုသူဖြစ်သည်။ သူရဲ့စိတ်မှာတော့ မသေဆုံးနိုင်သည့် လူဆိုးဇာတ်ကောင် ပေါ်ထွန်းစေချင် ပြီး သူ့အဖေ ရှီကာကတော့ သူရဲကောင်းကိုသာ အလေးထားလေသည်။ ဒီလိုနဲ့ ရှီကာဟာ နောက်တစ်ခါ တီထွင်သည့် ဂိမ်းတွင် ရာဝမ်း ဟူသော ဇာတ်ကောင်ကို ပုံဖော်ပေးခဲ့သည်။ ရာဝမ်းဟာ စွမ်းအားမြင့် လူဆိုး ဖြစ်ပြီး သူနဲ့ယှဉ်ပြိုင်ရမည့် သူရဲကောင်းကား ဂျီဝမ်း။ ထိုသို့နှင့် ဂိမ်း အား ပွဲဦးမိတ်ဆက်ပွဲနေ့မှာတော့ ပါတိ ဟာ လူစီဖာ နာမည်ဖြင့် ဂျီဝမ်းဇာတ်ကောင်နေရာမှဝင်ကစားပြီး ရာဝမ်းနှင့် တိုက်ခိုက်ပွဲ ဆင်နွှဲခဲ့သည်။ ဂိမ်းပွဲကား ခက်ခဲလှသော်လည်း လူစီဖာပင် အနိုင်ရခဲ့သည်။ ထိုအချိန်အခါသည် အိန္ဒိယပြည်၏ သိပ္ပံနည်း ပညာလောကသည် ထွန်းကားနေပြီဖြစ်သည်။ ရောင်ခြည်စွမ်းအားတို့ အသုံးပြု၍ သက်မဲ့ကိုပင် ရုပ်လုံးဖော် နိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း ရှီကာတို့ဂိမ်းဌာနတွင်လည်း ရောင်ခြည်တန်းများဖြင့် ဂိမ်းကို ထိန်းချုပ်ထား ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ရောင်ခြည်တန်းတို့၏ စွမ်းအားဖြင့် ရာဝမ်း ဇာတ်ကောင်အရုပ်သည်လည်း အသက်ဝင်လာသည်။ထို့နောက် ရာဝမ်းသည် လူစီဖာ Player အား ပြန်လည်ရှာဖွေပြီး အဆုံးသတ်မယ့် ကြိုးစားချိန်တွေမှာတော့ ????? ဘာတွေဆက်ဖြစ်မလဲ။ ရာဝမ်း အသက်ဝင်ပြီးနောက် ရှီကာတို့မိသားစု ဘယ်လို အဖြစ်မျိုး ကြုံတွေ့ရမလဲ။ ရာဝမ်းကရော လူစီဖာကိုတွေ့အောင် ဘယ်လိုများ ကြိုးစားမလဲ။ ရာဝမ်းကိုရော ဘယ်သူက တားဆီးမလဲ စတာတွေကတော့ အကြိုက်တွေ့စေမှာပါ။ ဒီဇာတ်ကားဟာ စိတ်ကူး ယဉ်ဆန်ပေမယ့် လူသားတွေရဲ့ သဘာဝကိုတော့ မသွေဖယ်စေပါဘူး။ နိဂုံးလေးမှာတော့ သက်ရှိနဲ့ သက်မဲ့ ကြား မေတ္တာတရားကို ဖော်ကျူးထားပုံက ကျွန်တော်တို့စိတ်ကို ခေတ္တမျှ ငေးငိုင်စေတတ်သည် အထိ ကောင်း လှပါတယ်။