မြန်မာဗျည်းသက်သက်(၃၂) လုံး
က = K ခ = Kh K = ခ ဂ,ဃ = G
င = Ng စ,ဆ = S ဇ,ဈ = Z ည = Ny
ဋ,တ = T ထ,ဌ = Ht ထ,ဋ္ဌ = T
ဒ,ဓ,ဍ, ဎ = D န,ဏ = N
ပ = P ဖ = Ph ဗ,ဘ = B မ = M
ယ = Y ရ = R လ,ဠ = L ၀ = W
သ = Th ဟ = H
ဗျည်းတွဲ(၆)မျိုး
၁။ ဗျည်းတစ်လုံးနောက်မှ Y ဆက်ပေးလျှင် “ယပင့်” “ရရစ်” ဖြစ်၏။
ပုံစံ။ ။ Ky= ကျ ,ကြ Py=ပျ ,ပြ By=ဗျ ,ဗြ Gy=ဂျ Phy=ဖျ ,ဖြ My=မ ျ ,မြ
၂။ ဗျည်းတစ်လုံးနောက်မှ W ဆက်ပေးလျှင် “ဝဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kw=ကွ Khw=ခွ Gw=ဂွ Sw=စွ,ဆွ Zw=ဇွ ,ဈွ Lw=လွ Ngw=ငွ Dw=ဒွ
၃။ဗျည်းတစ်လုံးရှေ့မှ H ထား၍ရေးလျှင် “ဟထိုး”ဖြစ်၏။
ပုံစံ။ ။ Hng=ငှ Hny=ညှ Hn=နှ,ဏှ Hm=မှ
၄။ဗျည်းတစ်လုံးနောက်မှ Y,W ဆက်ပေးလျှင် “ ယပင့် ဝဆွဲ” “ရရစ် ဝဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kyw= ကျွ , ကြွ Pyw= ပျွ ,ပြွ Myw= မျွ , မြွ
၅ ။ ဗျည်းရှေ့က H နှင့် ဗျည်းနောက်က Y ဆက်ပေးလျှင် “ယပင့်ဟထိုး” “ရရစ်ဟထိုး” ဖြစ်၏။
ပုံစံ။ ။ Hmy=မျှ , မြှ Hly=လျှ
၆။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က W ဆက်ပေးလျှင် “ဟထိုးဝဆွဲ” ဖြစ်၏။
ပုံစံ။ ။ Hnw=နွှ Hlw=လွှ Hmw=မွှ
ကာရန်သရများ
a=အ , အာ, အား i = အိ, အီ , အီး u= ဥ, ဦ, ဦး
(ar=အာ, အား) (ee= အီ, အီး) (oo= ဦ ,ဦး)
e = အေ ,အေ့ , အေး e = အဲ , အဲ့ , အယ်
(ay-aye= အေ ,အေ့ , အေး) (ai = အဲ , အဲ့ , အယ်)
aw =အော့ ,အော် , အော an =အံ , အံ့
အက္ခရာအသတ်များ
et= က် in= င့် it =စ် i , ee = ည် int = င့် an = န် , မ် ai ( e ) = ယ် at = တ ် , ပ် ant = န် , မ့်
သရနှင့်အသတ်များ
eik = -ိ တ် -ိပ် ( လုံးတင်တသတ် လုံးတင် ပသတ်)
ein = -ိန် -ိမ် ( လုံးတင်နသတ် လုံးတင်မသတ်)
ok(oke)= – ုတ် , – ုပ် (ချောင်းငင်တသတ် ,ချောင်းငင်ပသတ်)
ont(one , ohn )= -ုန် , -ုမ် (ချောင်းငင်နသတ် ,ချောင်းငင်မသတ်)
auk=ေ-ါက်(သဝေထိုးရေးချကသတ်)
aung=ေ-ါင် (သဝေထိုးရေးချငသတ်)
aik= – ိုက်(လုံးတင်ချောင်းငင်ကသတ်)
aine , (ine)= – ိုင် (လုံးတင်ချေင်းငင်ငသတ်)
o , ( oe , oh )= – ို (လုံးတင်ချောင်းငင်)
ဗျည်း – ဗျည်းတွဲ နှင့် သရပေါင်းပုံနမူနာ
Ka = က ကာ ကာ း Ki = ကိ ကီ ကီး Ku= ကု ကူ ကူး
Ke =ကေ ကေ့ ကေး Ke,=Kai ကဲ ကဲ့ Kaw = ကော့ ကော် ကော
Kan =ကံ ကံ့ (Kant = ကံ့ ) Kya = ကျ ကျာ ကျား Kyi = ကျိ ကျီ ကျီး
Kyu = ကျု ကျူ ကျူ း Kye = ကျေ့ ကျေ ကျေး Kye,(Kyai) = ကျဲ ကျဲ့
Kyaw= ကျော ကျော့ ကျော် Kyan= ကျံ ကျံ့ (Kyant =ကျံ့) Kwa = ကွ ကွာ ကွား
Kwai= ကွိ ကွီ ကွီး Kwe =ကွေ့ ကွေ ကွေး Kwe ,( Kwai )=ကွဲ , ကွဲ့
Kun=ကွံ , ကွံ့ (Kwan ဟုမရေးရ)
ဗျည်းနှင့် အသတ်ပေါင်းပုံနမူနာ
Ket = ကတ် Kin = ကင့် ကင် ကင်း ( Kint = ကင့် ) Kit = ကစ်
Ki (Kee)= ကည် ကည့် ကည်း Kat =ကတ် ကပ် Kan =ကန့် ကန် ကန်း , ကမ့် ကမ် ကမ်း
K (Kant= ကန့် ကမ် ) Kai,(Ke)=ကယ် ကယ့် Kyet = ကြက်
Kyin= ကြင် ကြင့် ကြင်း (Kyint) =ကြင့် Kyit =ကြစ်
, (Kyee) = ကြည့် ကြည် ကြည်း Kyat =ကြတ် ကြပ်
Kyan = ကြန် ကြန့်Kyiကြန်း ၊ ကြမ် ကြမ့် ကြမ်း K (Kyant) = ကြန့် ကြမ့်
Kyai , (Key) = ကြယ် ကြယ့်
ဗျည်းနှင့်သရအသတ်ပေါင်းပုံနမူနာ
Keik =ကိတ် ၊ ကိပ် Kein = ကိန် ကိန့် ကိန်း , ကိမ် ကိမ့် ကိမ်း Keint =ကိန့် ကိမ်
KoK , (Koke) = ကုတ် ကုပ် Kon , (Kone , Kohn ) = ကုန် ကုန့်ကုန်း ၊ ကုမ် ကုမ့် ကုမ်း
Kont = ကုန့် , ကုမ့် Kauk= ကောက် Kaung= ကောင် ကောင့် ကောင်း
Kaik= ကိုက် Kaing , ( Kine ) = ကိုင် ကိုင့် ကိုင်း Ko ,( Koe ) =ကို ကို့ ကိုး
Kyeik= ကြိတ် ကြိပ် Kyein = ကြိန် ကြိန့် ကြိန်း, ကြိမ် ကြိမ့် ကြိမ်း ၊ (Kyeint =ကြိန့် ကြိမ့်)၊
Kyok , (Kyoke)= ကြုတ်၊ ကြုပ် Kyon , (Kyone , Kyohn) = ကြုန် ကြုန့် , ကြုမ် ကြုမ့်ကြုမ်း
(Kyont= ကြုန့် ကြုမ်) ၊ Kyaik= ကြိုက် ၊ ကြုန်းKyaing (Kyine) = ကြိုင် ကြိုင့် ကြိုင်း ၊ Kyo ( Kyoe ) = ကြို ကြို့ ကြိုး ။
မှတ်ရန် ။ ။ (က)ချ ၊ ခြ ကို Khy ဖြင့် မရေးရ ၊ Ch ဖြင့်ရေးရမည်။
(ခ) ယှ ၊ ရှ ကို Hy , hr ဖြင့် မရေးရ ၊ Sh ဖြင့်ရေးရမည်။
(ဂ) ဝဆွဲ နသတ် အတွက် un ကိုသုံးရမည်။ “ထွန်း” ကို Tun ဟုရေးရမည်။Twan ဟုမရေးရ။
(ဃ) ဝဆွဲတသတ်ကို ut ဖြင့်ရေးရပည်။ “ထွတ်” ကို Kut ဟုရေးရမည်။ Twat ဟုမရေးရ။
(င) ထ = Ht အစား T တစ်လုံးတည်းဖြင့် လည်း ရေးကြသည်။ ဖ= Ph အစား P တစ်လုံးတည်း ဖြင့် လည်းရေးကြသည်။ ဥပမာ – မောင်ထင် = Mg Tin ။ ဦးဖေ = U Pe စသည်ဖြင့်ရေးသားကြသည်။ ခ = Kh အစား K တစ်လုံး တည်း ရေးသားကြသည်။ ဥပမာ – Ma Kin =မခင်။
အထူးမှတ်ရန်။ ။
မြန်မာဘာသာတွင် စာရေး အမှန် ၊ စာဖတ်အသံ ဟုဆိုသည့်အတိုင်း ရေးသောအခါ သတ်ပုံ မှန်အောင်ရေး၍ ဖတ်သောအခါ အသံကို အများ ဖတ်နေကျအသံအတိုင်း ဖတ်ကြရသည်။
ဥပမာ။ ။
ညောင်လေးပင် ကို ညောင်လေးဘင်ဟုဖတ်၍
ရေကျော် ကို ရေဂျော် ဟုဖတ်၏။
မန္တလေး ကို မန်းဒလေး ဟုဖတ်၏။
ကြားတောရလမ်း ကို ဂျားတောရလမ်း ဟုဖတ်၏။
သို့ရာတွင် အထက်ပါနာမည်များကို အင်္ဂလိပ် ဘာသာဖြင့် ရေး သား သောအခါသတ်ပုံအမှန်ကိုမကြည့် ဘဲအသံထွက် အတိုင်း (ဝါ) ဖတ်သည့် ပြောသည့် အသံအတိုင်း လိုက်၍ ရေးရကြောင်း အထူးသတိပြု ရပေမည်။
ဥပမာ။ ။
ညောင်လေးပင် = Nyaunglebin
ရေဂျော် =Yegyaw
မန္တလေး =Mandalay
ကြားတောရလမ်း = Gyatawya Street
စသည်ဖြင့်သတ်ပုံမလိုက်ဘဲအသံကိုလိုက်၍ရေးရလေသည်။
မြန်မာနာမည်ရေးနည်း
၁။ မြန်မာလူနာမည်များကိုရေးရာ၌အသံထွက်စာလုံးတိုင်းကို Capital Letter ခေါ် စာလုံးကြီးဖြင့်စ၍ရေး ရမည်။စာလုံးပေါင်းတစ်ခုနှင့်တစ်ခု ဆက်မရေးရ။
ပုံစံ။ ။
Maung Thaung Lwin=မောင်သောင်းလွင်
Ma Tin Yee = မတင်ရီ
U Aye Maung = ဦးအေးမောင်
Daw Mya Kyi = ဒေါ်မြကြည်
Khin Soe Myint = ခင်စိုးမြင့်
Ma Than Hlaing = မသန်းလှိုင်
၂။ ဘုန်းကြီး သီလရှင်တို့ ဘွဲ့နာမည်များတွင် ရှေ့ဆုံး အက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍ တဆက်တည်း စာလုံးပေါင်းရမည်။( လူကဲ့သို့ တစ်လုံးချင်းမရေးရ ၊ မှားတတ်သည်။)
ပုံစံ။ ။
Ashin Thumana =အရှင်သုမန
U Khemeinda = ဦးခေမိန္ဒ
ဆရာတော် ဦးဉာဏ ။ (Ven U Nyana ကို VENERABLE
– ဗင်း- န်ရ်ဘဲလ် ဟုပြောရဖတ်ရသည်။ ရိုသေလေးစားသောအားဖြင့် ဘုန်းကြီးဘွဲ့ရှေ့တွင် ထားရေးကြသည်။
U Khemeinda =ဦးခေမိန္ဒ
Shin Thawbana=ရှင်သောဘဏ
Koyin Zawana=ကိုရင်ဇဝန
Daw Thilasari=ဒေါ်သီလစာရီ
Ma Nyanawadi=မဉာဏဝတီ
Ma Kinsana=မကဉ္စန
Ma Kulawadi=မကုလဝတီ
Daw Nyanasagi=ဒေါ်ဉာဏစာဂီ
