စိတ်ဓာတ်ကျတိုင်း ပြန်ကောက်ပါ

************************
ဖိနပ်မရှိတိုင်း ငိုနေမိရင်
ခြေထောက်မပါတဲ့သူကို သတိရပါ
အလုပ်အဆင်မပြေတိုင်း စိတ်ညစ်မိရင်
ထမင်းငတ်နေသူတွေကို သတိရပါ
လင်မယားနှစ်ယောက်ကြား စကားများရန်ဖြစ်မိရင်
အထီးကျန်နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ
လောကမှာ ငါ ပဲကံဆိုးနေတာလားတွေးမိရင်
ကမ္ဘာပေါ်က ဒုက္ခမျိုးစုံရောက်နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ
ချစ်သူကစွန့်ပစ်သွားလို့ အသည်းကွဲမိရင်
အစွန့်ပစ်ခံခဲ့ရသောမိဘမဲ့ကလေးများ၏ ဝေဒနာကိုခံစားကြည့်ပါ
အလုပ်ပြုတ်သွားလို့ စိတ်ညစ်နေမိရင်
အလုပ်လက်မဲ့ဖြစ်နေသော လူတွေကိုသတိရလိုက်ပါ
စက်ဘီးစီးနေရတဲ့ ဘဝကို စိတ်ဓာတ်ကျမိရင်
လမ်းလျှောက်နေရသူတွေကို သတိထားကြည့်လိုက်ပါ