တစ်ချို့လူတွေက လိမ်နေတယ်။
လိမ်နေမှန်းသိရက်နဲ့
မသိချင်ယောင်ဆောင်လိုက်ရတယ်။
တစ်ချို့လူတွေက အကျင့်ယုတ်ကြတယ်။
အကျင့်ယုတ်မှန်း သိရက်နဲ့
မျက်နှာပျက်မရလို့ သည်းခံနေလိုက်ရတယ်။
တစ်ချို့လူတွေက လေများတယ်။
လေများမှန်းသိရက်နဲ့
မကောင်းတတ်လို့
မျက်စိတစ်ဖတ်ပိတ်နေလိုက်ရတယ်။
တစ်ချို့လူတွေက သိပ်အပြောကောင်းတယ်။
မဟုတ်မှန်းသိရက်နဲ့
နားထောင်ကောင်းကောင်းနဲ့
ကျိတ်ယုံလိုက်ရတယ်။
တစ်ချို့လူတွေက ဟန်ဆောင်ကောင်းတယ်။
ဟန်ဆောင်နေမှန်းသိရက်နဲ့
ကိုယ်ပါမသိချင်ယောင်ဆောင်
ဟန်ဆောင်လိုက်ရတယ်။
လူ့လောကကြီးဟာ
အရမ်းရှုပ်ထွေးပါတယ်။
သိနေပေမယ့်လည်း ...
မသိလိုက်တာက ပိုကောင်းသလို
မြင်နေပေမယ့်လည်း ...
မမြင်ချင်ယောင်ဆောင်လိုက်ရတာက
ပိုပြီးငြိမ်းချမ်းပါတယ်။
အဖြေမထွက်တဲ့အရာတစ်ခုကို
တေါက်ခေါက်ပြီး ထိုင်တွက်ချက်နေလည်း
ဘာမှမထူးလာတာတွေ ရှိတတ်ပါတယ်။
ကိုယ်ပြုပြင်လို့မရမယ့်အတူတူ
တစ်ခါတစ်လေ မျက်နှာလေးလွှဲနေတာက
ပိုပြီးကောင်းပါတယ်။

