အင်္ဂလိပ်စကားလုံး အတွဲများ

(1) palm = ထန်းပင်
wine = ဝိုင်အရက်
palm wine = ထန်းရည်

(2) bale = ဘေထုပ်
fruit = အသီး
bale fruit = ဥသျှစ်သီး


(3) dragon = နဂါး
fruit = အသီး
dragon fruit = နဂါးမောက်သီး

(4) monkey = မျောက်
business = အလုပ် ကိစ္စ
monkey business = မတော်တရော် ကိစ္စ

(5) best = အကောင်းဆုံးဖြစ်သော
man = လူ ၊ ယောကျ်ားကြီး
best man = သတိုးသားရံ

(6) big = ကြီးသော
stick = တုတ်ချောင်း
big stick = မိမိကိုယ်ကို အရေးပါသူဟု ထင်သူ

(7) under = အောက်မှာ
stand = မတ်တပ်ရပ်သည်
understand = နားလည်သဘောပေါက်သည်

(8) break = ကျိူးပဲ့သည်
fast = မြန်သော
breakfast = နံနက်စာ

(9) drum = ဗုံ
stick = တုတ်ချောင်း
drumstick = ဒန့်သလွန်သီး

(10) pea = ပဲလုံး ၊ ပဲစေ့
cock = ကြက်ဖ
peacock =ဥဒေါင်း



(11) moon = လ
shine = တောက်ပသည်
moonshine = အရက်ပုန်း

(12) jack = ဝန်ချီသည့် ဂျိုက် (ကားဘီးလဲရန်)
fruit = အသီး
jackfruit = ပိန္နဲသီး

(13) sugar = သကြား
cane = ကြိမ်ပင် ၊ ကြိမ်လုံး
sugarcane = ကြံ

(14) butter = ထောပတ်
fly = ယင်ကောင်
butterfly = လိပ်ပြာ

(15) dragon = နဂါး
fly = ယင်ကောင်
dragonfly = ပုဇဉ်း

(16) frog = ဖား
man = လူ ၊ ယောကျ်ားကြီး
frogman = ရေငုပ်သမား

(17) egg = ဥ
plant = အပင်စိုက်သည်
eggplant = ခရမ်းသီး ၊ ခရမ်းပင်

(18) egg = ဥ
head = ဦးခေါင်း
egg-head = စာတွေ့သမား ၊ ပညာတတ်

(19) cow = နွားမ
pea = ပဲလုံး
cow-pea = ပဲလွမ်း

(20) tiger = ကျား
lady = အမျိုးသမီး
tiger-lady = သဇင်ပန်း

(21) fish = ငါး
wife = ဇနီးမယား
fish-wife = ငါးစိမ်းသည်မ

(22) star = ကြယ်
flower = ပန်း
star-flower = ခရေပန်း

(23) shoe = ရှူးဖိနပ်
flower = ပန်း
shoe-flower = ခေါင်ရမ်းပန်း

(24) lady = အမျိုးသမီး
killer = သတ်ဖြတ်သူ
lady-killer = ပွေသူ ၊ အိုင်တွေ့တိုင်း ခြေဆေးသူ

(25) ant = ပုရွက်ဆိတ်
lion = ခြင်္သေ့
ant-lion = (အင်းဆက်ပိုး) ဖုတ်ကောင်

(26) sea = ပင်လယ်
lion = ခြင်္သေ့
sea-lion = ပင်လယ်ဖျံ

(27) sugar = သကြား
apple = ပန်းသီး
sugar-apple = သြဇာသီး

(28) palm = ထန်းပင်
sugar = သကြား
palm-sugar = ထန်းလျက်

(29) chicken = ကြက် ၊ ကြက်သား
run = ပြေးသည်
chicken-run = ကြက်ခြံ

(30) sweetsop = သြဇာသီး
custard apple = သြဇာသီး
sugar-apple = သြဇာသီး