၃၈ - ဖြာ မင်္ဂလာတရားတော်
၁ . လူဆိုး လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း (Not to associate with fools.)
၂. ပညာရှိ လူလိမ္မာကို မှီဝဲပေါင်းသင်းခြင်း (To associate with wise.)
၃. ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း (To honour those-worthy of honour.)
၄. သင့်လျော်သောအရပ်တွင် နေခြင်း (To live in suitable region.)
၅. ရှေးကပြုဖူးခဲ့သော ကောင်းမှု အထူးရှိခြင်း (To have accumulated merits of the past.)
၆. မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း (To be rightly concentrated on oneself.)
၇. အကြား အမြင်များခြင်း (To have immensity of knowledge.)
၈. စက်မှု လက်မှု အတတ်တို့ကို တတ်မြောက်ခြင်း (To acquire skill in sciences.)
၉. လူ့ကျင့်ဝတ်ကို ကောင်းစွာသင်ကြား နားလည်ခြင်း (To be well-trained in displine.)
၁၀. အပြောအဆို ချိုသာယဉ်ကျေးခြင်း (To have pleasant speech.)
၁၁. အမိအဖတို့ကို လုပ်ကျွေးပြုစုခြင်း (To serve one's actions.)
၁၂. ဇနီးနှင့် သားသမီးတို့ကို လုပ်ကျွေးပြုစုခြင်း (To look after one's family.)
၁၃. ရှုပ်ထွေးမှုကင်းလျှက် စနစ်တကျ ကြိုးစားစူးစိုက် လုပ်ကိုင်ခြင်း (To be peaceful in one's action.)
၁၄. စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း (To donate generously.)
၁၅.ကောင်းသော အကျင့်တရားကိုကျင့်ခြင်း (To live the life of Dhamma.)
၁၆. ဆွေမျိုးတို့ကို ထောက်ပံ့ကူညီခြင်း (To help one's relations.)
၁၇. အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း (To abstain from immoral livelihood.)
၁၈. မကောင်းမှုကို စိတ်ဖြင့် ရှောင်ရှားခြင်း (To abstain from evil (mental).)
၁၉. မကောင်းမှုကို ကိုယ် နှုတ်ဖြင့် ရှောင်ရှားခြင်း (To abstain from evil (physical))
၂၀. မူးယစ်သေစာ မသောက်စားခြင်း (To abstain from intoxicants.)
၂၁. ကုသိုလ်တရားတို့ကို မမေ့မလျော့ခြင်း (To practice Dhamma deligently.)
၂၂. ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း (To be respectful.)
၂၃. မိမိကိုယ်ကို နှိမ့်ချခြင်း (To be humble.)
၂၄. တင်းတိမ်ရောင့်ရဲခြင်း (To be content.)
၂၅. သူ့ကျေးဇူးကိုသိခြင်း ( To be grateful.)
၂၆. သင့်လျော်သောအခါ တရားနာခြင်း (To listen Dhamma at appropriate time.)
၂၇. သည်းခံခြင်း (To be tolerant.)
၂၈. ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း (To be obedient.)
၂၉. ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း (To see saintly people.)
၃၀. သင့်လျော်သောအခါတွင် တရားစကား ဆွေးနွေးမေးမြန်းခြင်း (To discuss Dhamma at appropriate times.)
၃၁. ခြိုးခြံသောအကျင့်ကို ကျင့်ခြင်း (To have asectic practices.)
၃၂. မြတ်သောအကျင့်ကို ကျင့်ခြင်း (To observe celibacy.)
၃၃. သစ္စာလေးပါးတရားကို သိမြင်ခြင်း (To observe Noble Truths.)
၃၄. နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း (To realize Nibbana.)
၃၅. လောကဓံတရားနှင့် တွေ့သောအခါ စိတ်မတုန်လှုပ်ခြင်း (To remain equanimous while coming in contact with visicitudes of life.)
၃၆. ပျက်စီးခြင်း . ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါတွင် စိုးရိမ်ပူဆွေးမှု မရှိခြင်း (To remain free from sorrow.)
၃၇. လိုချင်တပ်မက်ခြင်း ၊ ရာဂ စသော မြူအညစ်ကြေး မရှိခြင်း (To remain free from impurity.)
၃၈. စိတ်ကို ပူပန်စေသော ကိလေသာမှ လွတ်ကင်းရာ ဘေးမရှိခြင်း (To remain free from)
-----------------------------------------------------------------------------------------------------------
၁။ အသေဝနာ စ ဗာလာနံ = လူမိုက်တို့နှင့်မပေါင်းသင်း မဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
1. Asevanaca balanam; Not to associate with the foolish is the highest blessing.
၂။ ပဏ္ဍိတာနဥ္စ သေဝနံ ပညာရှိသူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းသင်းဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
2. Panditananca sevana; To associate only with the wise is the highest blessing.
၃။ ပူဇာ စ ပူဇနေယျာနံ = ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
3. Pujaca Pujaneyyanam; To honour those who are worthly of honour is the highest blessing.
၄။ ပတိရူပဒေသဝါသော စ= သင့်လျှော်လျှောက်ပတ်သောအရပ်ဒေသမှာ နေထိုင်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
4. Patirupadesavaso ca; To dwell in a suitable locality is the
highest blessing.
၅။ ပုဗ္ဗေ စ ကတပုညတာ =ရှေ့အခါက ကြိုတင်ကောင်းမှုပြုလုပ်ထားပြီးခြင်းသည် မြင့်မြတ်သောမင်္ဂလာတစ်ပါးဖြစ်သည်။
5. Pubbe ca Katapunnata; To have done meritorious deeds in the past is the highest blessing.
၆။ အတ္တသမ္မာပဏိဓိ စ= မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းဆောက်တည်နိုင်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
6. Attasamma panidhi ca; To set one self in the right course is the highest blessing.
၇။ ဗာဟုသစ္စဥ္စ = များပြားကျယ်ပြန့်နှံ့စပ်သောလောကီ လောကုတ္တရာ အထွေထွေဗဟုသုတရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
7. Bahusaccanca; To have a wide general knowledge in mundane and supramundane level is the highest blessing.
၈။ သိပ္ပဥ္စ = နည်းပညာနှင့် လက်မှုပညာတတ်ကျွမ်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
8. Sippanca; Being skillful in the technology and handicrafts is the highest blessing.
၉။ ဝိနယော စ သုသိက္ခိတော=လူဝတ်ကြောင် နှင့် ရဟန်းသံဃာများအတွက် မြတ်ဗုဒ္ဓက ချမှတ်ပညတ်ထားသော ကျင့်ဝတ်သိက္ခာများကို သင်ယူခြင်း လိုက်နာကျင့်ကြံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
9. Vinayo ca susikkhito; Learning and abiding by the rules of conduct and disciplines laid down by the Buddha for lay devotees and monks is the highest blessing.
၁၀။ သုဘာသိတာ စ ယာ ဝါစာ =မှန်ကန်သော သာယာနာပျော်ဖွယ်ကောင်းသော အများအကျိုးရှိသော စကားကို ပြောဆိုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
10. Subhasita ca yavaca; Speaking what is true, pleasant and beneficial to other is the highest blessing.
၁၁။ မာတာပိတုဥပဋ္ဌာနံ = မိဘနှစ်ပါးကို နီးနီးကပ်ကပ် ပြုစုလုပ်ကျွေးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
11. Matapitu upalthanam; To attend closely to one’s parents is the highest blessing.
၁၂။ ပုတ္တဒါရဿ သင်္ဂဟော = ဇနီးမယား သမီးသားတို့ကို ကျွေးမွေးပြုစု ယုယခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
12. Puttadarassa Sangaho; To take care of one’s wife and children is a noble blessing.
၁၃။ အနကုလာ စ ကမ္မန္တာ = သင့်လျှော်လျှောက်ပတ်သောအချိန် သင့်လျှော်လျှောက်ပတ်သော အခြေအနေမှာ အပြစ်ကင်းသောအလုပ်ကို ပြုလုပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
13. Anakulaca Kammanta; To perform a faultless work at a proper time and under proper Circumstances is a noble blessing.
၁၄။ ဒါနဥ္စ =ဒါနကောင်းမှု ပြုလုပ်ခြင်းသည် ( ပေးကမ်းလှူဒါန်းခြင်းသည်) မင်္ဂလာတစ်ပါးဖြစ်ပါသည်။
14. Dananca; Performing acts of charity is the highest blessing.
၁၅။ ဓမ္မစရိယာ စ= ကုသိုလ်ကောင်းမှု ဆယ်မျိုးကို ပြုလုပ်လျက် ရိုးသားဖြောင့်မှန်စွာ နေထိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
15. Dhammacariya ca; To live righteously performing the ten kinds of meritorious deeds is a noble blessing.
၁၆။ ဉာတကာနဥ္စ သင်္ဂဟော =ဆွေမျိုးတွေကို ချီးမြှောက်ထောက်ပံ့ခြင်းသည် မင်္ဂလာတစ်ပါးထြစ်ပါသည်။
16. Natakananca Sangaho; To support one’s paternal relatives is a noble blessing.
၁၇။ အနဝဇ္ဇာနိ ကမ္မာနိ= မိမိအကျိုး သူများအကျိုး ရွယ်သယ်ပိုးခြင်းနဲ့စပ်၍ အပြစ်တင် ကဲ့ရိဖွယ်မရှိသော အလုပ်ကို လုပ်ဆောင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
17. Anavajjani Kammani; To perform a blameless action associated with the welfare of oneself and other is a noble blessing.
၁၈။ အာရတီ ပါပါ= မကောင်းမှု ဒုစရိုက်၏မကောင်းသောအကျိုးဆက်များကို ကောင်းစွာသိလျက် မကောင်းမှုအားလုံးမှ ရှောင်ကြဉ်ရန် စိတ်ပိုင်းဖြတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
18. Arati pa pa; To resolve mentally to refrain from committing all evils, knowing well the evil consequences of evil conduct is a noble blessing.
၁၉။ ဝိရတီ ပါပါ= ကာယဒုစ္စရိုက် သုံးပါး ၀စီဒုစရိုက် လေးပါးတို့မှ လက်တွေ့ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
19. Virati pa pa; To refrain from committing three bodily evil deeds and four verbal evil deeds is a noble blessing.
၂၀။ မဇ္ဇပါနာ စ သံယမော = မည်သည့်အရက်သေစာ မူးယစ်ဆေးမျိုးကိုမဆို ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
20. Majjapanaca Samyamo; To abstain from any intoxicating drink or drug is a noble blessing.
၂၁။ အပ္ပမာဒေါ စ ဓမ္မေသု = ကောင်းမှုကုသိုလ် ပြုလုပ်ဖို့ မမေ့လျော့ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
21. Appamado ca dhammesu; Not to be negligent in doing good deeds is a noble blessing.
၂၂။ ဂါရဝေါ စ= ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
22. Garavo ca; To pay respect to those who are worthy of respect is a noble blessing.
၂၃။ နိဝါတော စ = မာန်မာန မထားဘဲ မိမိကိုယ်ကို နှိမ်ချပြီး ရိုးသားဖြောင့်မတ်စွာ နေထိုင်ခြင်းသည် မင်္ဂလာဖြစ်ပါသည်။
23. Nivatoca; To be humble and modest without pride and conceit is a noble blessing.
၂၄။ သန္တုဋ္ဌိ စ= ရိုးရိုးသားသားနဲ့ မှန်မှန် ဆက်လက်အစွမ်းကုန်ကြိုးစားရမည်ဖြစ်သော် မိမိလက်ရှိပိုင်ဆိုင်ထားတာနဲ့ တင်းတိမ်ရောင့်ရဲနိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
24. Santutthi ca : To be contented with whatever one possesses presently, although one must strive and work hard honestly and steadily is a noble blessing.
၂၅။ ကတညုတ= သူများပြုဖူးတဲ့ကျေးဇူးတရားကို အသိအမှတ်ပြုပြီး ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
25. Katannuta : To acknowledge other’s gratitude and repay one’s debt of gratitude a noble blessing.
၂၆။ ကာလေန ဓမ္မဿ ၀နံ = ပစ္စုပ္ပန်ဘဝမှာရော နောင်ဘဝမှာပါ ကောင်းကျိုးချမ်းသာကို ပေးစွမ်းနိုင်သောတရားဓမ္မကို နာကြားခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
26. Kalena dhamma savanam : To listen to the dhamma which can lead one to prosperity in the present life as well as in future lives is a noble blessing.
၂၇။ ခန္တိ စ= ရန်ငြိုးအာဃာတမထားဘဲ သူတပါးတို့ ရန်စစော်ကားမှုကို ခွင့်လွတ်ပြီး သည်းခံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
27. Khantica : To forgive the insult caused by other and be patient without bearing a grudge is a noble blessing.
၂၈။ သောဝစဿတာ= လူကြီး သူမနဲ့ပညာရှိပုဂ္ဂိုလ်များ ပေးသောအကြံဉာဏ်သြဝါဒတွေကို နာခံလွယ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
28. Sovacassata : To obey readily the advice given by elders and learned persons is a noble blessing.
၂၉။ သမဏာနဥ္စ ဒဿနံ = စင်ကြယ်သောစိတ်၊ စင်ကြယ်ကြောင်းအကျင့်ကို ကျင်သုံးနေသော ရဟန်း သူတော်စင်ပုဂ္ဂိုလ်များကို ဖူးမြင်ရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
29.Samanananca dassanam : To see noble persons who have purified or are trying to purify their minds is a noble blessing.
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်လျှော်လျှောက်ပတ်သောအချိန်မှာ ပညာရှိပုဂ္ဂိုလ်တိုနှင့် တရားအကြောင်းဆွေးနွေးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
30. Kalena dhammasakaccha : Discussion of the dhamma with learned persons at the proper time is a noble blessing.
၃၁။ တပေါ စ= ကိလေသာအားလုံး ခန်းခြောက်စေရန် ဣန္ဒြေကို ထိန်းချုပ်လျက် ခြိုးခြံသောအကျင့်ကို ကျင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
31. Tapo ca : To practise austerity by controlling one’s sense faculties in order to scorch all defilements is a noble blessing.
၃၂။ ဗြဟ္မစရိယာ စ= သစ္စာလေးပါးမြတ်တရားကို ထိုးထွင်းသိမြင်ခြင်းအကျိုးငှာ မြတ်မြတ်သောအကျင့်ကို ကျင့်သုံးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
32. Brahmacariyanca : To undertake the noble practice in order to realize the four noble truths is a noble blessing.
၃၃။ အရိယသစ္စာန ဒဿနံ = တဆင့်ချင်း မဂ်စိတ်လေးပါးဖြင့် သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
33. Ariyasaccana dassanam : To realize the four Noble Truths with four Path- consciousnesses stage by stage is a noble blessing.
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ စ= နိဗ္ဗာန်ကို မျက်မှောက်ပြု၍ သန္တိသုခဖြစ်သော အမြင့်ဆုံးချမ်းသာကို ခံစားခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
34. Nibbana sacchikiriya ca : To realize Nibbana and enjoy the highest bliss is a noble blessing.
၃၅။ ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ= လောကဓံ ရှစ်ပါးနဲ့ ကြုံတွေ့ရသော်လည်း မတုန်လှုပ်သောစိတ်နဲ့ ခိုင်မြဲတည်တံ့စွာရပ်တည်နိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
35. Phuthssa Lokadhammehi Cittam yassa na Kampati : To stand steadfastly with an unshaken mind associated with eight worldly condition is a noble blessing.
ဒီလောကဓံ တရား ရှစ်ပါး
(၁) လာဘ … ပစ္စည်းဥစ္စာရခြင်း
(၂) အလာဘ.. ပစ္စည်း ဥစ္စာမရခြင်း
(၃) ယသ … အခြွေအရံပေါများခြင်း
(၄)အယသ . .အခြွေအရံမရှိခြင်း
(၅)နိန္ဒာ… အကဲ့အရဲ့ခံခြင်း
(၆) ပသံသာ.. အချီးမွမ်းခံရခြင်း
(၇) သုခံ.. ချမ်းသာခြင်း
(၈) ဒုက္ခံ ……. ဆင်းရဲခြင်း ။
The eight worldly condition are;
(1) Labha ….= Gain
(2)Alabha…..= Loss
(3)Yassa..,,,,.= Fame
(4) Ayassa….= Dishonour
(5) Ninda……= Blame
(6) Pasansa…= Praise
(7) Sukha……= Well being
(8) Dukkha…= Misery.
၃၆။ အသောကံ= စိုးရိမ်သောက မှန်သမျှ ကင်းပခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
36. Asokam. : To be free from all worries is a noble blessing.
၃၇။ ဝိရဇံ= ကိလေသာမြူ မှန်သမျှ မှ လွတ်ကင်းသောစိတ်ရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
37. Virajam : To have a mind free from the dust of all defilements is a noble blessing.
၃၈။ ခေမံ = ကိလေသာရန်မှန်သမျှ လွတ်မြောက်သော စိတ်ရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
38. Khemam : To possess a peaceful mind free from all dangers of defilements is a noble blessing.
-------------------------------------------------------
မြတ်ဗုဒ္ဓလက်ထက်တော်က ချမ်းသာမှုကို လိုချင်နှစ်သက်ကြတဲ့ လူတွေဟာ ကြီးပွားချမ်းသာစေမယ့် နည်းလမ်းအမျိုးမျိုးကို လေ့လာကြံစည်ခဲ့ကြပါတယ်။ ဒါပေမယ့် နည်းလမ်းအမှန်ကို မသိတော့ မြတ်ဗုဒ္ဓကို မေးမြန်းခဲ့ကြပါတယ်။ မြတ်ဗုဒ္ဓသည် အလုံးစုံသော သတ္တဝါတို့အတွက် ကြီးပွားချမ်းသာခြင်းသာမက၊ မကောင်းမှုတွေကို ဖျက်စီးပယ်ဖျောက်ပေးနိုင်တဲ့ မင်္ဂလသုတ်ကို ဟောကြားခဲ့ပါတယ်။
ဒီနေရာမှာ မြတ်ဗုဒ္ဓသည် ပါးစပ်မှနှုတ်တိုက် ရွတ်ဆိုခြင်းကို အားမပေးဘဲ တကယ်လက်တွေ့လိုက်နာ ကျင့်သုံး စေလိုတဲ့ မြတ်ဗုဒ္ဓရဲ့ စေတနာကို နားလည်ဖို့လိုပါလိမ့်မယ်။ လူတွေဟာ အကျိုးကျေးဇူးတစ်ခုရရှိဖို့ရန် ဘယ်သူ့ကိုမှ အားကိုးလို့မရဘဲ မိမိကိုယ်တိုင် ကြိုးစားအားထုတ်ဖို့လိုကြောင်း “အတ္တာဟိ အတ္တနော နာထော” ဟုဟောကြားခဲ့သည်ကို မိတ်ဆွေတို့သိရှိပြီးဖြစ်မှာပါ။ ဒါကြောင့် ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး ချမ်းသာမှုကိုရယူနိုင်ဖို့အတွက် မြတ်ဗုဒ္ဓဟာ အကြောင်းအချင်းအရာ (၃၈) ချက်ကို ဟောပြောခဲ့ပါတယ်။ ၁။ လူမိုက်တို့နှင့် မပေါင်းသင်းခြင်း။ (အသေ၀နာ စ ဗာလာနံ)
၂။ ပညာရှိကို ဆည်းကပ်ခြင်း။ (ပဏ္ဍိတာနဉ္စ သေ၀နာ)
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။ (ပူဇာ စ ပူဇနေယျာနံ)
၄။ မိမိနှင့် သင့်တင့်လျောက်ပတ်သော အရပ်၌ နေခြင်း။ (ပတိရူပ ဒေသဝါသော စ)
၅။ ရှေးကပြုခဲ့ဖူးသော ကောင်းမှုများ ရှိခြင်း။ (ပုဗ္ဗေ စ ကတပုညတာ)
၆။ မိမိကိုယ်ကို မပျက်စီး၊ မယိုင်လဲ၊ မဖောက်ပြန်အောင် ကောင်းစွာ စောင့်ထိန်းခြင်း။ (အတ်တသမ်မာ ပဏိဓိ စ)
၇။ ဗဟုသုတကြွယ်ဝခြင်း။ (ဗာဟုသစ္စဉ္စ)
၈။ လက်မှု၊ စက်မှုပညာစသည့် အတတ်ပညာများကို တတ်မြောက်ခြင်း။ (သိပဉ္စ)
၉။ စည်းကမ်းနှင့် ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာခြင်း။ (ဝိနယော စ သုသိက္ခိတော)
၁၀။ ချိုသာစွာ စကားပြောဆိုခြင်း။ (သုဘာသိတာ စ ယာဝါစာ)
၁၁။ အမိ၊ အဖ တို့ကို ကောင်းစွာ ကျွေးမွေး၊ စောင့်ရှောက်ခြင်း။ (မာတာပိတု ဥပဋ္ဌာနံ)
၁၂။ သား၊ မယားကို ကောင်းစွာ ကျွေးမွေး၊ စောင့်ရှောက်ခြင်း။ (ပုတ္တဒါရဿ သင်္ဂဟော)
၁၃။ တိကျသေချာပြီး စေ့စပ်အောင် အလုပ်လုပ်ခြင်း။ (အနာကုလာစ ကမ်မန်တာ)
၁၄။ ပေးကမ်း လှူဒါန်းခြင်း။ (ဒါနဉ္စ)
၁၅။ ကောင်းမြတ်သော အကျင့်တို့ကို ကျင့်ကြံခြင်း။ (ဓမ်မ စရိယာစ)
၁၆။ ဆွေမျိုးအသိုင်းအဝိုင်းတို့ကို ချီးမြှောက် ထောက်ပံ့ခြင်း။ (ဉာတကာနဉ္စ သင်္ဂဟော)
၁၇။ မည်သူ့ကိုမျှမထိခိုက်သော ကောင်းမှုကို ပြုခြင်း။ (ဥပမာ − တံတားခင်း၊ လမ်းဖောက်၊ ရေအိုးလှူခြင်း…) (အန၀ဇ္ဇာနိ ကမ္မာနိ)
၁၈။ မကောင်းမှုကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း ရှောင်ကြဉ်ခြင်း။ (အာရတီ (ပါပါ))
၁၉။ မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း။ (ဝိရတီ (ပါပါ))
၂၀။ သေရည် သေရက် သောက်စားခြင်းမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။ (မဇ္ဇပါနာ စ သံယမော)
၂၁။ ကောင်းမြတ်သောတရားတို့ကိုမမေ့လျော့ခြင်း။ (အပ္ပမာဒေါ စ ဓမ္မေ သု)
၂၂။ ရိုသေ ထိုက်သူကို ရိုသေခြင်း။ (ဂါရဝေါ စ)
၂၃။ မိမိကိုယ်ကို နှိမ့်ချခြင်း (နိဝါတော စ)
၂၄။ လောဘ အလိုသို့ မလိုက်ဘဲ တင်းတိမ်ရောင့်ရဲခြင်း။ (ဥပမာ−ကြက်သားဟင်းစားချင်တာကို ကြက်ဥကျွေးလို့ ငြူစူတာ မတင်းတိမ်တာ။ ကြက်သားမစားရဘူးလု့မပြောဘူး၊ ကြက်ဥရှိလို့ ကြက်ဥပဲစားရင် တင်းတိမ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါကြောင့် လောဘအလိုသို့မလိုက်ဘဲဟု ဖော်ပြထားခြင်းဖြစ်ပါတယ်။) (သန္တုဋ္ဌီ စ)
၂၅။ ကျေးဇူးသိတတ်ခြင်း။ (ကတညု တာ)
၂၆။ အခွင့်အခါသင့်တိုင်း ကောင်းမြတ်သောတရားနာခြင်း။ (ကာလနေ ဓမ္မဿ ၀နံ)
၂၇။ သည်းခံခြင်း။ (ခန္တီ)
၂၈။ ဆုံးမလွယ်ခြင်း။ (ဥပမာ− မှားနေတာကိုမှားနေတယ်လို့ထောက်ပြရင် လက်ခံပြီး ပြင်ဆင်တာမျိုး) (သောဝစဿ တာ)။
၂၉။ ရဟန်းတော်များကို ဖူးရခြင်း။ (သမဏာနဉ္စ ဒဿ နံ)
၃၀။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း။ (ကာလနေ ဓမ်မ သာကစ်ဆာ)
၃၁။ ခြိုးခြံစွာ ကျင့်သုံးနေထိုင်ခြင်း။ (*ကပ်စေနည်းတာကိုဆိုလိုတာမဟုတ်ဘဲ သူနေ့ရာမဲ့သူ၊ သူ့အိုးနဲ့သူ့ဆန် တန်အောင်နေထိုင်တာမျိုး) (တပေါ စ)
၃၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း။ (ဗြဟ္မ စရိယဉ္စ)
၃၃။ သစ္စာလေးပါး တရားတို့ကို သိမြင်ခြင်း။ (အရိယ သစ္စာန ဒဿနံ)
၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။ (နိဗ်ဗာန သစ်ဆိကိရိယာ စ)
၃၅။ လောကဓံတရား ၈-ပါးကို ကြုံတွေ့သောအခါ မတုန်လှုပ်ခြင်း။ (ဖုဋ္ဌဿ လောကဓမ္မေ ဟိ စိတ္တံ)
၃၆။ ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခ ဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်း။ (အသောကံ)
၃၇။ အလိုရမ္မက် (လိုချင်တပ်မက်မှုတဏှာ) ကင်းခြင်း။ (ဝိရဇံ)
၃၈။ ကိလေသာမှ ကင်းလွတ်ငြိမ်းအေးခြင်း။ (ခေမံ)
-----------------------------------------------------------------------------
မင်္ဂလသုတ်ပါဠိတော်
၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ၊ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။
၂။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။ သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ပဏာမ ဟေ။
၃။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ၊ ဝိဟရတိ ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ။ အထခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ ဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ၊ တေနုပသင်္ကမိ။ ဥပသင်္ကမိတွာ ဘဂဝန္တံ - အဘိဝါဒေတွာ။ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
၄။ ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တ ယုံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
၅။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၆။ ပတိရူပ ဒေသဝါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ ဗာဟုသစ္စ ဉ္စ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော။ သုဘာသိတာ စ ယာ ဝါစာ။ ဧတံ မင်္ဂလ မုတ္တမံ။
၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။ အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၀။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၂။ ခန္တီစ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ၊ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၃။ တပေါ စဗြဟ္မစရိယဉ္စ အရိယာသစ္စာန ဒဿနံ၊ နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ။
မင်္ဂလသုတ်မြန်မာပြန်
၁။ မည်သည့်တရားသည် မင်္ဂလာတရားနည်း ဟူ၍ လူနှင့်နတ်တို့သည် တစ်ဆယ့်နှစ်နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော မင်္ဂလာတရားပေါင်း(၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။
၂။ လူတစ်ယောက်စီတစ်ယောက်စီထက်လည်းကောင်း ၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်လည်းကောင်း ၊ နတ်တစ်ပါးစီ တစ်ပါးစီထက်လည်းကောင်း ၊ နတ်အားလုံးထက် လည်းကောင်း၊ သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရူလျက် မင်္ဂလာတရား ၃၈-ပါးကို ထုတ်ဖော် ဟောကြားတော်မူခဲ့၏ ။ မင်္ဂလာတရားသည် လူမှုဒုစရိုက် တရားကို ပယ်ဖျောက်တတ်၏ ။ ယခုအခါ သူတော်ကောင်းအပေါင်းတို့နှင့်ကျွန်ုပ်တို့သည် ထိုမင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကြပါကုန်စို့ ။
၃။ ပထမသံဂါယနာပွဲတော်ကြီး၏ ဥက္ကဋ္ဌ ဖြစ်တော်မူသော မဟာကဿပအရှင်ဘုရား - ဤမင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော်မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤသို့ကြားနာ လိုက်ရပါ၏ ၊ မှတ်သားလိုက်ရပါ၏ ၊ ဆောင်ထားလိုက်ရပါ၏။ -အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေပါသည်။ ဇေတဝန်ကျောင်းသည် အနာထပိဏ်သူဋ္ဌေးကြီးဆောက်လုပ် လှူဒါန်းထားသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းသော ကျောင်းတော်ကြီးဖြစ်ပါသည်။ တညသ၌ ညဉ့်ဦးယံလွန်၍ သန်းခေါင်ယံအရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော နတ်သားတစ်ပါး ရောက်လာပါသည်။ သူသည် အလွန်နှစ်လိုဖွယ် ရုပ်အဆင်းရှိပါသည်။ ဇေတဝန်ကျောင်းတိုက် တစ်လုံးကိုလည်း သူ၏ကိုယ်မှ အရောင်အဝါဖြင့် ထွန်းလင်းစေပါသည်။ -ယင်းသို့ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင်ရှိရာသို့ ချဉ်းကပ်လာပါသည်။ မြတ်စွာဘုရားကို အလွန်ရိုသေ လေးမြတ်စွာရှိခိုးပါသည်။ ရှိခိုးပြီးနောက် တင့်အပ်လျှောက်ပတ်သောနေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်...
၄။ ဘုန်းတော်ကြီးမြတ်လှသောမြတ်စွာဘုရား - နတ်အပေါင်းတို့သည်လည်းကောင်း ၊ လူအပေါင်းတို့သည်လည်းကောင်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည် ၊ တောင့်တကြသည်ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော်ဖြစ်သလဲဟူ၍ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြပါသည်ဘုရား။ ယင်းသို့ ကြံစည်တွေးဆကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှတွေးကြံ၍ မသိနိုင်ကြပါဘုရား။ သို့အတွက်ကြောင့် မင်္ဂလာတရားဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။
၅။ အို... နတ်သား ... သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း ၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊ ဤတရား သုံးပါးကို မြတ်သောမင်္ဂလာဟူ၍သင်မှတ်သားလော့။
၆။ အို....နတ်သား တင့်အပ်လျောက်ပတ်သော အရပ်ဒေသ၌နေခြင်း ၊ ရှေးဘဝကပြုခဲ့ဖူးသောကောင်းမှုရှိခြင်း၊ မိမိကိုယ်ကိုကောင်းစွာထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၇။ အို....နတ်သား အကြားအမြင် ဗဟုသုတရှိခြင်း ၊ စက်မှုလက်မှုစသော သိပ္ပံပညာတတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးယဉ်ကျေးအောင်ဆုံးမတတ်သည့်ဝိနည်းတရားကိုကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၈။ အို....နတ်သား.... အမိအဘကို လုပ်ကျွေးမွေးမြူခြင်း ၊ သားမယားကို ထောက်ပံ့ပေးကမ်းချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်အောင် အလုပ်မျိုးကိုလုပ်ခြင်း ၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၉။ အို....နတ်သား... အလှူပေးခြင်း ၊ မြတ်သောအကျင့်ကို ကျင့်ခြင်း ၊ ဆွေမျိုးတို့အားထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသောအလုပ်ကိုလုပ်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၀။ အို....နတ်သား.... မကောင်းမူဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း ၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် ၊ မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့်ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ဆောင်ရွက်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၁။ အို....နတ်သား .... ရိုသေထိုက်သူကို ရိုသေခြင်း ၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ့်ချခြင်း ၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း ၊ သူတစ်ပါး မိမိအပေါ်ပြုဖူးသောကျေးဇူးကို သိတတ်ခြင်း ၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း ၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၂။ အို....နတ်သား..... သည်းခံတတ်ခြင်း ၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း ၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း ၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင်မှတ်သားဦးလော့။
၁၃။ အို....နတ်သား.... ခြိုးခြံစွာကျင့်ခြင်း ၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၄။ အို....နတ်သား .... လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာအရှင်သူမြတ်၏ စိတ်သည် မတုန်မလှုပ် ၊ မစိုးမရိမ် ၊ ရမ္မက်ကင်း၏ ၊ ဘေးကင်း၏ ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၅။ အို....နတ်သား.... ဤကဲသို့သော ၃၈-ပါး မင်္ဂလာတရားကို လက်တွေ့လိုက်နာ ကျင့်ကြံပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌ နေနေ မိမိအား ရန်သူတို့က မအောင်နိုင် ၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏ ထို ၃၈-ပါးသော တရားသည်သာလျှင် လူတကာ နတ်တကာတို့အတွက် မြတ်သော မင်္ဂလာဖြစ်ကြောင်း သင်မှတ်သားလေလော့။