မြန်မာနိုင်ငံ၏မြစ်များ
ကုလားတန်မြစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဒေသရှိ ရေဆင်းများမှတဆင့် ကုလားတန်မြစ်စီးဆင်းလာပြီး၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၏ ကျဉ်းမြောင်း သည့် လျှိုမြောင်တောင်တန်းများကို ဖြတ်သန်းစီးဆင်းလာကာ အရှည် ကီလိုမီတာ ၃၅၀ မျှ စီးဆင်းလာပြီးနောက် ရခိုင် ပြည်နယ် စစ်တွေမြို့အနီးတွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်ပါသည်။ မြစ်၏အောက်ပိုင်းတွင် ကျယ်ဝန်းသည့် မြေဆီသြဇာကြွယ်ဝသော မြစ်ဝှမ်းလွင်ပြင်အဖြစ် ပေါ်ထွန်းလာပြီး ၁၁၀ ကီလိုမီတာအထိ ကျယ်ဝန်းပါသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်ပိုင်းမှသည် စစ်တွေမြို့အထိ စတုရန်းကီလိုမီတာ ၃,၆၄၀ ကျယ်ဝန်းသည့် မြစ်ဝှမ်းလွင်ပြင်ကို ဖြစ် ပေါ်စေပါသည်။ လူသူမထိတွေ့ရသေးသည့် သစ်တောရိုင်းများနှင့် ရှားပါးတိရိစ္ဆာန်များ မြစ်အထက်ပိုင်းဒေသတလျှောက် တွင် နေထိုင်ကြပြီး၊ တိုင်းရင်းသားလူမျိုးများသည်လည်း ဤမြစ်ကို မှီတင်း၍ သက်မွေးနေထိုင်နေကြပါသည်။ မြစ်ကြောင်း တလျှောက်ရှိ မြို့များတွင် လူဦးရေ စုစုပေါင်းတသန်းခန့်အထိ နေထိုင်ကြသည်ဟု ခန့်မှန်းရပါသည်။
စစ်တောင်းမြစ်
{highslide type="img" url="rivers/sittaung-burmese.gif" width=200 display=none}

စစ်တောင်းမြစ်သည် ရှမ်းကုန်းမြေမြင့် အစွန်းမှ မြစ်ဖျားခံစီးဆင်းလာပြီး တောင်ဖက်သို့ ၂၆၀ မိုင် (၄၂၀ ကီလိုမီတာ) အရှည် စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အတွင်းသို့ မုတ္တမပင်လယ်ကွေ့၌ စီးဆင်းပေါင်းစပ်သွားပါသည်။ စစ်တောင်းမြစ်၏ မြစ်ဝှမ်းလွင်ပြင်သည် ကျယ်ပြန့်ပြောလှပြီး အနောက်ဖက်တွင် သစ်တောများထူထပ်စွာရှိသည့် ပဲခူးရိုးမမှသည် အရှေ့ဖက် တွင် ရှမ်းကုန်းမြေမြင့် အစပ်အထိ ကျယ်ဝန်းပါသည်။ ဤမြစ်ဝှမ်းလွင်ပြင်ဒေသတွင် ရန်ကုန်-မန္တလေးဆက်သွယ်ထားသည့် ပင်မရထားလမ်း၊ ကားလမ်းများ တည်ရှိနေကြပြီး၊ မြို့ကြီးများဖြစ်သည့် ပဲခူး၊ တောင်ငူ၊ ရမည်းသင်း၊ ပျဉ်းမနား စသည့်မြို့ကြီး များ တည်ရှိနေပါသည်။ စစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တနှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး၊ မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တနှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်ပါသည်။ စစ်တောင်းမြစ်ကို သစ် များ (အထူးသဖြင့် ကျွန်းသစ်) များ ဖောင်မျှောရန်၊ တောင်ပိုင်းတွင် နိုင်ငံရပ်ခြားကုန်သွယ်ရန်အတွက် အသုံးပြုနိုင်ကြပါ သည်။ စစ်တောင်းမြစ်၏ အောက်ပိုင်းတွင် ပဲခူးမြစ်နှင့် တူးမြောင်းဖောက် ဆက်သွယ်ထားပါသည်။ ဤတူးမြောင်းအားဖြင့် စစ်တောင်းမြစ်ဝသို့ ရောက်လာသည့် ဒီရေကို လွှဲပြောင်းနိုင်ရန် တည်ဆောက်ထားပြီး၊ ဤတူးမြောင်းအားဖြင့် ရန်ကုန်မှ သည် ပဲခူးမြို့အထိ ရေလမ်းအားဖြင့် ဆက်သွယ်နိုင်အောင် ဆောင်ရွက်ထားပါသည်။ ပေါင်းလောင်းမြစ်သည် စစ်တောင်း မြစ်အတွင်းသို့ စီးဝင်သည့် ရေဝင် မြစ်လက်တက်တခု ဖြစ်ပါသည်။
မဲခေါင်မြစ်
အရှည် ၄,၈၀၀ ကီလိုမီတာ ရှိသည့် မဲခေါင်မြစ်သည် အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းလာပါသည်။ ဤမြစ်သည် ဒေသအတွင်းရှိ အရှည်လျားဆုံး မြစ်တစင်းဖြစ်ပြီး၊ ၎င်းမြစ်ဖျားခံရာတိဘက် ဒေသမှ ဗီယက်နမ် မြစ်ဝှမ်းဒေသများအထိ လွှမ်းခြုံမှု ရှိပါသည်။ လူသန်းပေါင်း ၆၀ ခန့်သည် မဲခေါင်မြစ်နှင့် ၎င်း၏ မြစ် လက်တက်များကို မှီ၍ အစားအသောက်၊ ရေနှင့် သယ်ယူပို့ဆောင်ရေး ကိစ္စများအတွက် မြစ်ကို အသုံးပြုနေကြရပါသည်။ ထို့အပြင် မြစ်ကိုမှီ၍ နေ့စဉ် သက်မွေးဝမ်းကြောင်း ကိစ္စအများကို ဆောင်ရွက်နေကြရပြီး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာအရလည်း အထူး အရေးပါသည့် မြစ်ဖြစ်ပါသည်။ ထို့အပြင် မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် မျိုးစိတ်အကွဲပြားဆုံး ငါးများရရှိစေပြီး တံငါ လုပ်ငန်းကိုလည်း အထောက်အကူပြုပါသည်။ ဘရာဇီးနိုင်ငံရှိ အမေဇုံမြစ်ပြီးလျှင် မဲခေါင်မြစ်သည် ငါးမျိုးစိတ် အစုံလင်ဆုံး သော မြစ်တစင်း ဖြစ်ပါသည်။
{highslide type="img" url="rivers/mekong-burmese.gif" width=200 display=none}

{/highslide}
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြားတွင် မဲခေါင်မြစ်က နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည် ဖြတ် သန်း စီးဆင်းသွားပါသည်။ ဤဒေသတွင် "ရွှေတြိဂံဒေသ" လည်း အပါအဝင်ဖြစ်ပြီး မြန်မာ-ထိုင်း- လာအို ၃-နိုင်ငံ ပေါင်း ဆုံရာ ဒေသ ဖြစ်ပါသည်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုကြောင့် လူသိများလှသည့် ဒေသလည်း ဖြစ်သည်။ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏ တောင်တန်းများပေါ်၌ ဌာနေတိုင်းရင်းသား ၂၂,၀၀၀ ခန့် မှီတင်းနေထိုင် လျှက် ရှိပါသည်။ ဤနေရာများမှာ ဝေးလံခေါင်သီလှပြီး အခါ၊ ရှမ်း၊ လားဟူ၊ လွယ်လ (ဆမ်တောင်)၊ တရုတ်နှင့် အင်း တိုင်းရင်းသားများ နေထိုင်လျှက် ရှိသည်။
မဲခေါင်မြစ်သည် တရုတ်လူမျိုးများကဲ့သို့ပင်၊ လားဟူလူမျိုးများအတွက်လည်း အထူးအရေးပါလှပါသည်။ သူတို့က မဲခေါင် မြစ်ကို လန်ကန်း (Lancang) ဟု ခေါ်ကြပါသည်။ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူလူမျိုးများသည် ဤမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရှိ ကြပါသည်။
ချင်းတွင်းမြစ်
ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်အတွင်း စီးဝင်သည့် အကြီးဆုံးရေဝေမြစ် ဖြစ်ပြီး၊ ၁,၂၀၇ ကီလိုမီတာ ရှည်လျားပါသည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်ရှိ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဗြဲ၊ တဝမ်၊ တရွန်မြစ်များ စုဆုံ၍ ချင်းတွင်းမြစ် ဖြစ်ပေါ်လာပါသည်။ တနိုင်းမြစ်သည် ဟူးကောင်းချိုင့်ဝှမ်းဒေသမှ တရွန် (Taron or Turong) မြစ်ဝှမ်းတွင် ထွက်လာပြီး၊ မတ်စောက်သော ရေလမ်းတွင် ကြမ်းတမ်းစွာ စီးဆင်းပါသည်။ ၎င်းနောက် ဤမြစ် ကိုပင် ချင်းတွင်းမြစ်အဖြစ် အမည်ပြောင်းလဲခေါ်ဝေါ်လာကြပြီး တောင်ဖက်သို့ စီးဆင်းပါသည်။ ဤမြစ်သည် ထံမသီ၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ ကလေးမြို့၊ မင်းကင်းနှင့် မုံရွာမြို့များကို ဖြတ်၍ စီးဆင်းပါသည်။ မန္တလေးမြို့အနီး၌ ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းပေါင်းဆုံသည်။
{highslide type="img" url="rivers/chindwin-burmese.gif" width=200 display=none}

ဥရုချောင်းသည် ချင်းတွင်းမြစ်၏ အကြီးဆုံးရေဝေမြစ်ဖြစ်ပြီး ဟုမ္မလင်းမြို့ အောက်ဖက်နားတွင် ချင်းတွင်းမြစ်သို့ စီးဝင်ပါ သည်။ မြန်မာနိုင်ငံ၏ နာမည်ကျော် ကျောက်စိမ်းတွင်းများသည်လည်း ဥရုချောင်းဖျားတွင် တည်ရှိနေကြပါသည်။
ချင်းတွင်းမြစ်ဝှမ်းဒေသ အတော်များများသည် တောင်တန်းများနှင့် တောနက်ကြီးများအကြား တည်ရှိနေပါသည်။ သွားလာ ရေးခက်ခဲသောကြောင့် မြစ်၏ နေရာအတော်များများကိုလည်း မစူးစမ်း၊ မလေ့လာနိုင်သေးဘဲ ရှိနေပါသည်။ ချင်းတွင်းမြစ် သည် လူအထိအတွေ့နည်းသေးသော ထမံသီဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောများကို ဖြတ်သန်းစီး ဆင်းနေပါသည်။ ဤကျားဘေးမဲ့တောသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်ပါသည်။ ထို့အပြင် အခြား သားရိုင်းတိရိစ္ဆာန်များဖြစ်ကြသည့် ရှားပါးပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ ကျားများ၊ ဆင်များ၊ မြန်မာ နိုင်ငံတွင်သာ ရှိသည့် အခွံမာလိပ်မျိုးများအတွက် ခိုလှုံနေထိုင်ရာဒေသတခုလည်း ဖြစ်ပါသည်။
သံလွင်မြစ်
သံလွင်မြစ်သည် ၎င်း၏ခရီးအစကို ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမဝန္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်သည်။ ဤမြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များ၊ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်များကို နိုင်ငံ၏ အရှေ့ဖက်မှ ဖြတ်သန်းစီးဆင်းလာပြီး မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်းသည်။ ၎င်းသည်တောင်ဖက်သို့ ဆက် လက်စီးဆင်းလာပြီး မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်ထဲ သို့ စီးဝင်သည်။ သံလွင်မြစ်၏ စုစုပေါင်းအရှည်သည် ၂,၈၀၀ ကီလိုမီတာကျော် ရှိသည်။ နိုင်ငံတကာကို ဖြတ်သန်းစီးဆင်း ခဲ့သည့် မြစ်တစင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် မဲခေါင်မြစ်ပြီးလျှင် ဒုတိယအရှည်လျားဆုံး ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှဒေသတွင် ဆည်တာတမံ ပိတ်ဆို့ခြင်းခံရခြင်း မရှိသေးဘဲ လွတ်လပ်စွာစီးဆင်းနေသည့် အရှည်ဆုံး မြစ် တစင်းလည်း ဖြစ်သည်။
{highslide type="img" url="rivers/salween-burmese.gif" width=200 display=none}

သံလွင်မြစ်ဝှမ်း လွင်ပြင်ဒေသသည် ဧရိယာ ၃၂၀,၀၀၀ ကီလိုမီတာအထိ ကျယ်ဝန်းပြီး၊ ရေဝေဒေသသည် တရုတ်နိုင်ငံ တွင် (၅၃%)၊ မြန်မာနိုင်ငံတွင် (၄၂%) နှင့် ထိုင်းနိုင်ငံတွင် (၅%) ရှိပါသည်။ ဟိမဝန္တာတောင်တန်းများမှသည် မုတ္တမ ပင်လယ်ကွေ့အထိ မြစ်ဝှမ်းဒေသတလျှောက်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အသက်မွေးဝမ်း ကြောင်းကိစ္စများအတွက်ရော၊ ယဉ်ကျေးမှုအတွက်ပါ အရေးပါသည့် မြစ်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လူမျိုးကွဲများ အများ ဆုံး စုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစင်းလည်း ဖြစ်ပါသည်။ သံလွင်မြစ်၏ မြစ်ဝှမ်းနှင့် မြစ်လက်တက်များ၏ ရေဝေ ဒေသများတွင် နေထိုင်ကြသူ တိုင်းရင်းသားလူမျိုး ၁၃ အုပ်စုရှိပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်ကြသည့် ရှမ်း၊ ၀၊ ကရင်နီ၊ ပအို့ဝ်၊ ပလောင်၊ မွန်၊ လားဟူ၊ ပဒေါင်၊ အခါ၊ လီဆူး လူမျိုးများ အပါအဝင် ဖြစ်ပါသည်။ အခြားတိုင်းရင်းသား အုပ်စုများသည်လည်း တရုတ်နိုင်ငံရှိ မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြပါသည်။ သံလွင်မြစ်သည် ခရီးရှည်ကြီးကို ဖြတ်သန်းချီတက်လာရသည့် အားလျော်စွာ ၎င်းဆုံတွေ့ခဲ့ရသည့် လူမျိုးများအလိုက် အမည်နာမကွဲ အမျိုးမျိုးလည်း ခေါ်ဝေါ်ခံခဲ့ရပါသည်။ သံလွင်မြစ်ကို နူဂျင်းမြစ် (Nu Jiang River) ဟု တရုတ်နိုင်ငံတွင် ခေါ်ဝေါ်ကြပြီး၊ ရှမ်းလူမျိုးများက နမ်ခေါင်ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံတွင် သံလွင်မြစ်ဟု ခေါ်ပြီး၊ ဤအသံထွက်ကိုပင် အင်္ဂလိပ်ဘာသာအားဖြင့် "ဆာလဝင်း" (Salween) ဟု ခေါ်ဆိုကြပါသည်။ ဤအမည်သည်ပင် ယခုတိုင် ကမ္ဘာက ခေါ်ဆိုနေကြသည့် အမည်ဖြစ်ပါ သည်။
မြစ်ဝှမ်းတလျှောက်တွင် လူဦးရေ အထူထပ်ဆုံးနေထိုင်ကြသည့် နေရာမှာ မြစ်ဝနေရာဖြစ်ပြီး မြစ်ကြောင်းမှ ပို့ချလာသည့် မြေဆီသြဇာများဖြင့် ကြွယ်ဝသည့် ဧကထောင်ချီရှိသည့် လယ်ယာမြေများကို အမှီပြုနေထိုင်ကြခြင်း ဖြစ်ပါသည်။ ဤဒေသ များတွင် လူအများက မိုးရာသီတွင် စပါးစိုက်ပျိုးကြပြီး၊ နွေရာသီများတွင် မြစ်ကမ်းပါး၌ ဥယျာဉ်များ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပါသည်။ ထို့အပြင် တနှစ်ပတ်လုံး ငါးဖမ်းလုပ်ငန်းဖြင့်လည်း အသက်မွေးကြပါသည်။
သံလွင်မြစ်ဝှမ်းဒေသသည် ဂေဟဗေဒစနစ်အရ၊ ယဉ်ကျေးမှုအရ မျိုးကွဲစုံလင်ကြွယ်ဝသည့် ဒေသဖြစ်ပါသည်။ သို့အတွက် ကြောင့် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာက အလေးပေးထိန်းသိမ်းစောင့်ရှောက် ရမည့်ဒေသတခုအဖြစ် သတ်မှတ်ထားပါသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းကို အပြိုင်သဖွယ် ဖြတ် ၍ စီးဆင်းနေသည့် ယန်ဇီး၊ မဲခေါင်၊ သံလွင်မြစ်များ အထက်ပိုင်းမှသည် အောက်ပိုင်းဖြတ်သန်းရာ ဒေသများကို ဤသို့ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ UNESCO အဖွဲ့၏ အဆိုအရ ဤဒေသများသည် ရာသီဥတုသမမျှတသည့် ဒေသဖြစ်ပြီး၊ မျိုးကွဲဇီဝသတ္တ အစုံလင်ဆုံးဒေသလည်း ဖြစ်ပါသည်။ အလားတူပင် ထိုင်းအစိုးရကလည်း သံလွင်မြစ်ကမ်းလျှောက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သစ်တောများကို အရေးပါသည့် နိုင်ငံတကာမုတ်သုန်တောစိမ်းများအဖြစ် ၂၀၀၀ ခုနှစ်က သတ်မှတ်ထား ခဲ့ပါသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် သံလွင်မြစ်ကမ်းပါးတွင် နေထိုင်ကြသည့်ပြည်သူများ၏ အဆိုအရ သံလွင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များတွင် ရွှေ့ပြောင်းမှီတင်းနေထိုင်ကြသည့် ငါးမျိုးစိတ်ပေါင်း တရာကျော်ရှိသည်ဟု ဆိုပါသည်။ ဤငါးများ သည် ထိုင်းလူမျိုးများအတွက်သာမက မြန်မာနိုင်ငံရှိ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသူ တိုင်းရင်း သားတို့အတွက်လည်း အရေးပါသည့် အစားအသောက်ရင်းမြစ်များ ဖြစ်ပါသည်။
ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်တလျှောက်ရှိ သစ်တောများသည်လည်း ပထဝီအရ၊ ဇီဝသဘောအရ နယ်ခြားသဖွယ် ဖြစ်နေစေပြီး မတူကွဲပြားသည့် မျိုးစိတ်များဖြင့် ကြွယ်ဝလှပါသည်။ အိန္ဒိယ-တရုတ် ဒေသငယ် (Indo-Chinese sub-region) သည် တရုတ်-ဟိမဝန္တာ (အိန္ဒိယ) ဒေသငယ် (Sino-Himalayan sub-region) နှင့် ဆုံတွေ့ရာနေရာလည်း ဖြစ်ပါ သည်။ သို့အတွက်ကြောင့် ဇီဝသတ္တမျိုးကွဲများ အမျိုးစုံကြွယ်ဝပြီး ဟိမဝန္တာတောင်တန်းနှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ တို့တွင် တွေ့ရှိရသည့် အပင်များ၊ တိရိစ္ဆာန်များကိုလည်း ဤဒေသတွင် အလားတူ တွေ့ရှိနိုင်ပါသည်။ အလားတူ အင်ဒို ချိုင်းနားဒေသတွင် တွေ့ရသည့် ဇီဝသတ္တမျိုးကွဲများကိုလည်း ဤဒေသတွင် တွေ့ရှိရပါသည်။
သံလွင်မြစ်ဝှမ်းဒေသသည် တောရိုင်းတိရိစ္ဆာန်များနှင့် ငါးမျိုးများသာ ကြွယ်ဝစုံလင်ခြင်း မဟုတ်ဘဲ၊ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ဖြတ်သန်းရာဒေသသည် ကမ္ဘာ၏ ကျွန်းသစ်အကြွယ်ဝဆုံး ဒေသအဖြစ်လည်း ဂေဟဗေဒပညာရှင်များက သတ် မှတ်ပြောဆိုကြပါသည်။ ဤဒေသရှိ ကျွန်းတောများမှာ မြစ်စီးဆင်းရာ ဒေသတလျှောက်တွင် ထူထဲစွာ ပေါက်ရောက်ကြပြီး အရှေ့တောင်အာရှ အခြားဒေသများရှိ ကျွန်းတောများနှင့်ပင် ခြားနာမှု ရှိပါသည်။ အခြားဒေသများတွင် ကျွန်းတောများ ပေါက်ရောက်ပုံမှာ ကျိုးကြဲနိုင်လှသည်ဟု ဆိုပါသည်။ မြစ်၏ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ဤကျွန်းတောများသည် တည် ဆောက်ရန် လျာထားသည့် တာဆန်းဆည် ကြောင့် ပျက်စီးဖွယ်ရှိနေပြီး၊ ရှမ်းပြည်နယ်အတွင်း နောက်ဆုံးကျန်ရှိတော့ သည့် သစ်တောနေရာများလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်နိမိတ်ရှိ သံလွင်မြစ်ဝှမ်းသည် သမိုင်းအရ အရေးပါသည့် ဒေသလည်း ဖြစ်သည်။ ကျောက် ဖြစ် ရုပ်ကြွင်း သမိုင်းပညာရှင်များက ဤဒေသတွင် သမိုင်းမတင်မီ ရုပ်ကြွင်းများ တွေ့ရှိရပြီး၊ အရှေ့တောင်အာရှဒေသတွင် လူစတင်ဖွံ့ဖြိုးသည့် မူလအထောက်အထားလည်း ဖြစ်သည်ဟု ဆိုကြသည်။ လူသိများသည့် ဤသို့ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထား အများဆုံးတွေ့ရှိရသည့်နေရာကို ဝိဉာဉ်ဂူ (Spirit Cave) ဟု ခေါ်ကြပြီး ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် ဒေသ တောင်တန်းများပေါ်တွင် တည်ရှိသည်။
ဧရာဝတီမြစ်
ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင်အစီအစဉ် (UN Environment Program) ၏ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှု စောင့် ကြည့်ရေး ဌာန (World Conservation Monitoring Centre) က ဧရာဝတီမြစ်ကို ၎င်း၏ ဇီဝသတ္တဝါ စုံလင်ထွေပြားခြင်း နှင့် အနာဂတ်ကာလတွင် ဖိစီးခြိမ်းခြောက်မှုခံရဖွယ် အကြောင်းများကြောင့် ကမ္ဘာပေါ်တွင် ဦးစားပေးထိန်းသိမ်းရမည့် မြစ်ဝှမ်း (၃ဝ) တွင် စာရင်း ထည့်သွင်းထားခဲ့ပါသည်။ သိရှိထားသော အချက်များအရ ဧရာဝတီမြစ်တွင် ငါးမျိုးစိတ်ပေါင်း (၇၉) မျိုး ခိုလှုံရာနေထိုင်ကြသည့်အပြင်၊ ၂ဝဝ၂ ခုနှစ် အထိလေ့လာချက်များအရ ဧရာဝတီမြစ်ဝှမ်း၌ လူအများ အသိ အမှတ်ပြုထားသော ငှက်စားကျက်နယ်မြေ (၄) ခုလည်း ရှိသည်။ မြစ်၏ ဇီဝသတ္တ စုံလင်ထွေပြားမှုအကြောင်းနှင့် ပတ်သက်၍ ကောင်းစွာလေ့လာထားသည်များလည်း မရှိသေးချေ။ မကြာသေးမီက တောင်ကျချောင်း ငါးခူမျိုးစိတ် သစ်များကို ထပ်မံတွေ့ရှိခဲ့ပြီး၊ ဧရာဝတီမြစ်ဆုံနှင့် သိပ်မဝေးလှသောနေရာများတွင် ၂ဝဝ၅ ခုနှစ်က တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ပဥ္စမမြောက် နုံးတင်မြေနှစ်များ အများဆုံးပို့ချပေးနိုင်သောမြစ်လည်း ဖြစ်သည်။
{highslide type="img" url="rivers/irrawaddy-burmese.gif" width=200 display=none}

မြေပုံကို ပုံကြီးချဲ့ကြည့်ရန်
{/highslide}
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားသည်။ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျှား (၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။
ဧရာဝတီမြစ်သည် ကချင်ပြည်နယ်ရှိ မလိခနှင့် အင်မိုင်ခ (မေခ) မြစ်များပေါင်းဆုံရာမှနေ၍ စတင်စီးဆင်းသည်။ ဤမြစ်ဖျား ခံရာ မြစ်နှစ်စင်းလုံးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့တောင်ပိုင်းဒေသမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အင်မိုင်ခမြစ် သည် ပူတာအိုမြောက်ဘက်ရှိ လင်ဂွေလာ ရေခဲတောင်ထွဋ် (Languela Glacier) မှာ စတင်ပေါ် ထွန်းသည်။ မြစ်ဆုံသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ မြောက်ဘက် (၂၈) မိုင် အကွာတွင် တည်ရှိသည်။ ဧရာဝတီအတွင်း စီးဝင်သည့် အဓိကရေဝေမြစ် ၃ ခုမှာ ချင်းတွင်း၊ ရွှေလီနှင့် မြစ်ငယ်မြစ်တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အလယ်ဗဟိုကို ဖြတ်သန်းစီးဆင်း လာရင်း တောင်ဖက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးအနီး၌ ဆုံကြသည်။ မြစ်သည် မြန်မာနိုင်ငံ ၏ ဗဟိုချက်မဒေသများနှင့် တိုင်းပြည်၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သော မန္တလေးမြို့ကို ဖြတ်သန်း စီးဆင်းသွားသည်။
မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုးတုန်းတော့မည် ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြ ပါသည်။ Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့ သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီ မြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့ပါသည်။ ယခုအချိန်တွင် ရရှိနိုင် သမျှသော အကောင်းဆုံးခန့်မှန်းထားသည့် ဧရာဝတီလင်းပိုင်ငါး အရေအတွက်မှာ ၅၉ ကောင်သာ ဖြစ်ပါသည်။
ဤလင်းပိုင်ငါးများသည် ၂ မီတာမှ ၂. ၇၅ မီတာအထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် အရောင်ရှိကြပါသည်။ ဤလင်းပိုင်ငါးများသည် လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ ဤအချက် မှာ လူနှင့် တိရိစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်ပါသည်။ ငါးများ ရွှေ့ပြောင်းသွားလာ မှု ပုံစံပြောင်းလာခြင်း၊ ရေ အရည်အသွေးကျဆင်းလာခြင်း၊ မြစ်ကြောင်းရေစီးများ ပြောင်းလဲခြင်းကြောင့် ၎င်းရေသတ္တဝါ များ အရေအတွက်လည်း ကျဆင်းလာနေပါသည်။ ဧရာ၀တီ/ အင္မိုင္ခ/ မလိခမြစ်များတွင် ဆည်များ တည်ဆောက်မည်ဆို ပါက မူလကတည်းက ရှားပါးမျိုးနွယ်ဝင်ဖြစ်နေသော ဧရာဝတီလင်းပိုင်ငါးများ ရှားပါးပျောက်ကွယ်စေရန် ခြိမ်းခြောက်မှုကြီး ဖြစ်နေစေပါတော့သည်။
မြစ်အကြေတွင် ဧရာဝတီမြစ်သည် မြစ်လက်တက် ၉ ခုဖြင့် အက်ဒမန်ပင်လယ်ထဲသို့ စီးဆင်းပေါင်းဝင်သွားသည်။
မြစ်အောက်ပိုင်းဖြစ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကျယ်ဝန်း၍ မြေဆီမြေနှစ်ပြည့်ဝသော မြေပြန့်လွင်ပြင်တခု ဖြစ်ပြီး၊ အလျား (၂၉ဝ) ကီလိုမီတာနှင့် အနံ (၂၄ဝ) ကီလိုမီတာ ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းသည် လမု ရွှံ့ညွံတောနှင့် ဒီရေရောက် မြစ်ဝဒေသဖြစ်ပြီး၊ ထိခိုက်လွယ်သော နူးညံ့သိမ်မွေ့သော ဂေဟစနစ်တခုလည်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် လူဦးရေ (၃) သန်းကျော်မှီတင်းနေထိုင်ရာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါးအထွက်၏ (၆ဝ) ရာခိုင် နှုန်းနီးပါးကို ဤဒေသကထုတ်လုပ် ဖြည့်ဆည်းပေးနေသည်။ သို့ဖြစ်စေကာမူ မြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူတို့သည် စစ်အစိုးရ၏ အခွန်အတုတ်ဖိစီးမှုနှင့် မြေယာပိုင်ဆိုင်ခွင့်မဲ့နေမှုတို့ကြောင့် ဆိုးရွားပြင်းထန်သော ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေကြရပါသည်။ ပုဂ္ဂလိကပိုင် ပုဇွန်မွေးလုပ်ငန်းများ စည်းကမ်းမဲ့လုပ်ကိုင်နေကြမှုနှင့် သစ်တောပြုန်းတီးမှုများကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီး ဆုံးရှုံးနေကြရပြီး၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund) က ဧရာဝတီ ရေချို ရွှံ့ညွံတောများရှိ ဂေဟစနစ်အတွင်း နေထိုင်နေကြသော တောရိုင်းတိရစ္ဆာန်များအဖို့ အနာဂတ်ရှင်သန် နိုင်ရေး သည် "အထူးစိုးရိမ်ဖွယ် အခြေအနေဆိုးရွားနေကြောင်း" ဖော်ပြခဲ့ပါသည်။
Ref: BurmaRiversNetwork