စာရေးသူတစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့အခြေအနေ (၅) ရပ်။
၁။ ဘာရေးရမှန်း မသိတာ
၂။ သိတယ်၊ မရေးချင်သေးတာ
၃။ သိတယ်၊ ရေးချင်တယ်၊ မအားတာ
၄။ သိတယ်၊ ရေးချင်တယ်၊ အားတယ်၊ အာရုံပြန့်နေတာ
၅။ သိတယ်၊ ရေးချင်တယ်၊ အားတယ်၊ အာရုံစူးစိုက်မှုရှိတယ်
(၅) အခြေအနေကတော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အဆိုးဆုံးက (၁) မဟုတ်ဘူး။ ဘာရေးရမှန်း မသိဘူးဆိုတာ အစီအစဉ် အချိတ်အဆက်နဲ့ ဥပမာပေးဖို့တွေ အိုင်ဒီယာ မထွက်တာ။ ပြဿနာမရှိဘူး။ ခဏနားလိုက်ရင် ထွက်လာလိမ့်မယ်။ ရှာဖွေလေ့လာလိုက်ရင် ထွက်လာလိမ့်မယ်။
အိုင်ဒီယာထွက်တယ်၊ မှတ်ထားပြီး နက်ဖြန်မှပဲ ရေးတော့မယ်ကွာ ဆိုတာလည်း ရှင်းတယ်၊ ဒါကြောင့် (၂) ကလည်းဘာပြဿနာမှမရှိဘူး။ (၃) ကလည်းပဲ "ဘယ်တတ်နိုင်မလဲ၊ အားမှမအားတာ" လို့ ဖြေလို့ရသေးတယ်။
အဆိုးတကာ့အဆိုးဆုံးကတော့ (၄) ပဲ။ အိုင်ဒီယာလည်းရှိပြီး အားနေရက်သားနဲ့ ရေးမရတာ။ တစ်ခြားကိစ္စတွေ ခေါင်းထဲ ဝင်နေလို့လည်း ဖြစ်နိုင်တယ်၊ ခေါင်းကိုက် ဇက်ကြောတက်၊ ကျန်းမာရေးကြောင့်လည်း ဖြစ်နိုင်တယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲ့ လေးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဇွတ်ရေးလိုက်ရင် ဟာကုန်ရော။
ကိုယ့်စာအုပ်တွေမှာ သတိထားကြည့်တဲ့သူ သိလိမ့်မယ်။ စာတစ်အုပ်ထဲမှာကိုပဲ တစ်ခန်းနဲ့တစ်ခန်း မတူဘူး။ တစ်ချို့အခန်းတွေ အရေအသား အချိတ်အဆက် ပြေပြစ်တယ်။ တစ်ချို့အခန်းတွေ ထောက်တောက်တောက် ဖြစ်နေတယ်။ တစ်ချို့အခန်းတွေ အရမ်းရှင်းတယ်။ တစ်ချို့အခန်းတွေ ပြန်ထပ်တာတွေ၊ ရောတာတွေ ပါနေတယ်။
အဲ့ဒါဘာကြောင့်လဲဆိုတော့ အထက်မှာ ပြောခဲ့တဲ့ အခြေအနေတွေ ကြောင့်ပါပဲလို့...

