Ruby Sparks(2012)

 


ကယ်လ်ဗင်ဟာ ထက်မြက်တဲ့ ၀တ္ထုရေးဆရာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ သူ့စံညွှန်းတွေနဲ့ကိုက်ညီတဲ့ ရူဘီ ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်း လက်နှိပ်စက်အဟောင်းနဲ့ ၀တ္ထုအသစ်ရေးဖြစ်ပါတယ်။ သူ့မျက်လုံး တွေကို မယုံနိုင်စရာကောင်းစွာပဲ နောက်တစ်နေ့မနက်မှာ ရူဘီဟာ တကယ့်လူအစစ် တစ်ယောက်အဖြစ် ရောက်ရှိလာတာကို တွေ့လိုက်ရတယ်။ သူတို့ လှပတဲ့ ဆက်ဆံရေး ပတ်သက်မှုတစ်ခု စတင်ခဲ့ကြပါတယ်။ သူတို့ဆက်ဆံရေး အဆင်မပြေတဲ့အခါတွေမှာ ကယ်လ်ဗင့်အနေနဲ့ စာရွက်ပေါ်မှာ စကားလုံးတစ်ချို့ ရိုက်နှိပ် လိုက်ရုံနဲ့ ရူဘီ့ဘက်က ပြောင်းလဲသွားပြီး သူလိုအပ်သလို ပြုပြင်နိုင်ခဲ့တဲ့စိတ်ဝင်စားစရာ ဇာတ်လမ်းလေး တပုဒ်ပါ.