ဇင်းမယ်မြို့ကချယ်ရီပန်းခင်း။ (ချယ်ရီပန်းပွင်ချိန် ဒီဇင်ဘာလ နင့် ဇန်နဝါရီလ အကြား) 

 ဇင်းမယ် (Chiang Mai) မြို့ဟာ ထိုင်းနိုင်ငံရဲ့ဒုတိယမြိုတော်ဖြစ်ပြီး သက်တမ်း ၇၀၀ ကျော်ရှိပြီဖြစ်တဲ့ မြို့ဟောင်းလေးပါ။ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာ တမူထူးခြားပြီး ပထဝီမြေအနေအထားလှပကာ ရာသီဥတုကောင်းမွန်သော လူသိများသောခရီသွားလုပ်ငန်းတွင်ကျယ်တော့မြို့လေးတမြို့ဖြစ်သည်။ ရာသီဥတု အစားအစာ ထုံးတမ်းစင်လာ စကားအပြောအဆိုများမှာ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုးများနှင့် ခပ်ဆင်ဆင် လေးပါ။ တောင်တန်းများဝိုင်းရံထားပြီး ပင်းမြစ် (Ping river )ကမြို့လယ်နီးပါးကိုဖြတ်သန်းထား ပါတယ်။ မန္တလေးမြို့လိုလေးထောင့်ကျုံးကြီးတခုရှိပါတယ်။ ခရီးသွားများအတွက် လည်ပတ်စရာ အများကြီး ရှိတဲ့မြို့လေးပါ။ ဘန်ကောက်မှလေယာဉ်ဖြင့် (၁) နာရီခန့်(တနေ့ကို ၃၀ flight) ဘတ်စကားဖြင့် (၁၀)နာရီခန့် ရထားဖြင့် (၁၅)နာရီခန့် ကိုယ်ပိုင်ကားဖြင့် ၈ နာရီလောက်မောင်းရပါတယ်။ ရန်ကုန်မှဇင်းမယ် မန္တလေးမှ ဇင်းမယ် သို့ Bangkok airway ရဲ့ flight လည်းရှိနေပါပြီ။ 

မယ့်စလောင်းတောင် (Mae Salong) တောင်လေးပေါ်မှာ ချယ်ရီပန်းတွေတစုကို စိုက်ပျိုးထားတော့ ဆောင်းရာသီရောက်ရင် လူတွေကတကူးတက ဝေးလံတဲ့ မယ်စလောင်းနောင်ကိုသွားပြီး ချယ်ရီပန်းလေး တွေကိုသွားကြည့်ကြရပါတယ်။ ဇင်းမယ်ကလမ်း တစ်လျှောက် တောင်တစ်လျှောက်မှာ ဆောင်းရာသီဆို တစ်တောလုံးပန်း ရောင်သန်းတဲ့ ချယ်ရီပင်များနဲ့လှပပြီး ထိုင်းလူမျိုူများရဲ့ မသွားမဖြစ်တဲ့ခရီးတခုဖြစ်လာပြီး နှစ်ကုန် ရုံးပိတ်ရက်များနဲ့လည်း တိုက်ဆိုင်ပြီး အေးမျှတဲ့ ရာသီလေးတွေကို လာခံစားကြရင်း ဇင်းမယ်မြို့နဲ့ ဋင်းမယ်အနီးတဝိုက် ချယ်ရီနော တွေတီရောက်လာကြပါတော့တယ်။ ၁၄ ရက်လောက်သာပွင့်တဲ့ပန်းကို လာကြည့်တဲ့သူတွေရဲ့ ဖြုန်းအား ငွေပမာဏဟာမသေးဘူးနော့်။ ခွန်ဝမ်းဆိုတဲ့နေရာလေးဟာ ဇင်းမယ်မြို့မှ တနာရီခွဲလောက်ခရီးတွက်ရပြီး ဇင်းမယ်-တွဲအင်းထနွန်းတောင် (Chiang Mai -Doi Inthanon) လမ်းမပေါ်မှာတည်ရှိတဲ့ ဘုရင်စိုက်ပျိုးရေးခြံလေးပါ။ တောင်ပတ်လမ်း အကွေ့အကောက်တွေကို ကျော်ဖြတ်ပြီးသွားရမှာပါ။ ကားမူးတတ်သူများဆေးရှာသွားပါ။ ကားငှားပြီး မောင်းသွားမည့်သူများ ခပ်ဖြေးဖြေးမောင်းပါ။ လမ်းကျဉ်းပြီးတဖက်ကချောက်ကမ်းပါး တဖက်ကတောင်နံရံ အကွေ့အကောက်များတာမို့ သတိထားမောင်းဖို့တော့လိုပါတယ်။ အကွေ့တွေမှာ တဖက်ကကားသိအောင် ဟွန်းသံပေးပါ။ တနာရီခွဲလောက်မောင်းရင် ခွန်ဝမ်းကိုရောက်လာပါလိုက်မယ် လမ်းတလျောက် ထင်းရူးပင် မြန်မာပြည်ကစစ်ဘေးရှောင်ကရင်လူမျိုးရွာများ အအေးပိုင်းပန်းစိုက်ခင်းများ ကော်ဖီခြံများကိုတွေ့ကြရမှာပါ ရူခင်းလှလှလေူတွေအများကြီးပါ။

ခွန်ဝမ်းရောက်ရင် အအေးပိုင်းပန်းမျိုးစုံကိုလှလှပပစိုက်ထားတာကိုတွေ့ကြရမှာပါ၊ ကားရပ်ဖို့ ညအိပ် Tent ခင်းဖို့ နေရာလေးတွေ တတ်မှတ်ပေးထားပါသေးတယ်။ စစဝင်ခြင်းချယ်ရီပန်းတပြုံကြီးကိုတွေ့ကြရမှာပါ။ တဝကြီးဓာတ်ပုံရိုတ်လို့ရပါတယ်။ အဲ့ဒီမှာရိုတ်ပြီးလှည့်မပြန်ပါနဲ့အုံး သူရဲ့ hilight က မီတာ ၅၀၀ လောက်ထပ်လျောက်ရင်လမ်းနစ်ဘေးတလျောက်အပြည့်ချယ်ရီပန်းပင်များ စိုက်ထားပြီး ချယ်ရီပန်း ဥမင်လို မြင်တွေရမှာပါ စောစောရောက်ရင် လူနည်းပြီး နောက်ကျရောက်ရင် လူများပါလိုက်မယ်။ ရိုးရိုးရက်တွေထက် ရုံးပိတ်ရက်ကလူပိုများပါတယ်။ ကော်ဖီဆိုင် ရွာက ကရင်တွေလာရာင်းမဲ့ ပန်း သစ်သီး ကန်စွန်းဥဖုတ်တွေ ပေါင်းဖူးပြုတ်တွေကိုလည်းတွေကြရမှာပါ။ ချယ်ရီးပန်းအပင်တခြားပန်းတွေလည်းအများကြီးပါ။ နေ့ဝက် လောက် အေးအေးဆေးဆေးအချိန်ပေးပြီးမှ တွဲအင်းထနွန်းတောင် (Doi Inthanon) ပေါ်တက်ပြီး ထောင်ထိပ်က ဘုရင်နဲ့ဘုရင်မ စေတီတော်၊ မြူနင်းကော်ဇောများဖုံးနေတဲ့ ဇင်းမယ်မြို့ကို အပေါ်စီးက နေမြင်ရသလို လှပတဲ့ရေတံခွန်ကြီးနစ်ခု သဘာတောလျောက်လမ်းနစ်ခု များကိုလည်းသွားရောက် လည်ပတ် နိုင်ပါသေးတယ်။ တရက်လုံးဆိုအားလုံးစုံပါတယ်။ ဇင်းမယ်ရာက်ရင်သွားဖို့မမေ့ကြနဲ့နော်။ အနွေးထည် လက်အိတ်များ ဆောင်သွားကြပါ တောင်ပေါ် ရာသီဥတုအတော်အေးပါတယ် ၄ ဒီကရီ နဲ့ ၁၅ ဒီကရီအကြား (ဆောင်တွင်း)။